Negative Feedback တွေဟာ ဝန်ထမ်းတွေကို ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုဖြစ်စေနိုင်လား

Negative Feedback တွေဟာ ဝန်ထမ်းတွေကို ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုဖြစ်စေနိုင်လား

လူတွေဟာ ဘဝမှာ နေထိုင်လာရင်းနဲ့ အလုပ်မှာ Negative Feedback တွေ အပေးခံရတာမျိုး ကြုံတွေ့ဖူးကြမှာပါ။ အဲဒီလို Negative Feedback တွေနဲ့ ဝေဖန်ခံရတဲ့အခါ လူတွေဟာ အနည်းနဲ့အများတော့ စိတ်ဓာတ်ကျတာမျိုး ဖြစ်တတ်ကြပါတယ်။တချို့တွေကျတော့လည်း Negative Feedback တွေအပေးခံရမှ ကိုယ်ရဲ့အမှားတွေ၊ လိုအပ်ချက်တွေကို မြင်လာပြီး ပြုပြင်ပြောင်းလဲလိုက်လို့ ထုတ်လုပ်နိုင်စွမ်းတွေ ပိုတိုးလာတာကိုလည်း တွေ့ရှိရပါတယ်။ အဲဒီနဲ့ပတ်သက်ပြီး Journal Academy of Management က လေ့လာမှုတွေ ပြုလုပ်ပြီး ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ထားချက်အရ Negative Feedback တွေကို ဘယ်သူပေးလဲဆိုတဲ့အပေါ်မူတည်ပြီး ဝန်ထမ်းတွေရဲ့ တီထွင်ဖန်တီးနိုင်စွမ်းတွေကို လှုံဆော်ပေးတာမျိုးလည်း ဖြစ်နိုင်သလို တားဆီးပိတ်ပင်လိုက်တာမျိုး ဖြစ်နိုင်ပါတယ်ဆိုပြီး လေ့လာတွေ့ရှိထားပါတယ်။

သုတေသနပညာရှင်တွေရဲ့ လေ့လာမှုအရတော့ တီထွင်ဖန်တီးနိုင်မှုကို တားဆီးပိတ်ပင်လိုက်ပါတယ်တဲ့
သုတေသနပညာရှင်တွေက လက်တွေ့ကွင်းဆင်းပြီး လေ့လာလိုက်တဲ့အခါ လုပ်ငန်းခွင်ထဲက ဝန်ထမ်းတစ်ဦးဦးဟာ သူရဲ့မန်နေဂျာ၊ လုပ်ဖော်ကိုင်ဖက်တစ်ဦးဦးက Negative Feedback ပေးတာကို ခံရရင် နောက်ဆက်လုပ်ရမယ့် အလုပ်တွေမှာ တီထွင်ဖန်တီးနိုင်စွမ်းအား လျော့ကျသွားတာကို တွေ့ရှိရပါတယ်ဆိုပြီး ပြောကြားထားတာ ရှိပါတယ်။

Boss Scold Employee

Juniors တွေက Negative Feedback ပေးတဲ့အခါ
စိတ်ဝင်စားဖို့ကောင်းတာက ကိုယ်ထက်ငယ်တဲ့သူက ကိုယ့်ကို အပြုသဘောဆောင်တဲ့ Negative Feedback ပေတဲ့အခါ ကောင်းတဲ့ တိုးတက်မှုတွေ ဖြစ်လာတာကို တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတာကို သုတေသနပြုလုပ်တဲ့သူတွေ ရှင်းပြထားတာက မန်နေဂျာဟာ ဝန်ထမ်းတွေရဲ့ လစာတိုးရေး၊ စွမ်းဆောင်ရည် အကဲဖြတ်တာတွေကို ချုပ်ကိုင်ထားတဲ့အတွက် သူတို့ဆီကနေ Negative Feedback ရလိုက်တဲ့အခါ စိတ်ဖိစီးမှုတွေနဲ့ စိုးရိမ်ကြောင့်ကြမှုတွေ ဖြစ်လာပါတယ်။ အဲဒီလိုမဟုတ်ဘဲ တခြားသူတွေက ပေးလိုက်တဲ့အခါမှာတော့ ငါဘာတွေ မှားနေလဲ၊ ဘာတွကို ပြုပြင်ယူရမလဲဆိုတာကို တွေးမိသွားကြပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်လိုက်တဲ့အခါ တိုးတက်အောင်မြင်မှုတွေ ရရှိသွာွးကြတာ ဖြစ်ပါတယ်။ ဝန်ထမ်းလောကမှာကျင်လည်နေကြတဲ့သူတွေ ဟုတ်ကြလာဟေ့။

ဘာကြောင့် မန်နေဂျာက Negative Feedback ပေးတာကိုကျတော့ အပြုသဘောမမြင်ကြတာလဲ
လုပ်ဖော်ကိုင်ဖော်၊ ကိုယ်ရဲ့ Junior က Negative Feedback ပေးရင် ပြုပြင်ပြောင်းလဲပြီး တိုးတက်အောင် ကြိုးစားချင်ကြပေမယ့် မန်နေဂျာကပေးရင် ဘာကြောင့် ဆန့်ကျင်ဘက်အခြေအနေကို ပြောင်းသွားတာလဲ။ အဲဒါနဲ့ ပတ်သက်ပြီး လေ့လာမှုကို ပြုလုပ်ခဲ့သူတစ်ဦးလည်းဖြစ်ပြီး ဒီစာကို ပူးတွဲရေးသားသူတစ်ဦးလည်းဖြစ်တဲ့ Yen Joon Kim ရှင်းပြတာကတော့ အမှန်မှာတော့ Supervisor တွေက Negative Feedback ပေးတယ်ဆိုတာက လိုအပ်ချက်တွေကို လေ့လာသင်ယူပြီး ပြောင်းလဲစေချင်လို့ပါ။ ဝေဖန်ပြီး Negative Feedback ပေးရတာကို ဝါသနာပါတဲ့အတွက်ကြောင့် မဟုတ်ဘဲ Negative Feedback တွေထက် ပိုဆိုးတဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့လာရင် ဖြေရှင်းနိုင်အောင်လို့ လေ့ကျင့်ပေးတာမျိုး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အထက်မှာပြောခဲ့သလိုမျိုး လုပ်ပိုင်ခွင့်တွေက မန်နေဂျာ၊ Supervisor တွေမှာရှိတဲ့အတွက် အကောင်းမမြင်နိုင်ဘဲ စိတ်ဖိစီးမှုတွေ ဖြစ်ကာ အဆိုးမြင်သွားကြတာ ဖြစ်ပါတယ်။

Discuss

သုတေသနပညာရှင်တွေ အကြံပေးတာက ဘာပါလိမ့်
မန်နေဂျာတွေက သူတို့ရဲ့ တာဝန်တွေအရ အားနည်းတဲ့သူတွေ၊ တိုးတက်ပြောင်းလဲဖို့လိုအပ်တဲ့သူတွေကို Negative Feedback တွေပေးပြီး ဝေဖန်အကြံပေးရမှာဖြစ်တဲ့အတွက် သူတို့တာဝန် သူတို့ကျေပွန်အောင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ အဲဒီလို လုပ်ဆောင်တဲ့အခါမှာ တစ်ဖက်သားအမြင်ကပ်စရာမဖြစ်အောင် Feedback ပေးမယ်ဆိုရင်တောင် ဝေဖန်နေတဲ့ ပုံစံမျိုးမပေါက်အောင် ကြိုးစားပြီး ပေးသင့်ပါတယ်။ ဒါမှလည်း သူရဲ့ Creativity တွေက လျော့ကျသွားတာမျိုး မဖြစ်ဘဲနဲ့ တိုးတက်မှုတွေ ပိုမိုရရှိလာစေမှာပါ။ မြင်သာအောင်ပြောရမယ်ဆိုရင် ဒီမှာ ဒီလို လုပ်လိုက်တာထက်စာရင် ဒီလိုလေးပြောင်းလိုက်တာက ပိုကောင်းမယ်လို့ ထင်တယ်။ ပိုကြည့်ရတာလည်း အဆင်ပြေတယ်ဆိုပြီး ပြောလိုက်ရင် ဝေဖန်တဲ့ဘက်ကို သိပ်မရောက်တော့ပါဘူးလို့ သုတေသနပညာရှင်တွေက အကြံပေးထားပါတယ်။

နောက်ထပ်အကြံပေးထားတာကတော့ ဝေဖန်မယ်ဆိုရင်တောင် လူအများရှေ့မှာ ပေါ်တင်ကြီး ဝေဖန်အကြံပြုတာမျိုးထက် နှစ်ကိုယ်ကြား သီးသန့်ပြောရင် နားထောင်ရတဲ့သူဘက်ကလည်း အရှက်ကွဲတယ်ဆိုပြီး ခံစားချက်မျိုး မဝင်တော့တဲ့အတွက် ကိုယ်အပေါ်မှာလည်း လေးစားမှုပိုရှိလာပါလိမ့်မယ်။

ဝန်ထမ်းတွေအတွက် အကြံပေးချက်က ဘာပါလိမ့်
အဲဒီလို Negative Feedback အပေးခံရ၊အပြောခံရတဲ့အခါမှာလည်း ဝန်ထမ်းတွေဘက်က စိတ်ဓာတ်ကျမှုတွေ ၊ ဝမ်းနည်းမှုတွေ ဖြစ်တာကို နားလည်ပါတယ်။ ဒါပေမယ့်လည်း အဲဒီလို အပေးခံရတာနဲ့ပဲ စိတ်ဓာတ်ကျ၊ ဝမ်းနည်းပြီး အားငယ်နေလို့ မရပါဘူး။ ရှေ့ဆက်လျှောက်နေရဦးမှာမို့ အတတ်နိုင်ဆုံး စိတ်ကို တည်ငြိမ်အောင်ထားလိုက်ပြီး ဘာကြောင့် ငါဒီလိုအပေးခံရတာလဲ။ အဲဒီလို အပေးမခံရအောင် နောက်ဆို ဘယ်လိုနေမလဲဆိုပြီး သေချာအစီအစဉ်တွေချပြီး စိတ်နဲ့ကိုယ်နဲ့ ကပ်ကာ အလုပ်ကို ဖိဖိစီးစီးလေးလုပ်ပါ။ ဒါ့အပြင်  အဲဒီလိုမျိုး Negative Feedback အပေးခံရတဲ့အခါ ယုံကြည်စိတ်ချရတဲ့သူတစ်ဦးဦးကို ဖွင့်ပြောပြီး ကိုယ်ရဲ့စိတ်ဖိစီးမှုကို လျော့ချကာ နောက်နေ့ နောက်နေ့အတွက် ခွန်အားယူကြည့်ပါ။

Negative Feedback ဆိုတာ လုပ်ငန်းခွင်မှာ အလုပ်လုပ်နေသမျှ မလွဲမသွေ ကြုံတွေ့ရမယ့်ကိစ္စဖြစ်လို့ ရှောင်လွဲဖို့တော့ မလွယ်ပါဘူးနော်။ ရှောင်လွဲဖို့ မလွယ်ကူတဲ့ အရာမျိုးတွေဆိုရင် ထိပ်တိုက်တွေ့လိုက်တာက အကောင်းဆုံးဖြေရှင်းနည်းပါ။ ထိပ်တိုက်တွေ့ရတဲ့အခါမှာလည်း စိတ်ဓာတ်ကျ၊ ဝမ်းနည်းအားငယ်နေမယ့်အစား နောက်ဆို ဒီလိုမျိုး မဖြစ်ရအောင်လို့ ဘယ်လိုတွေ ပြုပြင်ပြီး နေထိုင်မလဲဆိုပြီး အကောင်းဘက်ကို ပြောင်းတွေးကြည့်လိုက်ရင် တဖြည်းဖြည်းနဲ့ Negative Feedback တွေ ရရှိလာတာ နည်းလာပြီး လုပ်ငန်းခွင်တွင်းမှာ အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်နိုင်လာမှာပါနာ်။ လုပ်ငန်းခွင်ထဲမှာ ကျင်လည်နေတဲ့ ပရိသတ်ကြီးတွေတိုင်းလည်း Negative Feedback တွေရရှိတာမျိုး သိပ်မဖြစ်ဘဲ အောင်မြင်တိုးတက်မှုတွေပဲ ရရှိပိုင်ဆိုင်နိုင်ကြပါစေနော်။

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle