နှုတ်ခမ်းနီလေးတွေ တာရှည်ခံစေဖို့ ဒီလို လှည့်ကွက်လေးတွေ သုံးပြီးဆိုးကြမယ်

နှုတ်ခမ်းနီလေးတွေ တာရှည်ခံစေဖို့ ဒီလို လှည့်ကွက်လေးတွေ သုံးပြီးဆိုးကြမယ်

မိန်းကလေးတွေဟာ လှချင်ပချင်လို့ နှုတ်ခမ်းနီတွေဆိုးပြီး အပြင်တွေထွက်ပေမယ့် ဆိုးထားတဲ့ နှုတ်ခမ်းနီအရောင် သိပ်မခံတဲ့အတွက် ပြန်ပြန်ဆိုးရတာနဲ့ အလုပ်တွေရှုပ်ကြရပါတယ်။ အဲဒီလို ပြန်ပြန်ဆိုးရတဲ့ ဒုက္ခကနေကင်းအောင် နှုတ်ခမ်းနီကို ဘယ်လိုကြာရှည်ခံအောင် ဆိုးရမလဲဆိုပြီး ရှာဖွေစူးစမ်းကြည့်လိုက်တဲ့အခါ နည်းလမ်းတချို့ကို ရှာဖွေတွေ့ရှိလို့ အခရာပရိသတ်ကြီးလည်း သိစေဖို့ မျှဝေပေးချင်ပါတယ်။

မှန်ကန်တဲ့ Formula နဲ့ လုပ်ထားတာကို ရွေးချယ်ဝယ်ယူပါ
နှုတ်ခမ်းနီမဝယ်ခင် အရင်လက်မှာ စမ်းဆိုးကြည့်ပါ။ လက်မှာစမ်းဆိုးပြီးရင် ခြောက်သွားတဲ့အထိ ထားပေးပါ။ လက်မှာစမ်းထားတဲ့ နှုတ်ခမ်းနီကို Alcohol-based Toner နဲ့ တို့ကြည့်ပါ။ တို့ပြီးနောက် မှိန်သွားလား မမှိန်သွားလားကို လက်နဲ့ ပွတ်ကြည့်ပါ။ Alcohol-based Toner မရှိရင် Lotion နဲ့လည်း အထက်ကနည်းအတိုင်း စမ်းကြည့်လို့ ရပါတယ်။ မမှိန်သွားရင် ဒီနှုတ်ခမ်းနီကို စိတ်ချလက်ချ ဝယ်ယူလို့ ရပါတယ်။ ဘာကြောင့်လဲဆိုတော့ မှန်ကန်တဲ့ Formula နဲ့လုပ်ထားတဲ့ နှုတ်ခမ်းနီ ဖြစ်တဲ့အတွက် အရောင်တာရှည်မခံမှာကို ပူစရာမလိုတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

အသားပပ်နေရင်နှုတ်ခမ်းနီမဆိုးပါနဲ့
အသားပပ်နေတဲ့ နှုတ်ခမ်းပေါ်ကို Matte Lipstick တွေ မဆိုးတာ အကောင်းဆုံးပါပဲ။ ဘာကြောင့်လဲဆိုတော့ Matte Lipstick ကို ဆိုးလိုက်ရင် နှုတ်ခမ်းက ကြမ်းကြမ်းကြီး ဖြစ်သွားတဲ့ အတွက်ကြောင့်ပါ။ အဲ့ဒီလို မဖြစ်ချင်ရင် Lip Balm ကို အရင်ဆိုးပါ။ ဘာမှမခံဘဲ ဆိုးလိုက်ရင် အသားပပ်နေတဲ့ အဖက်ဖက်လေးတွေဟာ ကွာကြသွားနိုင်ပါတယ်။ ကွာကျသွားရင် နှုတ်ခမ်းနီပါ တစ်ခါတည်းပါသွားနိုင်လို့ တာရှည်ခံဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့်မို့ အသားမပက်အောင် နှုတ်ခမ်းကို အရင်ဆုံး ရေဓာတ်ပြည့်အောင်လုပ်ထားပြီး နှုတ်ခမ်းအားဖြည့်ဆီ တစ်ခုခု လိမ်းထားပါ။ ဒါမှ နှုတ်ခမ်းနီဆိုးရင် တာရှည်ခံအောင် ဆိုးလို့ ရမှာပါ။

Lip Liner သုံးပါ
Lip Liner ဟာ နှုတ်ခမ်းကို ပုံပေါ်အောင် ဘောင်ခတ်ပြီး ဆိုးလို့ရအောင် ထုတ်ထားတဲ့ ကုန်ပစ္စည်းဖြစ်ပါတယ်။ ဒီ Lip Liner တွေမှာ ဖျက်ရခက်တဲ့ ရောင်ခြယ်တွေအများကြီးပါဝင်ပြီး Matte အမျိုးအစား နှုတ်ခမ်းနီမှာ လုပ်ထားတဲ့ Formula ထက်ကို ပိုကောင်းတဲ့ Formula နဲ့ လုပ်ထားတဲ့အတွက် သူ့အပေါ်ကနေ ဆိုးလိုက်တဲ့ နှုတ်ခမ်းနီကို ပိုကြာကြာခံစေပါတယ်။ ဒါကြောင့်မို့ နှုတ်ခမ်းနီကြာရှည်ခံချင်ရင် Lip Liner ကွပ်ပြီးမှ နှုတ်ခမ်းနီဆိုးပါ။

အလွှာလိုက်ဆိုးပါ
ပထမဆုံး နှုတ်ခမ်းနီ အရင်ဆိုးပါ။ ဆိုးထားတဲ့ နှုတ်ခမ်းနီကို လက်ချောင်းလေးနဲ့ပုတ်ပြီး အရောင်တွေကို ဖြန့်လိုက်ပါ။ ဖြန့်ပြီးသွားရင် နှုတ်ခမ်းနီကို နောက်တစ်လွှာ ထပ်ဆိုးပေးပါ။ နောက်တစ်လွှာဆိုးပြီးရင်တော့ တစ်ရှုးနဲ့ နှုတ်ခမ်းကို ပြန်သုတ်လိုက်ပါ။ တစ်ရှုးနဲ့ ပြန်သုတ်တဲ့အခါ တစ်ရှုးပေါ်မှာ ပေါင်ဒါမှုန့်တချို့ ထည်ြ့ပီး သုတ်ပါ။ အဲ့ဒီနောက်မှာတော့ နောက်ဆုံးအဆင့်အနေနဲ့ နှုတ်ခမ်းနီကို တစ်ခေါက်ထပ်ဆိုးပေးပါ။ အဲ့ဒီနောက်မှာတော့ Lip Gloss လေးထပ်လိုက်ရင် ကြာရှည်ခံပြီး လှပတဲ့ နှုတ်ခမ်းဖူးဖူးလေးကို ရရှိပိုင်ဆိုင်လာပါလိမ့်မယ်။

မှန်ကန်အောင်စားပါ
အဆီတွေက နှုတ်ခမ်းနီတွေကိုသာမက မိတ်ကပ်တွေကိုပါ ပျက်စေနိုင်ပါတယ်။ ဒါကြောင့်မို့ စားတဲ့အခါမှာ သတိထားပြီး စားကာ ဆီများတဲ့အစားအစာတွေကို ရှောင်ရှားပြီး စားဖို့ကလည်း အရေးကြီးပါတယ်။ ဒိတ်ပြီး ညစာစားတဲ့အခါမျိုးနဲ့ အရေးကြီးတဲ့ အစည်းအဝေးတွေ သွားတဲ့အခါ အစားအစာကို သတိထားပြီး ရွေးသင့်သလို ဆီများတဲ့ အစားအစာတွေကိုလည်း မရွေးချယ်သင့်ပါဘူး။ စားရင်လည်း လောဘတကြီးစားမယ့်အစား နည်းနည်းချင်းစီပဲ စားပါ။

အထက်က နည်းလမ်းတွေ အကုန်လုံး စမ်းပြီးလို့မှ နှုတ်ခမ်းနီမစွဲသေးရင် ထပ်ခါထပ်ခါ ပြန်ပြန်ပြီး ဆိုးတဲ့ နည်းကိုသာ သုံးပေးလိုက်ပါတော့။ ဒီနည်းလမ်းတွေအပြင် တခြား တာရှည်ခံအောင် ဆိုးလို့ရမယ့်နည်းလမ်းတွေ လှည့်ကွက်တွေကို သိထားရင်လည်း ပြန်လည်မျှဝေပေးခဲ့ဖို့ မမေ့ပါနဲ့ဦးနော်။

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle