Netflix က ဒီနွေကို အချစ်ကားကောင်းလေးနဲ့ ပရိသတ်ရင်ကို ဖမ်းစားပြန်ပြီ

Netflix က ဒီနွေကို အချစ်ကားကောင်းလေးနဲ့ ပရိသတ်ရင်ကို ဖမ်းစားပြန်ပြီ

အားလုံးပဲသတိတော့ထားမိကြမှာပါ။ ဒီနောက်ပိုင်းမှာ Netflix က ဇာတ်ကားကောင်းတွေ ဆက်တိုက်လာတယ်ဆိုတာကိုလေ။ The Kissing Booth ၊ Bird Box ၊ To All the Boys I’ve Loved Before” တို့လိုဇာတ်ကားတွေ “Stranger Things” ၊ “You” ၊ “Thirteen Reasons Why ” တို့လိုဇာတ်လမ်းတွဲတွေနဲ့ လူငယ်တွေရဲ့အကြိုက်ကို အပိုင်သိမ်းနေတာပါ။ အခုလည်း Netflix က ဒီနွေကို အချစ်ဇာတ်ကားလေးတစ်ကားနဲ့ ထပ်ပြီးရောက်ရှိလာတော့မှာပါ။

ဇာတ်ကားလေးရဲ့နာမည်က The Last Summer တဲ့။ ဇာတ်ကားလေးက ဆယ်ကျော်သက်အချစ်ကားလေးပါ။ တက္ကသိုလ်ကိုမကြာခင်သွားရတော့မယ့် သူငယ်ချင်းလေးယောက် ၊ နောက်ဆုံးကျန်တဲ့နွေရာသီမှာ သူတို့ရဲ့ခံစားချက်တွေကို ရင်ဆိုင်ပြီးဖြေရှင်းကြရမယ်။ Trailer ကတော့ ထုံးစံအတိုင်း ဘာကိုမှသဲသဲကွဲကွဲ မပြောပေမယ့် ခန့်မှန်းချက်အရတော့ Griffin နေရာမှာသရုပ်ဆောင်တဲ့ KJ Apa က အနုပညာကိုစိတ်ဝင်စားတယ် ၊ အဲဒီမှာ သူငယ်ချင်းမဟုတ်တဲ့ သူငယ်ချင်း (သူငယ်ချင်းချစ်သူ) လို့ထင်ရတဲ့ Phoebe က Griffin ကိုအားပေးတယ်။ ဒီကြားမှာ လေးယောက်ထဲက ကျန်နှစ်ယောက်ကသမီးရည်းစား ၊ နောက်ပိုင်းအဆင်မပြေလို့ကွဲသွားတဲ့အခါ ကောင်မလေးက ဘေ့ဘောစ်ကစားသမားလေးနဲ့ ဟိုလိုလိုဒီလိုလိုဖြစ်တယ်။ (P.S ဘေ့စ်ဘောသမားလေးက တခြားသူမဟုတ်ပါဘူး။ Teenwolf မင်းသား Tyler Posey ပါ)။

Photo Credit – Buzzfeed.com

ဒီတော့ဘယ်လိုနေနေ အသေကြည်နူးပြီးကြည့်ရတော့မယ့် ဇာတ်ကားလေးပါ။ အညိုရောင်ဆံပင်နဲ့ “Riverdale” မင်းသား KJ Apa ။

ပါးချိုင့်ပိုင်ရှင်လေး Tyler Poser လည်းပါနေတယ်ဆိုတော့ကား…….

မေလ ၃ ရက်နေ့မှာ ထွက်လာမယ့်ကားလေးကို Netflix မှာ စောင့်မေ ျှာ်ကြည့်ရှုလိုက်ပါနော်။ အခုတော့ကြိုတင်ပြီးအရသာခံလို့ရအောင် Trailer လေးလည်းထည့်ပေးထားပါတယ်။

Piki (Akhayar)

Ref: www.buzzfeed.com

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ