မြလေးရုံမှာ စကိတ်စီးသင်ကြရအောင်

မြလေးရုံမှာ စကိတ်စီးသင်ကြရအောင်

အခရာရဲ့ပရိသတ်တွေထဲမှာ စကိတ်စီးသင်ချင်တဲ့လူငယ်တွေ ပါမယ်ထင်ပါတယ်နော်။ အဲဒီလိုလူငယ်တွေအတွက် အသုံးဝင်မယ့်အကြောင်းအရာလေးတစ်ခုကို ဒီနေ့ Sharing လုပ်ပေးချင်ပါတယ်။ အဲဒါကတော့ အခမဲ့စကိတ်စီးသင်လို့ရမယ့်နေရာနဲ့ အခွင့်အရေးတွေပါပဲ။

ဒီ မြလေးရုံစကိတ်ကွင်းဟာ ကမာရွတ်မြို့နယ်မှာ တည်ရှိနေပြီးတော့ “Make Life, Skate Life” ဆိုတဲ့အဖွဲ့အစည်းက မြန်မာနိုင်ငံအတွက် လှူဒါန်းပေးထားတာပဲဖြစ်ပါတယ်။ စကိတ်ကွင်းဆောက်လုပ်ပြီးစီးတဲ့အခါမှာ လူငယ်တွေဟာ ဒီကွင်းထဲမှာ တစ်စတစ်စ ဆော့ကစားရင်းနဲ့ လူငယ်နဲ့ ဆယ်ကျော်သက်တွေရဲ့ ဆုံမှတ်ဖြစ်လာပြီး လက်ရှိမှာဆိုရင်တော့ “Myanmar Skateboard Club” က ဦးဆောင်ပြီး ကလေးတွေနဲ့ ဆယ်ကျော်သက်လူငယ်တွေကို စကိတ်စီးသင်ကြားပေးနေပါတယ်။

ဒီတော့ စနေ၊ တနင်္ဂနွေမှာ စကိတ်စီးသင်ချင်တဲ့ လူငယ်တွေအတွက်ကတော့ မြလေးရုံစကိတ်ကွင်းမှာ စကိတ်စီးသင်ကြဖို့ ဖိတ်ခေါ်ပါတယ်နော်။ ဘယ်လိုသင်ကြားရမလဲ၊ ဘယ်အချိန်တွေလဲ နောက်ပြီးတော့ ဘာတွေလိုအပ်သလဲဆိုတာကို သေချာသိရှိချင်ရင်တော့ “Myanmar Skateboard Club” Facebook Page မှာလည်း သွားရောက်စုံစမ်းနိုင်သလို 095035261 ကိုလည်း ဆက်သွယ်စုံစမ်းလို့ရပါတယ်လို့။

Photo Credit: Myanmar Skateboard Club

Moethaesay (Akhayar)