Marvel Phase 4 ရုပ်ရှင်ကားတွေက ၂ နှစ်အတွင်း အပြီးထွက်မယ်ဆိုတာ ယုံနိုင်လား

Marvel Phase 4 ရုပ်ရှင်ကားတွေက ၂ နှစ်အတွင်း အပြီးထွက်မယ်ဆိုတာ ယုံနိုင်လား

Marvel ရဲ့ Endgame က ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ဇာတ်ကားဖြစ်သွားပြီဆိုတဲ့ သတင်းကိုလည်း အခရာပရိသတ်တွေ သိအောင်ပြောပြပြီးသွားပါပြီနော်။ Marvel က သူ့ရဲ့ Phase 3 ကို Spider-Man: Far From Home နဲ့ လှလှပပ ပွဲသိမ်းခဲ့ပေမယ့် ဒါဟာအဆုံးသတ်မဟုတ်သေးပါဘူး။ Phase 3 မှာတုန်းက Captain America: Civil War ၊ Doctor Strange ၊ Black Panther ၊ Infinity War ၊ Captain Marvel ၊ Ant-Man စသဖြင့် ဇာတ်ကားအများကြီးပါဝင်ခဲ့ပြီး ဒီဇာတ်ကားတွေဖြစ်မြောက်အောင် ရိုက်ကူးတာတွေ ထုတ်လုပ်တာတွေအတွက်လည်း အချိန်တွေအများကြီး ကုန်ခဲ့ပါတယ်။ ဒါပေမယ့် ဆန်ဒီရေဂိုမှာပြုလုပ်ခဲ့တဲ့ Comic-Con မှာ Marvel ရဲ့ တာဝန်ရှိသူ Kevin Feige က Phase 4 မှာပါမယ့် ကားတိုင်းကို ၂ နှစ်အတွင်း ပြသသွားမယ်လို့ အတည်ပြုခဲ့ပါတယ်။

Comic-Con မှာ Phase 4 ထဲ ပါဝင်မယ့် ဇာတ်ကားတိုင်းကို တရားဝင်ထုတ်ပြန်ကြေညာခဲ့တယ်။ Phase 4 မှာ ပါတဲ့ ပရောဂျက်တွေကတော့ ၂ဝ၂ဝ နဲ့ ၂ဝ၂၁ ခုနှစ်တွေကိုပဲ ဦးစားပေးထားတယ်လို့ ပြောရမှာပေါ့။ ဒီ ၂ နှစ်အတွင်းမှာ ဇာတ်ကားအများကြီး မရိုက်နိုင်ဘူးဆိုတာလည်း လူတိုင်းသိကြမှာပါပဲ။ ဒါကြောင့် ၂ဝ၂ဝ နဲ့ ၂ဝ၂၁ ခုနှစ်တွေကို Phase 4 ရဲ့ First Wave ပဲ ဖြစ်မယ်လို့ ထင်လိုက်ရင်တော့ မှားသွားပါလိမ့်မယ်။ ကြေညာချက်အရ ဒီ ၂ နှစ်မှာ ထွက်မယ့်ကားတိုင်းက Phase 4 တစ်ခုလုံးပါပဲ။ Phase 3 တုန်းက ၂ဝ၁၆ ကနေ ၂ဝ၁၈ -၂ဝ၁၉ ထိ အချိန်ယူခဲ့တယ်ဆိုတော့ Phase 4 မှာ ထွက်မယ့် ဇာတ်ကားတွေက Phase 3 တုန်းကလောက်တော့ မများနိုင်ဘူးလို့ထင်ရပေမယ့် ဘယ်အရာကိုမှ တသမတ်တည်းတွေးထင်ထားလို့ မရတာကြောင့် Marvel က ဇာတ်ကားအတိုးအလျော့တွေ ဘယ်လိုလုပ်လာဦးမလဲ မသိသေးပါဘူး။

Comic-Con က ကြေညာချက်အရ Phase 4 မှာ Feature Film ၅ ကားနဲ့ Streaming Show ၅ ခု ၊ စုစုပေါင်း ပရောဂျက် ၁ဝ ခုပါဝင်ပါမယ်။ သူတို့ထပ်ပြီးရိုက်ကူးဖို့ပြင်ဆင်နေတဲ့ ဇာတ်ကားတွေကတော့ Black Panther 2 ၊ Captain Marvel 2 ၊ Guardians of the Galaxy 3 တို့ဖြစ်ပြီး အံ့သြဖို့ကောင်းလောက်အောင် Blade လည်းပါလာဦးမှာပါ။ ဒီဇာတ်ကားတွေကတော့ Phase 5 အစပိုင်းအတွက် ဖြစ်ဖို့များပါတယ်။ Phase 4 မှာ ပါမယ့် ဇာတ်ကားတွေထဲမှာတော့ အခု Hot ဖြစ်နေတဲ့ Black Widow ၊ Doctor Strange in the Multiverse of Madness နဲ့ Thor ဇာတ်ကားတို့ပါဝင်ပါတယ်။ ဒီမှာထင်ထင်ရှားရှားမြင်ရတာက Phase 4 မှာ ပါလာမယ့် ဇာတ်ကားတွေက Standalone ဖြစ်ဖို့များပါတယ်။ (အဆက်အစပ်တွေတော့ ရှိကောင်းရှိနိုင်ပါတယ်) သေချာတာတော့ Avengers Style ဇာတ်ကားအမျိုးအစား ဖန်တီးနေတာကို မတွေ့ရသေးတာပါပဲ။

ဒီတော့ ကိုယ်တွေလိုပွဲကြည့် ပရိသတ်တွေအတွက် ကောင်းတဲ့အချက်က ၂ နှစ်အတွင်းမှာ ဇာတ်ကားအများကြီးကြည့်ရတော့မယ့် အခွင့်အရေးလို့ပဲ ပြောရတော့မှာပေါ့။ အခုပါမယ်လို့ ပြောထားတဲ့ ဇာတ်ကားတွေထဲမှာ ၁ဝ ကားလုံးထည့်မရေးထားတာလည်း တွေ့ကြမှာပါ။(ရှည်လွန်းလို့လေ) ကျန်တဲ့ဇာတ်ကားတွေထဲမှာ ပရိသတ်တွေ အကြီးအကျယ် မျှော်နေတဲ့ကားတွေလည်း ပါပါတယ်နော်။ သိချင်ရင် အပေါ်ကပုံလေးထဲမှာ ပြူးပြဲပြီးတော့သာ ကြည့်ကြပါတော့ကွယ်။

Photo Credit

Source: Screen Rant

Piki (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ