Mango Group သည် ရန်ကုန်မြို့ ရုံးချုပ်သစ်သို့ ပြောင်းရွှေ့ကာ လုပ်ငန်းကြီးထွားမှုအား အရှိန်အဟုန်မြှင့်တင်

Mango Group သည် ရန်ကုန်မြို့ ရုံးချုပ်သစ်သို့ ပြောင်းရွှေ့ကာ လုပ်ငန်းကြီးထွားမှုအား အရှိန်အဟုန်မြှင့်တင်

မြန်မာနိုင်ငံ၏ ယုံကြည်စိတ်အချရဆုံး နှင့် သက်တမ်းအကြာရှည်ဆုံး Integrated Marketing agency (ဈေးကွက်ရှာဖွေရေးနှင့် ကြော်ငြာလုပ်ငန်းများကို မီဒီယာလမ်းကြောင်း မျိုးစုံအသုံးပြု၍ အဖက်ဖက်မှ ဝန်ဆောင်မှုပေးလျက်ရှိသော အေဂျင်စီ) ဖြစ်သည့် Mango Group သည် ရန်ကုန်မြို့၏      အချက်အချာကျသော နေရာသစ်သို့ရုံခန်းပြောင်းရွှေ့ဖွင့်လှစ်လိုက်ပြီး အဆိုပါရုံးချုပ်သစ်တွင် ကုမ္ပဏီ၏ ဌာနခွဲ ၆ ခု အား တစ်စုတစ်ဝေးတည်း နေရာချထားပေးပြီးဖြစ်သည်။ ကြော်ငြာလုပ်ငန်းဈေးကွက်တွင် ၁၅ နှစ်  ကျော် လုပ်ကိုင်ဆောင်ရွက် လျက်ရှိသည့် Mango Groupသည် ပွင့်လင်းမြင်သာမှုရှိပြီး ပညာရှင်ဆန်သော ထိရောက်သည့် ဆက်သွယ်ရေးလုပ်ငန်းများ ဖန်တီးနိုင်ရန် အပိုဆောင်းဝန်ဆောင်မှုများများစွာကိုလည်း  ပေးစွမ်းလျက် ရှိသည်။

ရုံးချုပ်အသစ်သည် ဝန်ထမ်းပေါင်း ၂၃၀ ကျော်အပြင် Mango Group ၏ ဌာနခွဲများအတွက် အသစ်ထပ်မံ ခန့်အပ်သွားရန်ရှိသော ဝန်ထမ်းများကိုပါ အဆင်ပြေစွာ နေရာချထားပေးနိုင်မည်ဖြစ်သည့်အတွက် ကြီးထွားလာသော Mango Group အား ကောင်းမွန်စွာ ထောက်ပံ့ပေးသွားနိုင်မည် ဖြစ်ပြီး ဆန်းသစ်သည့် campaign နည်းဗျူဟာများ၊ အကြံဉာဏ်များကို ချပြလုပ်ဆောင်သွားနိုင်မည့်အပြင် အပိုဆောင်းဝန်ဆောင်မှု များကိုလည်း ဈေးနှုန်းသင့်တင်စွာဖြင့် ပေးအပ်သွားနိုင်မည်ဖြစ်သည်။

“ကျွန်မတို့ Mango Group က လူသုံးကုန်ပစ္စည်းတွေ ထုတ်လုပ်ဖြန့်ဖြူးရောင်းချတဲ့ ကုမ္ပဏီ (FMCG)၊ ဆက်သွယ်ရေး (telecommunications)၊ မိုဘိုင်းလ်ဖုန်း (Mobile) ၊ လေကြောင်းလိုင်း (Airlines)၊ ဆေးဝါး (Pharmaceuticals)၊ အဖျော်ယမကာ (Beverages) နဲ့ တခြားကဏ္ဍက လုပ်ငန်းရှင်တွေအားလုံးအတွက် ကျယ်ပြန့်တဲ့ဝန်ဆောင်မှုအသီးသီးကို ပေးစွမ်းလျက်ရှိပါတယ်။  ကျွန်မတို့ရဲ့ စိတ်အားထက်သန်မှုအပြည့်ရှိတဲ့ ဝန်ထမ်းအားလုံးဟာ လုပ်ငန်းရှင်တွေရဲ့ အမှတ်တံဆိပ်တွေကို ဈေးကွက်ထဲမှာ လူအများသိရှိနှစ်ခြိုက် လာစေနိုင်မယ့် campaign တွေကိုစဉ်းစား လုပ်ဆောင်ပေးနေတဲ့အပြင် မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်တဲ့ ပြည်သူလူထုကို ပြန်လည်အကျိုးများစေမယ့် ဖွံ့ဖြိုးတိုးတက်မှုတွေကိုပါ ချမှတ်ပေးသွားနိုင်အောင် သေချာစီမံဆောင်ရွက်ပေးပါတယ်။ ကျွန်မတို့ရဲ့ ဒေသတွင်း၊ ဈေးကွက်တွင်းက အမူအကျင့်၊ အလေ့အထတွေကို လေ့လာသိရှိမှုတွေနဲ့ ကျွမ်းကျင်မှုတွေကို အခြေခံပြီး မြန်မာ့ယဉ်ကျေးမှု၊ သုံးစွဲသူတွေရဲ့အကျင့်ဓလေ့တွေနဲ့ ကိုက်ညီစေဖို့ အဓိကထားပြီး လုပ်ငန်းရှင်တွေအတွက် အကြံပေးလေ့ရှိပါတယ်။ အခုအချိန်မှာ ဌာန ၆ ခု လုံးဟာ တစ်နေရာထဲမှာအတူရှိနေပြီဆိုတော့ ချောမွေ့မြန်ဆန်တဲ့လုပ်ငန်းလုပ်ဆောင်မှု ပတ်ဝန်းကျင်ကို ဖန်တီးသွားနိုင်ဖို့အတွက် ရည်ရွယ်ထားပြီး ဝန်ထမ်းတွေအားလုံးရဲ့ စိတ်ထဲမှာလည်းမြန်မာတွေရဲ့ အကောင်းဆုံးခွန်အား၊ အင်အားတွေကို ဖြည်းဖြည်းချင်း ထည့်သွင်းပေးသွားနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု Mango Advertising ၏ Managing Director ဖြစ်ရုံသာမက Mango Group ၏Founder တစ်ဦးလည်း ဖြစ်သူ ဒေါ်လင်းလင်းတင်ထွန်းက ပြောကြားခဲ့သည်။

Mango Group အား ၂၀၀၄ ခုနှစ်တွင်  ဒေါ် အေးနှင်းဆွေ (Rose) နှင့် ဒေါ်လင်းလင်းတင်ထွန်းတို့က စတင် တည်ထောင်ခဲ့ပြီး ရိုးရှင်းသေးငယ်သော်လည်း ရည်မှန်းချက်ကြီးမားသည့် အခြားသောကုမ္ပဏီများနည်းတူ Mango Group ၏ ခရီးအစမှာလည်း ခက်ခဲကြမ်းတမ်းခဲ့သည်။ ယခုအချိန်တွင် ဌာနခွဲ ၆ ခု အထိ ရှိလာပြီ ဖြစ်ကာ အကောင်းဆုံး ဈေးကွက် ဖော်ဆောင်ရေး campaign များကို လုပ်ဆောင်ပေးနေသော Mango Marketing၊ တီထွင်ဆန်းသစ်မှုရှိသော အများနှင့်မတူသည့် ကြော်ငြာထည့်သွင်းမှုများကို အသင့်တော်ဆုံး ဈေးနှုန်းများနှင့် ပြုလုပ်ပေးနေသည့် Mango Media၊ လုပ်ငန်းရှင်များအတွက် စိတ်ဝင်စားစရာကောင်းပြီး လူထုကြားထိုးဖောက်ဝင်ရောက်နိုင်သည့် သတင်းအချက်အလက်များ ကို ဖန်းတီးပုံဖော်ပေးနေသည့် Mangosteen PR၊ Mango အဖွဲ့အစည်းတစ်ခုလုံးသာမက လုပ်ငန်းရှင်များအတွက် ပလက်ဖောင်းမျိုးစုံ အသုံးပြု၍ တီထွင်ဆန်းသစ်မှုပြည့်ဝသော 360-degree ဒစ်ဂျစ်တယ်လုပ်ဆောင်ချက်များအား  ပေးစွမ်းနေသည့် Wave Digital တို့အပြင် integrated marketing လုပ်ဆောင်ချက်များကိုထပ်မံအားဖြည့်ပေးနိုင်သည့် M eXtra နှင့် Passion Points တို့နှင့် ဝန်ဆောင်မှုများပေးလျက်ရှိခြင်းကြောင့် ဝန်ထမ်း ၇ ဦးဖြင့်စတင်ခဲ့သည် ကုမ္ပဏီသည် ယခုအခါတွင် မြန်မာနိုင်ငံ၏ billing အများဆုံး နှင့် လူအင်အားအများဆုံးသော ထိပ်တန်းအေဂျင်စီတစ်ခုအဖြစ် ရပ်တည်နေပြီဖြစ်သည်။

“မြန်မာနိုင်ငံရဲ့ ဈေးကွက်စီးပွားရေးကဏ္ဍက အံ့အားသင့်စရာကောင်းလောက်အောင် ကြီးထွားလာပြီးတော့  ရှေ့အနာဂတ်မှာလည်း ဒီထက်ပိုမိုတိုးတက်ဖွံ့ဖြိုးလာမယ်လို့ ခန့်မှန်းရပါတယ်။ မြန်မာနိုင်ငံရဲ့ ထိပ်တန်း Integrated Marketing Agency တစ်ခုအနေနဲ့ ကြုံတွေ့လာနိုင်တဲ့ စိန်ခေါ်မှု နဲ့ စိတ်လှုပ်ရှားစရာတွေအတွက်  ကြိုပြီးပြင်ဆင်ထားသလို ဝန်ထမ်းတစ်ယောက်ချင်းစီက သူတို့ရဲ့ လုပ်ဆောင်နိုင်မှုအရည်အချင်းအတိုင်း စိတ်တိုင်းကျဆောင်ရွက်နိုင်ဖို့ လုပ်ငန်းနဲ့သင်ကြားလေ့လာမှု ပတ်ဝန်းကျင်ကိုလည်း ဖန်တီးပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ ကျွန်မတို့အနေနဲ့ နောင်လာမယ့်နှစ်တွေမှာ ပိုမိုထိရောက်ခိုင်မာပြီး မြန်ဆန်တဲ့ကုမ္ပဏီတစ်ခု အဖြစ် ဆက်လက် ရပ်တည်သွားဖို့ရှိပြီးတော့ မြန်မာနိုင်ငံရဲ့ ဈေးကွက်ဦးဆောင် Integrated Marketing Agency အဖြစ်နဲ့  နည်းဗျူဟာတွေ ဖန်တီးလုပ်ဆောင်သွားနိုင်ဖို့ အားလုံးအတူတကွရုံးချုပ်အသစ်မှာ ရှိနေကြပြီဖြစ်ပါတယ်” ဟု  Mango Group ၏ CEO နှင့် မြန်မာ့မီဒီယာနှင့် ကြော်ငြာကဏ္ဍ အတွေ့အကြုံကြွယ်ဝသူ ဒေါ် အေးနှင်းဆွေ (Rose) က ပြောကြားခဲ့သည်။

Mango Group သည် ဈေးကွက်ရှာဖွေရေး နှင့် ကြော်ငြာလုပ်ငန်းများကို မီဒီယာလမ်းကြောင်းမျိုးစုံအသုံးပြု၍ ဝန်ဆောင်မှုပေးလျက်ရှိသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ၂၀၀၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော Mango Group တွင် သီးခြားရပ်တည်နေသည့် ကုမ္ပဏီ ၆ ခု (Mango Marketing၊ Mango Media၊ Mangosteen PR၊ Wave Digital၊ Passion Point နှင့် MeXtra) တို့ရှိပြီး ပေါင်းစည်းဈေးကွက်ရှာဖွေရေးလုပ်ငန်းများ၊  ကြော်ငြာလုပ်ငန်းများကို ပြည်တွင်း ဈေးကွက်ဆိုင်ရာ ကျယ်ပြန့်သောအမြင် နှင့် နိုင်ငံတကာအဆင့်မီ တက်ကျွမ်းမှုများပေါင်းစည်း၍ မြန်မာနိုင်ငံ ဈေးကွက်တွင်းရှိ ပြည်တွင်းပြည်ပ ကုမ္ပဏီများ၊ အဖွဲ့အစည်းများကို ဝန်ဆောင်မှုပေးလျက်ရှိသည်။

အကောင်းဆုံးသော ဝန်ဆောင်မှုများကိုသာ ပေးစွမ်းလိုသည့် Mango Group သည် မြန်မာပြည်တွင်းရှိ  ကြော်ငြာလုပ်ငန်း နယ်ပယ်ကို ပိုမိုတိုးတက်ဖွံ့ဖြိုးလာစေရန်လည်း ရည်သန်ပြီး ဦးတည်ဆောင်ရွက်နေပြီး အနာဂတ်တွင် ပိုမို ကောင်းမွန်သော ကြော်ငြာလုပ်ငန်းဆိုင်ရာ ဝန်ဆောင်များကို နိုင်ငံတကာအဆင့်မီ လုပ်ကိုင်နိုင်ရန် မျှော်လင့်ထားသည်။

အမှတ် ၅၂၀၊ တတိယအထပ်၊ ကမ္ဘာအေးဘုရားလမ်း၊ ရွှေဂုံတိုင်၊ ဗဟန်းမြို့နယ်တွင်တည်ရှိသော Mango Group သည် ဝန်ထမ်းပေါင်း ၂၃၀ ကျော်နှင့် လုပ်ငန်းများလုပ်ကိုင်၊ ဝန်ဆောင်မှုပေးလျက်ရှိပြီး လိုအပ်သော 360-degree အရည်အသွေးမြင့်ဝန်ဆောင်မှုအပြည့်ပေးပြီး  အဖွဲ့အစည်းများ၏ ဦးစားပေးရွေးချယ်မှု မိတ်ဖက်ကုမ္ပဏီတစ်ခုအဖြစ် ဆက်လက်ရပ်တည်သွားရန် ကြိုးစားသွားမည် ဖြစ်သည်။

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle