Spoiler တွေက လူသားတွေအတွက် မကောင်းဆိုးဝါးတွေပဲ သိလား

Spoiler တွေက လူသားတွေအတွက် မကောင်းဆိုးဝါးတွေပဲ သိလား

Piki & A Million Thoughts
Avengers: End Game လည်း ရုံတင်နေပြီ ။ ဒါပေမယ့်လူတိုင်းက ပွဲဦးထွက်ကိုသွားကြည့်ဖို့ မအားမလပ်တာမို့ Spoiler တွေရဲ့ Victim ဖြစ်နေရတဲ့သူတွေလည်း အများကြီးရှိမှာပါ။ ကိုယ်ကိုယ်တိုင်လည်း Spoiler မိသွားလို့ အရမ်းစိတ်မချမ်းမသာဖြစ်ရတာကြောင့် ဒီဆောင်းပါးလေးကို ရေးလိုက်တာပါ။

ပထမဆုံးတွေးမိတာက Spoil လုပ်တဲ့သူတွေမှာ ကိုယ်ချင်းစာစိတ်မရှိဘူးလားပေါ့။ ဒီရုပ်ရှင်ကိုကြည့်ဖို့ကို သူတို့လည်းကိုယ်တွေလိုပဲ နှစ်တွေ ၊ လတွေအကြာကြီး သည်းခံပြီးတော့စောင့်ခဲ့ရတာ။ ဒီရုပ်ရှင်ကြည့်ပြီး ဘယ်လိုတွေ ရင်ခုန်ရမယ် ဘယ်လိုတွေခံစားမယ်ဆိုပြီး တွေးထားတဲ့သူတွေကြီးပါပဲ။ မေ ျှာ်လင့်ခဲ့ရတဲ့လူတွေချင်းကို သူတို့ကအရင်ကြည့်ရတာနဲ့ပဲ ၊ ရုပ်ရှင်ရဲ့ Plot တစ်ခုလုံးကို Social Media ပေါ်မှာ အားရပါးရတင်ကြတာ ဖြစ်ဖြစ် ၊ Reaction တွေ ၊ Comment တွေ ပေးတာပဲဖြစ်ဖြစ်လုပ်တာက တကယ်တမ်းမှာ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာအရပါ မှားတယ်လို့ထင်တယ်။ ကိုယ့်လုပ်ရပ်ကြောင့် တခြားသူရဲ့ Movie Experience ကို ပျက်စီးသွားစေတာ ဘယ်လောက်မှားတဲ့လုပ်ရပ်လဲ စဉ်းစားကြည့်လေ။

သိပါတယ် ၊ ဒီကားကိုကြည့်လိုက်ရလို့ အရမ်းတွေကျေနပ်ပီတိဖြာပြီး ဒီကားအကြောင်းကိုပြောချင်တာ ပြောချင်တာ လှုပ်လှုပ်ကိုရွနေတာပဲဆိုတာ။ ဒါပေမယ့်အဲဒီလောက်တောင် ပြောချင်နေရင် ကြည့်ပြီးတဲ့သူအချင်းချင်း Messenger Groups တွေ ၊ Whatsapp တွေဘာတွေမှာ ဒိုင်ခံဆွေးနွေးလို့ မရဘူးလား။ ဘာလို့ Facebook ရဲ့ လူတွေအားလုံးမြင်နိုင်တဲ့ နေရာမှာ အားရပါးရ ထိုင်ဆွေးနွေးကြတာလဲပေါ့။ ကိုယ်တိုင် Spoiler မိမှ ကိုယ်ချင်းစာနိုင်မယ်ထင်ပါတယ်။

တကယ်ကရုပ်ရှင်ကြည့်တဲ့သူတိုင်းက ရုပ်ရှင်ကို ကိုယ်တိုင်ခံစားပြီးကြည့်ချင်ကြတာလေ။ ဇာတ်လမ်းကို ကြိုသိနေမှတော့ ဘယ်လိုလုပ်ပြီး ရင်ခုန်ရတော့မှာလဲ ၊ အထူးသဖြင့် လူသတ်ကားတွေဘာတွေဆိုရင် Plot Twist အကြီးစားတွေပါတတ်တယ်။ ဒီလို Plot Twist အကြီးစားတွေဆိုတာ Spoiler မိတာနဲ့ အဲဒီလူသတ်ကားက ဘယ်လိုမှ ကြည့်လို့အရသာမရှိတော့တာ။ Spoiler တင်တဲ့သူတွေကလည်း Spoiler မမိချင်ရင် Facebook မသုံးနဲ့ပေါ့ ၊ အင်တာနက်မကြည့်နဲ့လေဆိုပြီး ပြန်ပြီးပြောကြတယ်။ ဟုတ်တယ် သူတို့ပြောတော့လွယ်တယ် ၊ ဒါပေမယ့်ဒီခေတ်မှာ Social Media နဲ့ပဲ အလုပ်လုပ်နေကြရတာ ၊ Internet မပါရင်ဘာမှအလုပ်မတွင်ဘူး ၊ ဒါကို Facebook တွေ အင်တာနက်တွေ မသုံးဘဲနေပါလားလို့ ပြောတာတွေကလည်း သူတို့မှာ Logical Thinking မရှိဘူးလားလို့တောင် ထင်ရတယ်။

အဲဒီလို မသုံးကြနဲ့ ၊ မကြည့်ကြနဲ့လို့ ပြောပြီး Spoiler တွေကို တင်မယ့်အစား ၊ ခဏလေးလောက်အောင့်ထားပေးလို့မရဘူးလား။ ဒီဇာတ်ကားအကြောင်းကို လုံးဝမတင်နဲ့ပြောတာမဟုတ်ဘူး။ ရုံတင်တင်ချင်းပထမအပတ်လောက်ကိုပဲ သည်းခံပေးလို့မရဘူးလား။ လူတိုင်းမှာရုံစတင်တဲ့နေ့ကို ကြည့်ဖို့အခွင့်အရေးရှိတာမဟုတ်ဘူးလေ။ နည်းနည်းလေးကိုယ်ချင်းစာပြီး နားလည်ပေးလိုက်တာက ဘာမှလည်းအပန်းမကြီးပါဘူး။ ဟုတ်တယ်မလား။

Piki(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle