Marvel ရဲ့ Phase 4 မှာပါလာမယ့် ကိုရီးယားလူကြမ်းမင်းသားကြီး

Marvel ရဲ့ Phase 4 မှာပါလာမယ့် ကိုရီးယားလူကြမ်းမင်းသားကြီး

Trian to Busan မှာ သူရဲကောင်းနေရာကနေ ပါဝင်တဲ့သူ ဗလခပ်တောင့်တောင့် Ma Dong Seok ကတော့ နာမည်ကြီးပြီးရင်း ကြီးတော့မှာပါ။

သူ့အောင်မြင်မှုတွေက ကိုရီးယားနိုင်ငံမှာပဲ ရပ်တန့်မနေဘဲ Hollywood ထိ ခြေဆန့်လာခဲ့ပါပြီ။ အခုဆိုရင် သူဟာ Don Lee ဆိုတဲ့ နာမည်ကိုအသုံးပြုပြီး နာမည်ကြီးသရုပ်ဆောင်ဖြစ်တဲ့ Angelina Jolie ၊ Salma Hayek တို့နဲ့ တွဲဖက်ပါဝင်သွားမယ်လို့ ပြီးခဲ့တဲ့ ၂၀၁၉၊ ဇူလိုင် ၂၀ ရက်က Marvel Studios President Kevin Feige ကိုယ်တိုင်က မိတ်ဆက်ပေးသွားတာပါ။

ကာတွန်းရုပ်ပြဇာတ်လမ်းတွဲဖြစ်တဲ့ “The Eternals” ကို ရုပ်ရှင်အဖြစ် ရိုက်ကူးသွားမှာဖြစ်ပြီး အဲ့ဒီအထဲမှာ Ma Dong Seok က Gilgamesh ဆိုတဲ့ ဇာတ်ကောင်နေရာက ပါဝင်သွားမှာ ဖြစ်ပါတယ်။ Gilgamesh ဆိုတာ Thor တို့ Hercules တို့လို စွမ်းအားရှိတဲ့ သူရဲကောင်းတစ်ယောက်ပါ။

Ma Dong Seok ပါမယ့် The Eternals ကိုတော့ ၂၀၂၀၊ နိုဝင်ဘာ ၆ ရက်နေ့မှာ ပြသွားမှာပါတဲ့။

ဘာပဲပြောပြော Ma Dong Seok ရဲ့ Hollywood ပွဲဦးထွက်ကတော့ တခြားနာမည်ကြီး ကိုရီးယားသရုပ်ဆောင်တွေထက် ကြမ်းသွားပါပြီ။

Photo Credit & Reference: Soompi

NSC (Akhayar)