National Geographic ရွေးလိုက်တဲ့ ၂၀၁၉ ခရီးသွားဓာတ်ပုံတွေ

National Geographic ရွေးလိုက်တဲ့ ၂၀၁၉ ခရီးသွားဓာတ်ပုံတွေ

National Geographic က ရွေးချယ်တဲ့ 2019 National Geographic Travel Photo Contest မှာ ရသွားတဲ့ ဆုရဓာတ်ပုံတွေ ထွက်ရှိလို့လာပါပြီ။ ပြိုင်ပွဲမှာ နိုင်ငံပေါင်းစုံက ပြိုင်ပွဲဝင်တွေဆီက ထောင်ချီတဲ့ ဓာတ်ပုံတွေ လာရောက်ယှဉ်ပြိုင်တာကို တွေ့ရပါတယ်။ ပြိုင်ပွဲမှာ Nature, Cities နဲ့ People ဆိုပြီး ကဏ္ဍ (၃) သုံးခုခွဲထားပါတယ်။ ဒီခေါင်းစဉ်တွေအောက်မှာ ပထမ၊ ဒုတိယနဲ့ တတိယနေရာတွေရရှိခဲ့တဲ့ ဓာတ်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။

Category : Cities
Greenlandic Winter (Grand Prize & 1st Place)

ဓာတ်ပုံဆရာ Chu Weimin ရဲ့ ဓာတ်ပုံဖြစ်တဲ့ ဒီဓာတ်ပုံဟာ Greenland ရဲ့ အနောက်ဘက်က ကျွန်းငယ်လေးမှာရှိတဲ့ “Upernavik” ဆိုတဲ့ငါးဖမ်းရွာလေးကို ရိုက်ထားပါတယ်။ ဒီဓာတ်ပုံကို သူ့ Personal Photo Project အနေနဲ့ Greenland  သွားခဲ့တုန်းက ရိုက်ထားခဲ့တာ ဖြစ်ပါတယ်။

In the Age of Aviation (2nd Place)

ဒီဓာတ်ပုံမှာတော့ ပြေးလမ်းကြောင်း (၄) ခုရှိတဲ့ San Francisco’s International Airport (SFO) ကို ရိုက်ကူးထားတာပါ။ ဒီလိုမျိုးမြင်ရခဲတဲ့ ပြေးလမ်းကြောင်းကို ရိုက်ရတာ ဓာတ်ပုံဆရာ Jassen Todorov အတွက် မလွယ်ကူခဲ့ပါဘူး။ ဒီထက်ပြီးပြည့်စုံတဲ့ရှှုထောင့်ကနေ ရိုက်ဖို့လည်း သူ့မှာ အိမ်မက်တွေရှိနေပါသေးတယ်။

Streets of Dhaka (3rd Place)

ဝတ်ပြုဆုတောင်းနေတဲ့လူတစ်စုနဲ့ Cities ဆိုတဲ့ ခေါင်းစဉ်ကိုပုံဖော်ထားတာပါ။ ဘင်္ဂလာဒေ့ရှ်နိုင်ငံ မြို့တော်ဖြစ်တဲ့ ဒါကာမှာ နှစ်စဉ်“Bishwa Ijtema” နေ့ရောက်တိုင်း ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေအများစု လာဝတ်ပြုတတ်ကြပါတယ်။

Category : Nature
Tender Eyes (1st Place)

Nature ဆိုတဲ့ ကဏ္ဍအောက်မှာ ပထမနေရာကို ဗိုလ်စွဲသွားတဲ့ ပုံကတော့ အသက်ဝင်လွန်းပါတယ်။ ဒီပုံထဲက ကောင်းကင်မှာ ဝဲပျံနေတဲ့ လဒငှက်ကိုတော့ စပိန်နိုင်ငံက အမျိုးသားဥယျာဉ်မှာ အမိအရဖမ်းယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Dreamcatcher (2nd Place)

အရှိန်အဟုန်အပြည့်လာနေတဲ့ ရေလှိုင်းအမြင့်က ပါးစပ်အဟောင်းသားဖြစ်သွားစေမယ့်အထိ မင်သက်သွားစေနိုင်ပါတယ်။ ဓာတ်ပုံကြည့်တာနဲ့ အသက်ဝင်နေတဲ့ လှိုင်းလုံးကို တွေ့မြင်နိုင်ပါတယ်။

Dusky (3rd Place)

Dusky Dolphin တွေဟာ တခါတလေ အုပ်စုအလိုက် နယူးဇီလန်နိုင်ငံတောင်ပိုင်းကျွန်းမှာရှိတဲ့ “Kaikoura” ကျွန်းဆွယ်ဘက်ကို ကူးခတ်လာတတ်ပါတယ်။ သူတို့တွေက လာတဲ့ခရီးတစ်လျှောက်လုံးကို ရေစီးကြောင်းအတိုင်း သက်သက်သာသာလိုက်လာတတ်ပြီး အသက်ရှုထုတ်တဲ့အချိန်ကျမှ ရေပေါ်ပေါ်လာလေ့ရှိတတ်တဲ့ အချိန်ကို ဓာတ်ပုံဆရာက အမိအရဖမ်းယူထားတာပါ။

Category : People
Showtime (1st Place)

တရုတ်အော်ပရာကပြဖို့အတွက် ပြင်ဆင်နေတဲ့ သရုပ်ဆောင်တွေရဲ့ပုံဖြစ်ပါတယ်။ ဒီဓာတ်ပုံကိုရိုက်ဖို့အတွက် ဓာတ်ပုံဆရာဟာ အော်ပရာမှာပါမယ့်မင်းသားတွေရဲ့ စင်နောက်ကွယ်မှာ မိတ်ကပ်လိမ်းတဲ့အချိန်ကစပြီး စင်ပေါ်တက်သွားတဲ့အထိ တစ်နေ့ကုန် အချိန်ယူရိုက်ထားတာပဲဖြစ်ပါတယ်။

Daily Routine (2nd Place)

ဟောင်ကောင်ပြည်သူ့ရင်ပြင်မှာ ရိုက်ထားတဲ့ ဒီပုံအကြောင်းကိုတော့ ဓာတ်ပုံဆရာဖြစ်သူက ဒီလိုပြောပါတယ်။ “ညနေခင်းဘက် ရင်ပြင်ကိုသွားလည်ခဲ့တုန်းက လူတွေတအားများပြီး လူငယ်၊ လူရွယ်တော်တော်များများက ဓာတ်ပုံရိုက်ရင်ရိုက်၊ မဟုတ်ရင် ဘက်စကက်ဘောကစားနေကြတယ်။ ဒါပေမယ့် အရုဏ်တက်ချိန်သွားတော့ အရမ်းကိုတိတ်ဆိတ်နေပြီး မတူတဲ့နေရာတစ်ခုရောက်သွားသလိုပါပဲ” တဲ့။ အဲ့မနက်ခင်းမြင်ကွင်းကို အမိအရရိုက်ကူးပြီး ဒုတိယဆုရရှိသွားခဲ့ပါတယ်။

Horses (3rd Place)

စပိန်နိုင်ငံက “Las Luminarias” လို့ပေးထားတဲ့အခမ်းအနားမှာ တွေ့ရတဲ့မြင်ကွင်းပါ။ တိရစ္ဆာန်တွေကို သန့်စင်တဲ့အနေနဲ့ နှစ်စဉ်နှစ်တိုင်း လုပ်လေ့ရှိတဲ့ ဒီအခမ်းအနားကို ကျင်းပရာမှာ မြင်းထိန်းတွေက သူတို့မြင်းတွေနဲ့အတူ မီးပုံကို ဖြတ်ကျော်ရတဲ့ဓလေ့ရှိပါတယ်။ ဒီဓလေ့ကို Avila ဘုရင်ခံလက်ထက်၊ ၁၈ ရာစုနှစ်လောက်ကတည်းက ထိန်းသိမ်းလာကြတာပါ။

Reference & Photo Credit : NatGeo

NSC (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle