Avengers: Endgame ပြီးရင် ဆက်ထွက်မယ့် Marvel ရုပ်ရှင်ကားများ

Avengers: Endgame ပြီးရင် ဆက်ထွက်မယ့် Marvel ရုပ်ရှင်ကားများ

ဒီလမှာ Avengers: Endgame လည်းရုံတင်နေတယ်ဆိုတော့ အားလုံးလည်း Marvel က ဆက်ပြီးထွက်မယ့်ကားတွေကို ကြည့်ဖို့မေ ျှာ်လင့်နေကြမှာပဲ ။ Super Hero ရုပ်ရှင်တွေကို သဘောကျတဲ့သူတွေအတွက် Endgame ပြီးတာနဲ့ Marvel ကို ရုပ်ရှင်တွေရိုက်တာကနေ ရပ်လိုက်စေချင်မှာမဟုတ်ဘူးလေ။ သတင်းကောင်းကတော့ Endgame ပြီးရင်လည်း တခြားကားတွေအများကြီးထပ်ထွက်ဦးမှာပါ။ ဘာလို့လည်းဆိုတော့ Marvel ရဲ့အနာဂတ်က သူ့ရဲ့ Superhero တွေနဲ့တောက်ပနေတုန်းမို့လို့ပါ။ Endgame ပြီးသွားရင်တောင်မှ Spider-Man ၊ Black Panther တို့ Captain Marvel တို့က MCU ကို အပိုင်စီးဦးမှာမို့လို့ပါ။ ပြီးတော့ Disney နဲ့ Fox တို့ရဲ့ စုဆောင်းထားမှုတွေကနေ နောက်ပိုင်းမှာ X-men တို့ Fanstastic Four တို့လည်း ပါလာမှာမို့လို့ပါ။

Avengers : Endgame က MCU ရဲ့ Blockbuster ဖြစ်တဲ့အပြင် နောက်ထပ်ပရောဂျက်တွေကိုလည်း ဒီနှစ်ကနေ ၂ဝ၂၁ အတွင်းမှာထွက်ဖို့အတွက်လုပ်ငန်းတွေစနေပြီလို့ ပြောနေကြပါတယ်။ Captain Marvel အတွက်နောက်ဆက်တွဲကားတို့ တခြားကာတွန်းဇာတ်ကောင်ဟီးရိုးတွေကို ရိုက်လာဖို့တော့ မေ ျှာင်လင့်ထားကြတာပဲ။ အောက်မှာဖော်ပြသွားမှာတွေက ထွက်မှာသေချာတဲ့ ကားတွေပဲဖြစ်ပါတယ်။

Spider-Man : Far From Home (2019)
Avengers : Endgame ပြီးတာနဲ့ သူ့ရဲ့ Epilogue အနေနဲ့ ဇူလိုင်လ ၂ ရက်နေ့မှာ ထွက်လာမှာကတော့ Spider-Man: Far From Home ပဲဖြစ်ပါတယ်။ Kevin Feige က ဘာပြောခဲ့လဲဆိုတော့ Endgame မှာဖြစ်ပျက်သွားတာတွေက အများကြီးပဲဆိုတော့ မင်းတို့ကိုလက်တွဲပြီး MCU ရဲ့နောက်ထပ်ဝင်စားခန်းတစ်ခုကို ခေါ်ဆောင်သွားဖို့ ပီတာပါကာလောက် ဘယ်ဇာတ်ကောင်က ပိုကောင်းနိုင်မှာလဲ ဆိုပြီးတော့ပေ့ါ။ Spider-Man : Far From Home ကတော့ ပီတာတစ်ယောက် ဥရောပကို သူငယ်ချင်းတွေနဲ့နွေရာသီအပန်းဖြေခရီးထွက်တဲ့အချိန်မှာ ဥရောပတိုက်တစ်လေ ျှာက်လိုက်ဖျက်ဆီးနေတဲ့ Mysterio ရဲ့ Elementals တို့ကိုတိုက်ခိုက်ဖို့ Nick Fury နဲ့ပူးပေါင်းလိုက်တာဖြစ်ပါတယ်။

Black Widow (2020)
Scarlett Johansson Iron Man 2 မှာ ၂ဝ၁ဝ တည်းက စပြီးသရုပ်ဆောင်ချိန်လောက်မှာကို Black Widow ရုပ်ရှင်ထွက်လာဖို့ မေ ျှာ်လင့်နေခဲ့ကြတာပါ။ ခုတော့မေ ျှာ်လင့်ခဲ့တာလေးက လက်တွေ့မှာအကောင်အထည်ပေါ်လာခဲ့ပါပြီ။ ၂ဝ၂ဝ မေလောက်မှာ ထွက်လာမယ့် Black Widow Solo ရုပ်ရှင်လေးက သူ့ Avengers ထဲကိုမဝင်ခင် အရင်က Assasin လုပ်ခဲ့တဲ့ ဘဝကိုအသားပေးပြီး ရိုက်ထားမှာဖြစ်ပါတယ်။

ဆက်နွယ်သောဆောင်းပါး – Marvel က Black Widow ကို Solo Movie အနေနဲ့ရိုက်တော့မယ်

The Eternals (2020)
MCU က အမြဲတမ်းပဲမထင်မှတ်ထားတဲ့ ပရောဂျက်တွေကို လုပ်နေကြဆိုတဲ့အတိုင်း Eternals က MCU က မထင်မှတ်ဘဲလုပ်ချလာတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်။ Eternals ဆိုတာ ရှေးဟောင်းအစွမ်းရှိတဲ့Celestials ဆိုတဲ့ဂြိုလ်သားတွေဖန်တီးခဲ့တဲ့ သာမန်လူတွေထက်ပိုပြီးဖွံ့ဖြိုးတိုးတက်နေပြီဖြစ်တဲ့ လူသားမျိုးနွယ်စုတွေဖြစ်တယ်ပေါ့။ Ethernals မှာ Angelina Jolie က သရုပ်ဆောင်မယ်လို့လည်း သတင်းတွေထွက်နေပါသေးတယ်။ ဒီဇာတ်လမ်းလေးကို ၂ဝ၂ဝ ခုနှစ်မှာ ထွက်လာမယ်လို့လည်း ပြောနေကြပါတယ်။

ဆက်နွယ်သောဆောင်းပါး – Marvel Super Hero Universe ထဲကို ဝင်လာတော့မယ့် Angelina Jolie

Black Panther 2 (2021)
Wakanda Forever ကို အော်လို့ကောင်းတုန်းရှိသေးတယ်။ နောက်ထပ် Wakanda ဇာတ်လမ်းလေးထွက်လာဦးမယ်ဆိုတော့ ပျော်တာပေါ့နော်။ Black Panther 2 လိုအောင်မြင်လွန်းတဲ့ရုပ်ရှင်ဇာတ်ကားကို နောက်ထပ်ဇာတ်ကားတွဲထုတ်ဖို့ကို MCU ဆီကနေလူအများ မေ ျှာ်လင့်ထားတဲ့အရာပါ။ ပြီးတော့ Oscar Nomination ပါယူပေးထားတဲ့ ဒီလိုဇာတ်ကားမျိုးကိုထပ်ပြီးရိုက်ဖို့က MUC ရဲ့ဦးစားပေးပါ။ Ryan Coogler က ဇာတ်ညွှန်းရေးသူအဖြစ်ရော ဒါရိုက်တာအဖြစ်နဲ့ပါ ပြန်ပြီးတော့ပါလာမှာဖြစ်ပေမယ့် ဇာတ်ညွှန်းနဲ့ပတ်သက်ပြီးတော့ ဘာကိုမှတော့သေချာမပြောသေးပါဘူး။

Doctor Strange 2 (2021)
Doctor Strange က Avengers: Infinity War မှာ မေဂျာကျတဲ့အခန်းကနေ ပါဝင်ခဲ့ပါတယ်။ ပြီးတော့နှစ်တွေအကြာကြီး ကောလဟာလတွေထွက်ခဲ့ပြီးနောက်မှာတော့ MCU က Doctor Strange 2 ကို ရုပ်ရှင်ရိုက်ပါတော့မယ်လို့ အတည်ပြုလာပါတယ်။ C. Robert Cargill က ဇာတ်ညွှန်းဆရာအဖြစ် ပြန်လည်ရောက်ရှိလာမှာဖြစ်တယ်လို့ သတင်းရထားပါတယ်။ ဒီနှစ်ကုန်လောက်မှာ ရုပ်ရှင်ကိုရိုက်တော့မယ်လို့ ပြောခဲ့တာဖြစ်တဲ့အတွက်ကြောင့် ၂ဝ၂၁ ခုနှစ်မှာ ဇာတ်ကားကိုအပြီးသတ်နိုင်မှာ သေချာပါတယ်။

Guardians Of The Galaxy Vol. 3 (2023)
Guardians Of The Galaxy ကိုကြိုက်တဲ့သူတိုင်းမှာ Groot ကိုချစ်တဲ့သူတွေပါမှာပါ။ ဒါပေမယ့် ဇာတ်ညွှန်းနဲ့ဒါရိုက်တာ James Gunn အလုပ်ဖြုတ်ခံလိုက်ရတယ်ဆိုတဲ့ Social Media ပေါ်က Message တွေကို Disney မှာ မလုပ်ခင် တင်ထားတာကြောင့် ဒီဇာတ်ကားအတွဲဆက်က ဘယ်တော့မှဖြစ်မလာတော့ဘူးလို့ ထင်ခဲ့ကြပါတယ်။ Gunn လုံးဝနောင်တတရားရသွားပြီဆိုပြီး သေချာသွားတဲ့နောက်မှာ Disney က Gunn ကို ပြန်ငှားခဲ့တယ်။ James Gunn က Marvel ကိုပြန်မလာခင်မှာ Suicide Squad ကိုရိုက်နေခဲ့တာကြောင့် Guardians Of The Galaxy နောက်ဆက်တွဲကို ၂ဝ၂၁ လောက်မှာမှ စရိုက်နိုင်တော့မှာမို့ ထွက်မယ့်အချိန်က ၂ဝ၂၃ ဖြစ်မယ်လို့ အတည်ပြုနိုင်ခဲ့ကြပါတယ်။

ဘယ်လိုနေနေ ကိုယ်တွေအကြိုက်ဇာတ်ကားတွေက မရပ်တန့်သွားဘဲ ဆက်ပြီးတော့ ထွက်လာနေဦးမှာဆိုတော့ ပျော်စရာကောင်းတယ်နော်။ ကြည့်စရာတွေမကုန်တော့လေ ကြိုက်လေပဲ စာရေးသူကတော့။ ဆက်ထွက်လာမယ့်ကားတွေကလည်း အကောင်းတွေပဲဆိုတော့ အပျော်တွေတောင်လွန်နေပါပြီ။ ပရိသတ်ကြီးတို့လည်း ဒီဆောင်းပါးလေးကြောင့် ပျော်ရွှင်သွားပါစေလို့ မေ ျှာ်လင့်ပါတယ်။

Ref: www.screenrant.com

Piki (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle