Michael B Jordan ကို Matrix မှာ ဇာတ်ဆောင်မင်းသားအနေနဲ့ မြင်တွေ့ရမှာလား

Michael B Jordan ကို Matrix မှာ ဇာတ်ဆောင်မင်းသားအနေနဲ့ မြင်တွေ့ရမှာလား

Keanu Reeves ကို အောင်မြင်မှုလမ်းကြောင်းပေါ် ဆွဲတင်ခဲ့တဲ့ Matrix Movie Franchise က အကောင်းဆုံး Sci-fi Movie တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ Matrix Movie Franchise ကို Reboot ထွက်မယ်ဆိုပြီး ခန့်မှန်းခံရတဲ့အကြိမ်ရေလည်း မနည်းပါဘူး။ ဒီလို Reboot ထွက်မယ်ဆိုတဲ့ကောလာဟလတွေကို The Matrix Reloaded နဲ့ The Matrix Revolutions တို့ထွက်ပြီး ၁ဝ နှစ်အကြာ ၂ဝ၁၃ အစောပိုင်းလောက်ကတည်းက ကြားနေရတာပါ။ ဒီကောလာဟလကို လက်တွေ့မှာ အမှန်တကယ်ဖြစ်လာစေတာက Warner Bros. ကနေပြီးတော့ Black Panther ထဲမှာသရုပ်ဆောင်ခဲ့တဲ့ Michael B. Jordan ကို မင်းသားတင်ပြီး Matrix ဇာတ်ကားတစ်ကားထပ်ရိုက်မယ်ဆိုတဲ့ သတင်းကြောင့်ပဲ ဖြစ်ပါတယ်။ ဒီသတင်းက အတိအကျမှန်လား မမှန်လားဆိုတာကိုတော့ သေချာမပြောနိုင်သေးပါဘူး။

Discussing Film နဲ့ The Geek Worldwide ကတော့ Matrix 4 ကို ထုတ်ဖို့အတွက် ပြင်ဆင်နေပြီလို့ပြောထားပါတယ်။ အခုထွက်မယ့် Matrix က Reboot ဖြစ်မလား ၊ Remake လား ၊ Prequel ဖြစ်မလား မဟုတ်ရင်လည်း Sequel ဖြစ်လာမှာလားဆိုတာကိုတော့ တကယ် သေချာမသိရသေးတာပါ။ အခုသိထားတာက Lana နဲ့ Lilly Wachowski တို့ကပဲ ဒါရိုက်တာပြန်လုပ်မယ် The Matrix 1999 ရဲ့ Art Director လုပ်ခဲ့တဲ့ Hugh Bateup က Production Designer အဖြစ် ပြန်ပါလာမယ်ဆိုတာလောက်ပါပဲ။ ရိုက်ကူးရေးကို ၂ဝ၂ဝ အစပိုင်းလောက်မှာ ချီကာဂိုမှာ စမယ်လို့ပြောပါတယ်။ ဇာတ်လမ်းပိုင်းပြင်ဆင်တာကိုလည်း “Project Ice Cream” ဆိုတဲ့နာမည်နဲ့ တိတ်တဆိတ်လုပ်ဆောင်နေကြပါတယ်။ ဇာတ်ကားတွေရဲ့ထုံးစံအတိုင်း ဇာတ်လမ်းအသေးစိတ်ကိုတော့ လောလောဆယ်မှာ မသိရသေးဘူး။ ဒါကြောင့် Keanu Reeves က Neo အနေနဲ့ ပြန်ပါလာမှာလား ၊ မပါဘူးလားဆိုတာကိုလည်း မသိနိုင်သေးပါဘူး။

အခုထွက်မယ်ဆိုတဲ့ Matrix ကားအသစ်ရဲ့ဇာတ်ညွှန်းကို The Incredible Hulk ၊ X-Men 3: The Last Stand ၊ X-Men United နဲ့ Ready Player One တို့မှာ ဇာတ်ညွှန်းရေးခဲ့ဖူးတဲ့ Zak Penn က ရေးမှာပါ။
ဒီသတင်းတွေက လက်ရှိမှာ Official Press Release နဲ့ အတည်မပြုရသေးတာကြောင့် Keanu Reeves ရဲ့ Matrix ကိုမှ သဘောကျတဲ့ ပရိသတ်တွေရှိနေရင် အရမ်းဂယက်မထသွားပါနဲ့ဦးလို့ ပြောချင်ပါတယ်။ Matrix က Keanu Reeves ရဲ့ Iconic Film မို့လို့ ဒီသတင်းကအနည်းနဲ့အများ စိတ်မသက်သာစရာဖြစ်တာကိုတော့ လက်ခံပါတယ်။ ဟုတ်ဟုတ် မဟုတ်ဟုတ် အသစ်တစ်ကားဆိုရင်လည်း အတူတူကြည့်ကြတာပေါ့။

Source: The Source, Appocalypse

Piki (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle