ပိုင်ဆိုင်မှု တစ်ဝက်ကို လှူဒါန်းတော့မယ့် MacKenzie Bezos

ပိုင်ဆိုင်မှု တစ်ဝက်ကို လှူဒါန်းတော့မယ့် MacKenzie Bezos

၂ဝ၁၉ခုနှစ် မေလ (၂၈) ရက်နေ့မှာ တစ်ကမ္ဘာလုံး သာဓုခေါ်ရတဲ့ သတင်းတစ်ပုဒ်ရှိခဲ့ပါတယ်။ MacKenzie Bezos ဟာ ပိုင်ဆိုင်မှု တစ်ဝက်ကို  (၅ဝ ရာခိုင်နှုန်း) The Giving Pledge အဖွဲ့ ဆီမှာ လှူဒါန်းတော့မယ်လို့ ကြေညာလိုက်တဲ့ သတင်းပါပဲ။ အသားတင်ကြွယ်ဝမှု ဒေါ်လာ ၃၅.၆ ဘီလီယံအထိရှိတဲ့ သူမဟာ ပိုင်ဆိုင်မှုတစ်ဝက်ကို လှူဒါန်းမှာဆိုတော့ ဒေါ်လာ ၁၇.၈ ဘီလီယံအထိ လှူဒါန်းမယ်လို့ ဆိုနိုင်ပါတယ်။

MacKenzie Bezos လို့ပြောလိုက်ရင် ချက်ချင်းမသိနိုင်ပေမယ့် ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး Jeff Bezos ရဲ့ ဇနီးဟောင်းလို့ ပြောလိုက်ရင်တော့ ပိုသိမယ်ထင်ပါတယ်။ သူတို့နှစ်ယောက်ဟာ ၁၉၉၃ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ၂ဝ၁၉ခုနှစ် ဧပြီလ (၄) ရက်နေ့မှာ ကွာရှင်းခဲ့ပါတယ်။ သူမဟာ Amazon ကုမ္ပဏီရဲ့ ရှယ်ယာ (၄) ရာခိုင်နှုန်းကို ရရှိခဲ့ပြီး ကာလပေါက်ဈေးနဲ့ တွက်ချက်လိုက်ရင် ဒေါ်လာ ၃၅.၆ ဘီလီယံအထိကို ရှိခဲ့တာပါ။ ဒါ့ကြောင့် သူမဟာ Francoise Bettencourt Meyers (ဒေါ်လာ ၅၂.၉ ဘီလီယံ) နဲ့ Alice Walton (ဒေါ်လာ ၄၅ ဘီလီယံ) နဲ့ Jacqueline Badger Mars (ဒေါ်လာ ၃၇ ဘီလီယံ) ပြီးရင်ကမ္ဘာ့စတုတ္ထအချမ်းသာဆုံးအမျိုးသမီးဖြစ်လာခဲ့ပါတယ်။

The Giving Pledge ဆိုတာ လူကုံထံတွေအနေနဲ့ ပိုင်ဆိုင်မှုအများစုကို ပရဟိတလုပ်ငန်းတွေမှာ လှူဒါန်းဖို့ တွန်းအားပေးတဲ့ အဖွဲ့အစည်းလို့ဆိုရမှာပါ။ သူဌေးကြီး Bill Gates နဲ့ Warren Buffett တို့က ၂ဝ၁ဝခုနှစ်မှာ တည်ထောင်ခဲ့ပြီး လက်ရှိအချိန်မှာ ပိုင်ဆိုင်မှုတွေကို ပရဟိတလုပ်ငန်းတွေမှာ လှူဒါန်းဖို့ ကတိပြုထားတဲ့ လူကုံထံ ၂ဝ၄ ဦးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ MacKenzie Bezos ရဲ့ လှူဒါန်းမှုအတွက် ခင်ပွန်းဟောင်း Jeff Bezos ကဝမ်းမြောက်ကြောင်း လူမှုကွန်ရက်မှာ ရေးသားခဲ့ပါသေးတယ်။

Reference and Photo Credit – Forbes ၊ BBC

Kyaw Soe Aung (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle