အမျိုးသားတွေက ဘာလို့ မမတွေကို ပိုသဘောကျကြတာလဲ

အမျိုးသားတွေက ဘာလို့ မမတွေကို ပိုသဘောကျကြတာလဲ

အမျိုးသားတော်တော်များများရဲ့ စိတ်ကူးအိပ်မက်ထဲမှာ ကြိတ်သဘောကျရတဲ့ မမတစ်ယောက်ရှိမယ်ဆိုရင် မငြင်းပါနဲ့။ မမတွေကို မောင်လေးတွေ ဘာလို့ စွဲလမ်းရပါသလဲ။ အတွေ့အကြုံများလို့၊ အသိကြွယ်လို့ ဆိုတာထက်ပိုတဲ့ မမတွေရဲ့ တခြားတန်ဖိုးတွေ ရှိနေပါသေးတယ်။ ဒါတွေကတော့

မမတွေဟာ သူတို့ ဘာလိုချင်လဲဆိုတာ သေချာသိပါတယ်
ညီမလေးတွေလို ဟိုဟာ ဖြစ်ချင်သလို ၊ ဒီဟာ ဖြစ်ချင်သလို မဟုတ်ဘဲ မမတွေမှာ ပြတ်သားတဲ့ အာရုံစူးစိုက်မှုရှိပါတယ်။ ညီမလေးတွေက RS တစ်ခုမှာ Drama တွေ များနေချိန်မှာ မမတွေကတော့ ဘဝတိုးတက်ဖို့နဲ့ သူ့ချစ်သူဘဝကို မြှင့်တင်ပေးဖို့ပဲ အာရုံရှိကြပါတယ်။ ဒါကြောင့် အမျိုးသားတွေဟာ သူတို့ စိတ်ထဲ ဘာရှိနိုင်မလဲ လိုက်ခန့်မှန်းစိတ်ရှုပ်မနေရတော့ဘဲ ချစ်သူဘဝကို ဖြောင့်ဖြောင့်တန်းတန်းလျှောက်နိုင်တာကြောင့် ဖြစ်ပါတယ်။

ဘဝအကြောင်းကို ပိုသိကြတယ်
မမတွေဟာ အချစ်ရေးအချစ်ရာမှာရော ဘဝမှာရော အတွေ့အကြုံတွေ ရှိသင့်သလောက်ရှိပြီး ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသားတွေကို သူတို့ ဘဝအတွက် လိုအပ်တဲ့ အကြံဉာဏ်တွေကို လမ်းညွှန်ပေးနိုင်ကြပါတယ်။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး အမှီအခိုကင်းပါတယ်
ညီမလေးတွေက ပတ်ဝန်းကျင်က Attention တွေ တောင်းပြီး စပ်စလူးစိန် ဓာတ်ဗူးပိန်ဖြစ်နေချိန်မှာ မမတွေကတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိရှိ နေတတ်နေကြပါပြီ။ သူလှတယ်ဆိုတာ သူသိဖို့ တခြားတစ်ယောက်ရဲ့ ခွင့်ပြုချက်မလိုအပ်တော့ဘဲ တည်တည်ငြိမ်ငြိမ်ရှိနေတာမျိုး ဖြစ်ပါတယ်။

ရင့်ကျက်ပြီး စကားပြောကောင်းကြတယ်
အမျိုးသားတွေဟာ တီတီတာတာပုံစံကြိုက်ကြပါတယ်။ ဒါပေမယ့် တချို့အမျိုးသားတွေကတော့ ရင့်ကျက်တည်ငြိမ်တဲ့ပုံရှိတဲ့ မိန်းကလေးတွေကို စိတ်ဝင်စားကြတာ ဖြစ်ပါတယ်။ ဒါဟာ မမတွေရဲ့ ဆွဲဆောင်ချက်ပဲ ဖြစ်ပြီး မမတွေဟာ စကားပြောကောင်းကြသူတွေလည်း ဖြစ်ပါတယ်။ ညီမလေးတွေက မင်းသား၊မင်းသမီးတွေ ဘယ်သွား၊ဘာလုပ်နဲ့ တိုင်ပတ်နေချိန်မှာ မမတွေကတော့ အမျိုးသားတွေနဲ့ တူတူ နိုင်ငံရေး၊ သဘာဝပတ်ဝန်းကျင်အကြောင်းနဲ့ ခရီးသွားလာရေးအကြောင်းတွေ ဆွေးနွေးလို့ ရပါတယ်။

မိခင်လို ကြင်နာတတ်ကြပါတယ်
တချို့အမျိုးသားတွေ ရှာနေတဲ့ မိခင်နဲ့ တူတဲ့ မိန်းမတွေကို မမတွေဆီမှာ တွေ့ရများပါတယ်။ မိခင်တစ်ယောက်ဆီမှာ တွေ့ရများတဲ့ ကြင်နာဂရုစိုက်တတ်တာရော၊ ရုပ်ပိုင်းဆိုင်ရာအနေနဲ့ ဝေယျာဝစ္စကူလုပ်ပေးတာ၊ ဂရုစိုက်တတ်တာတွေကိုလည်း မမတွေဆီမှာ ရှာဖွေတွေ့ရှိနိုင်ပါတယ်။

ဒီလောက်ဆိုရင် အမျိုးသားတွေ မမတွေကို ဘာလို့ စွဲလမ်းလဲဆိုတာ အကြမ်းဖျဉ်းသိလောက်ပြီထင်ပါတယ်။

Yoe Lu (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle