ချစ်သူကိုချစ်သလို မိဘတွေကိုလည်းချစ်ကြောင်း ဖော်ထုတ်ပြသပါ

ချစ်သူကိုချစ်သလို မိဘတွေကိုလည်းချစ်ကြောင်း ဖော်ထုတ်ပြသပါ

ကလေးတွေက ကြီးလာရင် မိဘတွေနဲ့ အနေစိမ်းသွားတာ သဘာဝပါပဲ။ တစ်နေ့အရွယ်ရောက်လာလို့ အချစ်တွေဘာတွေတွေ့ပြီး ကိုယ့်ဘဝလမ်းကို ကိုယ်လျှောက်တဲ့အခါ မိဘတွေကို မေ့သွားတတ်ကြတယ်။ ဒါဟာအင်မတန်စိတ်ဝမ်းနည်းစရာအဖြစ်ပါပဲ။ စာရေးသူတို့ရဲ့အဓိကပြဿနာက ကိုယ်ချစ်တယ်ဆိုတာကို မထုတ်ပြတတ်တာပါ။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံမှာကြီးပြင်းလာတဲ့အလျှောက် မိဘနဲ့သားသမီးကြားမှာရှိတဲ့ နွေးထွေးမှုက ထင်သာမြင်သာမရှိပါဘူး။ အမေကိုတစ်နေ့မှာတစ်ခါလောက်နမ်းတာကိုတောင် မြင်ရဖို့ခပ်ရှားရှားပါ။ ဒီတော့ ကိုယ့်မိဘတွေကို ကိုယ်ကချစ်ပါတယ်ဆိုတာကို သူတို့သိအောင်

နေ့တိုင်းသူတို့ကိုအချိန်ပေးပါ
ဒီနေ့ခေတ်ကလေးတွေက အလုပ်တွေရှုပ်လို့ ၊ ကျောင်းတွေတက်ရလို့ ၊ Facebook တွေသုံးနေရလို့ မအားမလပ်ကြတာကို သိပါတယ်။ ဒါပေမယ့် အနည်းဆုံး တစ်နေ့မှာတစ်နာရီလောက်တဲ့ အဖေတို့ ၊ အမေတို့နဲ့ စကားပြောပါ။ သူတို့ကိုအချိန်ပေးပါ။ သူတို့နဲ့အလ္လာပသလ္လာပတွေ ပြောပါ။ မိဘတွေကသူတို့သားသမီးတွေ တစ်နေ့တစ်နေ့ဘာတွေလုပ်ခဲ့တယ် ၊ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို သိချင်ကြပါတယ်။ အဲဒီလိုသားသမီးနဲ့ စကားတွေတဝကြီးပြောရတာက သူတို့ကိုစိတ်ချမ်းသာစေပါတယ်။

သူတို့နဲ့တိုင်ပင်ဆွေးနွေးပါ
ကိုယ့်ဘဝရဲ့အရေးကြီးတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လာရင် သူတို့နဲ့တိုင်ပင်ဆွေးနွေးလိုက်ပါ။ ဒီလိုသူတို့ကို ပြောပြပြီးတိုင်ပင်တာက သူတို့ကိုဘယ်လိုခံစားရစေလဲဆိုတော့ “အော် ငါ့ကလေးလေးက ငါ့အကြံပေးချက်ကို အလေးထားတာပဲ ၊ သူ့အတွက် ငါ့ရဲ့စကားကအရေးပါပဲ” ဆိုတဲ့ခံစားချက်မျိုးတွေ ခံစားရစေတယ်။ ဒါကြောင့်သူတို့တွေက ကိုယ့်ဘဝမှာအရေးပါပါလားဆိုပြီး စိတ်ပျော်ရွှင်ရပါတယ်။

လက်ဆောင်လေးတွေဝယ်ပေးပါ
ကိုယ်ကမိဘတွေကိုချစ်တယ်ဆိုတာကို ဖော်ပြလို့အကောင်းဆုံးသောနည်းလမ်းက လက်ဆောင်လေးတွေ ဝယ်ပေးတာပါပဲ။ ဖြစ်နိုင်ရင် ကိုယ့်အဖေ ၊ အမေ ဘာကြိုက်တတ်တယ်ဆိုတာကို မှတ်သားထားပါ။ ဒီလိုဆို သူတို့အကြိုက်လေးတွေ ဝယ်ပေးလို့ရတာပေါ့။ အဲဒီလိုသာလုပ်ပေးမယ်ဆိုရင် သူတို့အကြိုက်ကိုသိတယ်ဆိုပြီး အရမ်းကိုပျော်သွားကြမှာပါ။ ပြီးတော့ဘယ်မိဘမှ သားသမီးဆီက လက်ဆောင်ရတာကို မကြိုက်ဘူးဆိုတာ ရှိလို့လားလို့။

အတူတူအပြင်သွားပါ
ကိုယ့်မိဘတွေက ခေတ်ဟောင်းမှာကြီးပြင်းလာခဲ့တဲ့သူတွေမို့ ဒီခေတ်ကြီးအကြောင်းကို သိပ်သိတာ မဟုတ်ပါဘူး။ ဒါကြောင့်သူတို့တွေက တစ်ခါတစ်လေမှာ လောကကြီးနဲ့ အဆက်အသွယ်ပြတ်နေတယ်လို့ ခံစားနေတတ်ကြတယ်။ အဲဒီလိုနဲ့ပဲ အထီးကျန်နေတတ်ကြတယ်။ ဒါကြောင့်သူတို့ကို အပြင်ခေါ်သွားပြီး မရောက်ဖူးတဲ့နေရာတွေကိုလိုက်ပို့ဖို့ ၊ မစားဘူးတာတွေလိုက်ကျွေးဖို့က သားသမီးဖြစ်တဲ့ ကိုယ်တွေရဲ့တာဝန်ဖြစ်ပါတယ်။ သူတို့ကိုဘယ်တော့မှ အထီးကျန်အောင်မထားပါနဲ့။ သူတို့ကမှကိုယ့်ကိုတစ်သက်လုံးအဖော်ပြုလာခဲ့တဲ့သူတွေဖြစ်နေလို့ပါ။

ဒါတွေကိုလုပ်ပြီးသူတို့ကိုချစ်တယ်ဆိုတာကို သက်သေပြလိုက်ပါ။ သူတို့ရဲ့ကလေးက သူတို့ကိုပစ်ထားတာ မဟုတ်ဘူး ၊ သူတို့ကိုမချစ်တော့တာ မဟုတ်ဘူး ၊ ချစ်သူနောက်လည်းကောက်ကောက်ပါအောင် လိုက်သွားတာမဟုတ်ဘူး ၊ သားသမီးတစ်ယောက်အနေနဲ့ သူတို့ကိုချစ်သေးတယ်ဆိုတာကို သက်သေပြလိုက်ကြပါလို့ ဒီဆောင်းပါးလေးကတစ်ဆင့် ပြောလိုက်ပါတယ်။

Piki (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ