မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော ဂျူးဘုရားကျောင်း “Musmeah Yeshua”

မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော ဂျူးဘုရားကျောင်း “Musmeah Yeshua”

မြန်မာနိုင်ငံမှာ တစ်ခုတည်းသောရှိတဲ့ ဂျူးဘုရားကျောင်း တစ်ကျောင်းကို သိကြပါသလား။ နောက်ပြီး အဲဒီ့ဘုရားကျောင်းရဲ့ အကြောင်းကိုရောပေါ့။ အခုပြောနေတဲ့ ဘုရားကျောင်းဟာ ဂျူးလူမျိုးတွေ ဝတ်ပြုကိုးကွယ်တဲ့ ဘုရားကျောင်းဖြစ်ပြီး နာမည်ကတော့ “Musmeah Yeshua” လို့ ခေါ်ပါတယ်။


Musmeah Yeshua Synagogue in Yangon, Myanmar

သူ့ရဲ့ ထူးခြားချက်ကတော့ အပေါ်မှာ ပြောခဲ့သလိုပါပဲ။ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တစ်ကျောင်းတည်းရှိတဲ့ ဂျူးဘာသာဝင်လူမျိုးတွေရဲ့ ဘုရားကျောင်းဖြစ်ပြီး ရန်ကုန်မြို့မှာ တည်ရှိတာပါ။

ဂျူးဘုရားကျောင်း ရှိနေတယ်ဆိုကတည်းက ရန်ကုန်မှာ ဂျူးလူမျိုးတွေရှိနေတာ သိသာပါတယ်။ ဒုတိယကမ္ဘာစစ်မတိုင်ခင်တုန်းက ရန်ကုန်မြို့မှာ ဂျူးလူမျိုးတွေ (၂၅၀၀) ကျော်ခန့် နေထိုင်သွားခဲ့ကြပါတယ်။ အဲဒီ့ဂျူးလူမျိုးတွေဟာ ကိုလိုနီခေတ်မှာ ရောက်ရှိအခြေချခဲ့ကြတာဖြစ်ပြီး ဂျပန်ခေတ်ရောက်တော့ “Musmeah Yeshua” ဘုရားကျောင်းနဲ့ ရန်ကုန်မြို့ကို အသီးသီး စွန့်ခွာသွားကြပေမယ့် ဂျူးမိသားစုနဲ့ ဂျူးအနွယ်ဝင်လူမျိုးတချို့ ရန်ကုန်မြို့မှာ နေထိုင်နေကြဆဲပါပဲ။


Musmeah Yeshua Synagogue in Yangon, Myanmar

“Musmeah Yeshua” ဂျူးဘုရားကျောင်းကို (၁၈၅၄) ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပေမယ့် အဲဒီတုန်းက သစ်သားအဆောက်အဦးပဲ ရှိပါသေးတယ်။ အခုလို သမိုင်းဝင်အဆောက်အဦးအဖြစ်ကတော့ (၁၈၉၃) ခုနှစ်မှာ ပြောင်းလဲဆောက်လုပ်ခဲ့တာဖြစ်ပြီး (၁၈၉၆) ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။

ရန်ကုန်မြို့ရဲ့ သမိုင်းဝင်အမွေအနှစ်အဆောက်အဦးအဖြစ် (၂၀၁၆) ခုနှစ်မှာ သတ်မှတ်ခံခဲ့ရပြီး နံပါတ်စဉ်အရဆိုရင်တော့ (၁၃)ခုမြောက် အဆောက်အဦးပဲဖြစ်ပါတယ်။


Musmeah Yeshua Synagogue in Yangon, Myanmar

အခုလို နာမည်ကြီးသမိုင်းဝင် “Musmeah Yeshua” ဂျူးဘုရားကျောင်းဟာဆိုရင် ရန်ကုန်မြို့ရဲ့ အချက်အချာနေရာဖြစ်တဲ့ ဆူးလေ (၂၆) လမ်း မဟာဗန္ဓုလလမ်းနဲ့ ကုန်သည်လမ်းကြားမှာ တည်ရှိပါတယ်နော်။

Reference: Wiki, Lodggy

Moethaesay (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle