Bookworm တွေအကြိုက်တွေ့မယ့် Book Land စာအုပ်ဆိုင်

Bookworm တွေအကြိုက်တွေ့မယ့် Book Land စာအုပ်ဆိုင်

မနေ့ကကျွန်မ အလုံမှာရှိတဲ့ Book Land ဆိုတဲ့စာအုပ်ဆိုင်ဖွင့်ပွဲကို ရောက်ဖြစ်ခဲ့တယ်။ Book Land က Myanmar Book Center ကနေပဲ နာမည်ခွဲနဲ့ ထပ်ဖွင့်ထားတာပါ။ တခြားဘာမှပြောခင် အရင်ဆုံးပြောချင်တာကလေ “စာအုပ်ဆိုင်က အကြီးကြီးပဲ….. ” Omg ကျွန်မသွားရည်တွေကျပြီး ပြန်လာခဲ့ရတယ်။ မြင်နေရပြီးမကြင်ခဲ့ရတဲ့ စာအုပ်တွေကြောင့်ပေါ့။

Book Land မှာ အထပ်နှစ်ထပ်ရှိတယ်။ အောက်ထပ်က အင်္ဂလိပ်စာအုပ်တွေ ရောင်းတဲ့အထပ် ၊ အပေါ်ထပ်ကတော့ မြန်မာစာအုပ်တွေရောင်းတဲ့အထပ်။ စာအုပ်ဆိုင်ကလည်း ခြံဝင်းကျယ်ကြီးထဲက နှစ်ထပ်တိုက်ကြီးကို ဆိုင်အနေနဲ့လုပ်ထားတာ။ ကားတွေအများကြီးရပ်လို့ရလောက်အောင် ကားပါကင်ကလည်းကျယ်တယ်။ (တိုက်ကြီးကိုတော့ ဓာတ်ပုံမရိုက်ခဲ့ရဘူး ၊ အပြင်မှာနေပူနေလို့ ၊ ရုပ်ထွက်မလှမှာစိုးလို့) Bookland မှာ စာအုပ်တွေ တော်တော်စုံတယ်လို့လည်း ကျွန်မထင်ပါတယ်။ Fiction ၊ Biography ၊ Non-Fiction ၊ English Learning ၊ Accounting ၊ Children Book… အို များလွန်းလို့ ဓာတ်ပုံတောင် အကုန်မရိုက်ခဲ့ရဘူး။

ပိုမိုက်တာကလေ… Book Land မှာရှိတဲ့ စာအုပ်တွေအားလုံးက Original တွေကြီးပဲ။ ဒါကြောင့် ဈေးကနည်းနည်းလေးတော့ ပိုကြီးတယ်ပေါ့နော်။ ဒါပေမယ့် ကျွန်မတို့လိုစာကြမ်းပိုးတွေက ကောင်မလေးတွေ မိတ်ကပ်ဖိုးကို သိန်းနဲ့ချီအကုန်ခံသလို စာအုပ်ဖိုးကို ဘယ်လောက်ကုန်ကုန် ဂရုမစိုက်ပါဘူးလေ။ မှန်တယ်မလား။

နောက်ပြီးမြန်မာစာအုပ်တွေလည်း အစုံတွေ့ခဲ့တယ်။ ဝတ္ထုတွေ ၊ ဘာသာပြန်တွေ ဒါတင်မကသေးဘူး References စာအုပ်တွေတောင်ရှိပါ့။ မှန်ဗီဒိုထဲမှာသော့ခတ်ပြီး သိမ်းထားတာ။ အဲဒီ References စာအုပ်တွေကို ဝယ်လို့တော့မရဘူး။ ဒါပေမယ့် စာအုပ်ဆိုင်မှာပဲ သွားဖတ်လို့ရတယ်။ သွားဖတ်လို့ရတယ်ဆိုလို့ ဒီတိုင်းမတ်တပ်ရပ်ပြီး ဖတ်ရမှာလားလို့ မထင်လိုက်နဲ့နော်။ ကော်ဖီသောက်ရင်း စာအုပ်ဖတ်လို့ရတဲ့ဆိုင်တစ်ဆိုင် ထပ်တိုးလာပါပြီ။ (ဒန် ဒန်း ဒန်…….)

ဘာလို့လဲဆိုတော့ Book Land ရဲ့ အပေါ်ထပ်မှာရော အောက်ထပ်မှာပါ Cafe တွေ ဖွင့်ထားလို့ပါ။ ဒီတော့ Cafe နှစ်ခုနဲ့ စာအုပ်ဆိုင်ပေါ့။ ပိုတောင်လန်းသေးတယ်နော်…။ စာဖတ်ချင်စိတ်ဖြစ်စေတဲ့ မီးအလင်းရောင်နဲ့ ပြတင်းပေါက်တွေရှိတဲ့နေရာကိုရွေးပြီး Cafe ဖွင့်ထားတာပါ။ မနေ့ကကျွန်မကို ဆိုင်အကြောင်းလိုက်ရှင်းပြတဲ့ အစ်ကိုစွမ်းထက်ကို သေချာကိုမေးခဲ့တာတစ်ခုရှိတယ်။ အဲဒါက စာအုပ်မဝယ်ဘဲ ကော်ဖီဆိုင်ပဲထိုင်ရင်း စာအုပ်ဆိုင်မှာရှိတဲ့ ကြိုက်တဲ့စာအုပ်ကို ယူဖတ်လို့ရတယ်တဲ့။ တချို့သူတွေက စာဖတ်ရတာ ကြိုက်ပေမယ့် Original စာအုပ်တွေကို အမြဲလိုလိုမဝယ်နိုင်ဘူးလေ။ ကျွန်မအပါအဝင်ပေါ့။ ဒါကြောင့် ကော်ဖီသောက်ရင်း စာဖတ်ရတာကြိုက်တဲ့သူတွေအတွက်တော့ ဇိမ်ပဲပေါ့။ (ဒါတောင် Cafe ရဲ့ နေရာတိုင်း ဓာတ်ပုံမရိုက်ခဲ့ရဘူး။ လူတွေရှုပ်နေလို့)

ဒီစာအုပ်ဆိုင်လေးကို စာကြမ်းပိုးတွေဘာလို့အကြိုက်တွေ့မှာလဲဆိုတော့ ဒီဆိုင်လေးကိုဖွင့်ရတဲ့ ရည်ရွယ်ချက်က စာအုပ်ဆိုင်အနေနဲ့ရပ်တည်ဖို့ထက် Library အနေနဲ့ ရပ်တည်ဖို့ဆိုလို့ပါ။ ဒီနိုင်ငံကလူငယ်တွေကို စာဖတ်ခြင်းဆိုတဲ့ အကျင့်ကောင်းလေးကို ပြန်ပြီး ရရှိစေချင်လို့လည်းပါတယ်။ ကိုစွမ်းထက်ပြောပြပုံအရ နောက်လကစပြီး Bookclub တွေလုပ်ပေးဖို့အစီအစဉ်ရှိပါတယ်။ Book Land က Bookclub ရဲ့ အဖွဲ့ဝင်တိုင်းက စာအုပ်တွေကိုဝယ်စရာမလိုပဲ ငှားဖတ်ခွင့်ရှိမယ်။ ဒါကြောင့် ကိုယ်ဖတ်ချင်တဲ့စာအုပ်တွေများပြီး အားလုံးကိုဝယ်ဖို့မတတ်နိုင်တဲ့ လူငယ်တွေအတွက် Bookclub လေးမှာပါဝင်ပြီးတော့ ဝါသနာကိုလည်းပျိုးထောင်ရင်း ဗဟုသုတတွေလည်းပွားများလာအောင်လုပ်လို့ရပါတယ်။

ရန်ကုန်မှာ American Center တို့ British Council တို့လို စာကြည့်တိုက်တွေရှိနေပေမယ့် သူတို့ဆီမှာက စာအုပ်မရောင်းပေးဘူးလေ။ တချို့တွေက စာအုပ်တစ်အုပ်ကိုကြိုက်ရင် အပိုင်လည်းသိမ်းထားချင်ပါကိုး။ Book Land က ရွေးချယ်စရာတော်တော်များများကိုပေးစွမ်းနိုင်တာပါ။ စာဖတ်လို့ရတယ် ၊ စာအုပ်ငှားသွားလို့ရတယ် (Bookclub ဝင်ရင်) စာအုပ်လည်းဝယ်လို့ရတယ်။ ဘယ်လောက်မိုက်လဲ။ ပြီးတော့ လမ်းမကြီးနဲ့လည်းမနီးတော့ ကားသံတွေသိပ်မကြားရဘူး။ တိတ်တိတ်ဆိတ်ဆိတ် စာဖတ်လို့ကောင်းမှကာင်းပေါ့။

ကျွန်မကတော့ နောက်လာမယ့်နေ့ရက်တွေမှာ Book Land ကို မကြာခဏသွားနေမိမယ်ဆိုတာ သေချာပါတယ်။ စာကြမ်းပိုးတစ်ယောက်ဖြစ်နေတာနဲ့အညီ စာပေအသီးအပွင့်တွေကို တစ်ယောက်တည်းတိတ်တိတ်လေးမစားဘဲနဲ့ ကျန်တဲ့သူတွေလည်း အတူတူစားလို့ရအောင်လို့ ဒီဆိုင်လေးအကြောင်းကို မ ျှဝေပေးလိုက်ပါတယ်နော်။

Piki (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle