Thor 4 မှာ ပြန်လည်ပါဝင်လာမယ့် Jane Foster (Natalie Portman)

Thor 4 မှာ ပြန်လည်ပါဝင်လာမယ့် Jane Foster (Natalie Portman)

ဟိုတလောက Thor 4 ထွက်မယ်ဆိုတဲ့သတင်းကို အခရာမှာဖော်ပြပေးခဲ့လို့ Thor ပရိသတ်တွေလည်း အားရပျော်ရွှင်ခဲ့ရမယ်ထင်ပါတယ်။ ဒါပေမယ့် Thor အတွက် Jane မရှိရင် အရာရာကမပြည့်စုံသလိုဘဲလို့ ကိုယ်ပြောခဲ့တဲ့အတိုင်း ရုပ်ရှင်ဖန်တီးသူတွေကလည်း Jane နဲ့ Thor ကို ခွဲထားလို့မသင့်ဘူးလို့ တွေးတယ်ထင်ပါတယ်။ အခုထွက်လာမယ့် Thor: Love and Thunder မှာ Natalie Portman က Female Thor အနေနဲ့ ပြန်ပြီးပါဝင်လာမှာပါ။

Natalie Portman ဟာ Thor ဇာတ်ကားတွေထဲက Original သရုပ်ဆောင်တွေထဲမှာ Marvel Studio နဲ့ အဆင်မပြေဖြစ်ခဲ့တဲ့ သရုပ်ဆောင်တွေထဲက တစ်ယောက်ပါ။ ပထမ Thor ဇာတ်ကား ၂ ကားမှာ Portman က Thor ချစ်ရတဲ့ ကမ္ဘာသူကောင်မလေး Jane Foster နေရာမှာ သရုပ်ဆောင်ခဲ့တယ်။ လွန်ခဲ့တဲ့နှစ်တွေမှာတော့ Portman က MCU ကို ပြန်လာဖို့ သိပ်ပြီးတော့ စိတ်မပါခဲ့ဘူး။ ဒါပေမယ့် လုံးဝပြန်မလာချင်ဘူးရယ်တော့လည်းမဟုတ်ပါဘူး။

နောက်ဆုံးတော့လည်း MCU ကို Character အကြီးစားတစ်ခုနဲ့ ပြန်ရောက်လာပြီပေါ့။ Marvel က ဆန်ဒီရေဂိုမှာ ပြုလုပ်ခဲ့တဲ့ Comic-Con မှာ Natalie Portman က Female Thor အနေနဲ့ ပြန်ပါလာမယ်လို့ ကြေညာခဲ့တယ်။ Jane Foster အနေနဲ့ သရုပ်ဆောင်ခဲ့တဲ့ Portman ရဲ့ ဇာတ်ကောင်ကို Female Thor အနေနဲ့ပြောင်းလိုက်တာကလည်း ပြောင်းလဲမှုကြီးတစ်ခုပါ။ Thor: The Dark World မှာ အာကာသရူပဗေဒပညာရှင်အဖြစ်နဲ့ သရုပ်ဆောင်ခဲ့ရာကနေ Female Thor အဖြစ် Comic ထဲက အတိုင်းပြောင်းပြီး သရုပ်ဆောင်ရင်တော့ ခက်ခဲနိုင်ပါတယ်လို့ ပြောနေကြပါတယ်။ ဒါပေမယ့် ကာတွန်းကိုဘယ်လောက်အခြေခံပြီး ရိုက်မယ်ဆိုတာကိုတော့ ကြိုပြီးမသိရသေးပါဘူး။ Superhero ရုပ်ရှင်တွေရဲ့ သဘောသဘာဝအတိုင်း ဇာတ်ကြောင်းအလှည့်အပြောင်းတွေကတော့ ရှိနေဦးမှာပါပဲ။

သေချာတာတစ်ခုကတော့ Female Thor နဲ့ Male Thor နှစ်ယောက်လုံးကို တစ်ကားတည်းမှာတွေ့ရမှာက စိတ်ဝင်စားစရာပါပဲ။ Natalie Portman က ဘယ် Hammer ကို ကိုင်ခွင့်ရမလဲဆိုတာကိုလည်း ရင်ခုန်စွာနဲ့စောင့်ပြီးကြည့်ရမှာပါ။ Is she worthy?

Photo Credit

Source: Screen Rant

Piki (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle