သားလှရတနာကို ပိုင်ဆိုင်ရပြီဖြစ်တဲ့ Prince Harry နဲ့ Meghan Markle

သားလှရတနာကို ပိုင်ဆိုင်ရပြီဖြစ်တဲ့ Prince Harry နဲ့ Meghan Markle

Prince Harry နဲ့ Meghan Markle တို့ဟာ အခုချိန်မှာ ရင်သွေးငယ်ပိုင်ဆိုင်ထားပြီလို့ အောက်တိုဘာလ (၁၅) ရက်နေ့မှာ တော်ဝင်မိသားစုက ကြေညာခဲ့ပြီး ၂ဝ၁၉ခုနှစ်ရဲ့ ဧပြီလနှောင်းပိုင်း ဒါမှမဟုတ် မေလဆန်းပိုင်းမှာ မွေးဖွားမယ်လို့ ခန့်မှန်းထားကြသလို ၂ဝ၁၉ခုနှစ် မေလ (၆) ရက်နေ့မှာတော့ သားလှရတနာဟာ လူ့လောကကို ရောက်ရှိခဲ့ပါပြီ။ အစောပိုင်းကာလတွေတုန်းက အမြွှာရင်သွေးလွယ်ထားရတယ်လို့ သတင်းထွက်နေပေမယ့် ကောလာဟလအနေနဲ့ပဲ ကျန်ခဲ့တယ်လို့ ဆိုရမှာပါ။ သားလှရတနာကို ၂ဝ၁၉ခုနှစ် မေလ (၆) ရက်နေ့ ဒေသစံတော်ချိန် မနက် (၅) နာရီ (၂၆) မိနစ်မှာ ဖွားမြင်ခဲ့ပြီး ကိုယ်အလေးချိန် (၇) ပေါင် (၃) အောင်စရှိတယ်လို့ သိရပါတယ်။

မိခင်ရော ကလေးငယ်ပါ ကျန်းကျန်းမာမာရှိတယ်လို့ သတင်းထုတ်ပြန်ခဲ့ပြီး ကလေးရဲ့နာမည်ကိုတော့ မပေးရသေးဘူးလို့ သိရပါတယ်။ Prince Charles အနေနဲ့ မြေးတော်ဟာ ယောက်ျားလေးမွေးလာရင် သြစတေးလျခရစ်ကတ်သမား Shane Warne ရဲ့ နာမည်ကို ပေးချင်တယ်လို့ တရားဝင်ဖွင့်ဟထားခဲ့ပြီး တကယ်ဖြစ်လာမလားဆိုတာ စောင့်ကြည့်ချင်စရာပါ။ Prince Harry အနေနဲ့ ရင်သွေးငယ်ကို အချိန်ပေးချင်တာကြောင့် တော်ဝင်မိသားစုတာဝန်တွေကနေ နှစ်ပတ်တာ ရပ်နားဖွယ်ရှိတယ်လို့ သိရပါတယ်။

Prince Harry နဲ့ Meghan Markle တို့မှ မွေးဖွားလာတဲ့ သားလှရတနာဟာ Queen Elizabeth II ရဲ့ အဌမမြောက် မြစ်တော်ဖြစ်လာခဲ့ပြီး သားတော် Prince Charles အတွက်တော့ စတုတ္ထမြောက်မြေးတော်လို့ ဆိုနိုင်ပါတယ်။ တော်ဝင်နန်းလျာနံပါတ် (၇) ဖြစ်လာမှာဖြစ်ပြီး တော်ဝင်စည်းမျဉ်းအရတော့ Prince ဘွဲ့ (His Royal Highness – HRH) ကို ခံယူခွင့်မရှိပါဘူး။  ရင်သွေးငယ်မွေးဖွားလာတဲ့အတွက် Queen Elizabeth II ၊ Prince Philip ၊ Prince Charles ၊ Camilla ၊ Prince William နဲ့ Kate Middleton တို့ဟာ ဝမ်းမြောက်နေကြတယ်လို့ သိရပါတယ်။

Reference and Photo Credit – People ၊ Metro

ကျော်စိုးအောင် (အခရာ)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ