တစ်ခါသုံးပလတ်စတစ်အိတ် သုံးစွဲမှုကို တားမြစ်လိုက်တဲ့ နယူးယောက်ပြည်နယ်

တစ်ခါသုံးပလတ်စတစ်အိတ် သုံးစွဲမှုကို တားမြစ်လိုက်တဲ့ နယူးယောက်ပြည်နယ်

ပလတ်စတစ်ပစ္စည်းတွေဟာ အသုံးပြုရတာလွယ်ပေမယ့် ဘေးထွက်ဆိုးကျိုးတွေက များလွန်းပါတယ်။ မြေပြင်မှာ စွန့်ပစ်လိုက်မယ်ဆိုရင်တောင် နှစ်ပေါင်းများစွာကြာတဲ့အထိ မဆွေးမြေ့သွားဘဲ မြေဆီလွှာတွေကို ပျက်စီးစေပါတယ်။ ၂ဝ၁၈ ခုနှစ်မှာတင် ကမ္ဘာတစ်လွှားမှာ ပလတ်စတစ်တန်ချိန် (၃၈ဝ) သန်းအထိ ထုတ်လုပ်ခဲ့တယ်လို့ သိရပါတယ်။ ထုတ်လုပ်ခဲ့တဲ့ ပလတ်စတစ်ပမာဏထဲက (၉) ရာခိုင်နှုန်းကိုပဲ ပြန်လည်သုံးစွဲနိုင်ခဲ့ပြီး တခြား (၁၂) ရာခိုင်နှုန်းကတော့ မီးရှို့ ပြီး လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲနိုင်ခဲ့တာပါ။ ကျန်တဲ့ (၇၉) ရာခိုင်နှုန်းနီးပါးက မြေထု၊ ရေထုထဲကို ရောက်ရှိကုန်ပြီး သက်ရှိသတ္တဝါတွေကို ထိခိုက်စေပါတယ်။ သမုဒ္ဒရာထဲမှာရှိတဲ့ ပလတ်စတစ်အိတ် (၈ဝ) ရာခိုင်နှုန်းဟာ ကုန်းမြေပေါ်က အစပြုခဲ့တာဖြစ်ပြီး ၂ဝ၅ဝခုနှစ်ရောက်တဲ့အခါ သမုဒ္ဒရာထဲမှာ ငါးတွေထက် ပလတ်စတစ်အိတ်တွေက အလေးချိန်ပိုများလာမယ်လို့ အမေရိကန်နိုင်ငံမှာရှိတဲ့ Environmental Protection Agency က ခန့်မှန်းထားပါတယ်။

ဒါ့ကြောင့် အာဏာပိုင်အစိုးရအဖွဲ့ အစည်းတွေဟာ ပလတ်စတစ်သုံးစွဲမှုတွေကို ထိန်းချုပ်ဖို့ ကြိုးစားလာကြပါတယ်။ ဟုတ်ပါတယ်။ အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်မှာ ပလတ်စတစ်အိတ်သုံးစွဲခြင်းကို တရားဝင်တားမြစ်လိုက်ပါပြီ။ ၂ဝ၁၉ခုနှစ် ဧပြီလ (၂၂) ရက်နေ့မှာ နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူး Andrew Cuomo ဟာ တစ်ခါသုံးပလတ်စတစ်အိတ်တွေကို ပြည်နယ်တစ်ခွင်မှာ တားမြစ်တဲ့ ဥပဒေသစ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ဥပဒေသစ်ဟာ ၂ဝ၂ဝခုနှစ် မတ်လမှာ သက်ရောက်မှာဖြစ်ပါတယ်။ နယူးယောက်ပြည်နယ်မှာ ပလတ်စတစ်အိတ်ပေါင်း (၂၃) ဘီလီယံကို နှစ်စဉ်အသုံးပြုခဲ့ကြပြီး (၅ဝ) ရာခိုင်နှုန်းက ပတ်ဝန်းကျင်မှာ ပျံ့ နှံ့နေတယ်လို့ ခန့်မှန်းထားကြပါတယ်။

“ပလတ်စတစ်အိတ်တွေက နယူးယောက်ပြည်နယ်မှာ နေရာအနှံ့ပါပဲ။ သစ်ပင်ပေါ်မှာ ချိတ်နေကြတယ်၊ အိမ်ဘေးတွေမှာလည်း ကပ်နေတယ်၊ ရေပေါ်မှာလည်း မျောနေကြပါတယ်။ ပတ်ဝန်းကျင်ကို ကြည့်ရဆိုးစေပါတယ်။ တစ်ခါသုံးပလတ်စတစ်အိတ်တွေက ပတ်ဝန်းကျင်နဲ့ လူ့အသိုင်းအဝိုင်းမှာ ခြိမ်းခြောက်နေတဲ့ အရာတစ်ခုပါပဲ” လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ပလတ်စတစ်အိတ် သုံးစွဲမှုကို တားမြစ်လိုက်တာက နယူးယောက်ပြည်နယ်ရဲ့ ရေပြင်နဲ့ မြေပြင်တွေမှာရှိတဲ့ ပလတ်စတစ်အမှိုက်တွေကို လျော့ချစေရုံမက အဲဒီအိတ်တွေကို မီးရှို့ တဲ့အခါမှာ နှစ်စဉ်အသုံးပြုနေရတဲ့ ဓာတ်ဆီစည် (၁၂) သန်းအထိကို ချွေတာပြီးသားဖြစ်စေပါတယ်။

အမေရိကန်နိုင်ငံဟာ ပလတ်စတစ်ဈေးဝယ်အိတ် (၁ဝဝ) ဘီလီယံအထိ နှစ်စဉ်အသုံးပြုတယ်လို့ ၂ဝ၁၄ခုနှစ်မှာ ခန့်မှန်းခဲ့ကြပြီး မိသားစုတစ်ခုမှာ ပျမ်းမျှအနေနဲ့ ပလတ်စတစ်အိတ်ပေါင်း (၁,၅ဝဝ) အထိ နှစ်စဉ်အသုံးပြုတယ်လို့ သုံးသပ်ထားကြပါတယ်။ နယူးယောက်ပြည်နယ်ဟာ ကယ်လီဖိုးနီးယားပြည်နယ်နဲ့ ဟာဝိုင်အီပြည်နယ်ပြီးရင် ပလတ်စတစ်အိတ်အသုံးပြုမှုကို တားမြစ်တဲ့ တတိယပြည်နယ်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ပြည်နယ်သုံးခုရဲ့ လူဦးရေဟာ အမေရိကန်လူဦးရေရဲ့ (၁၈) ရာခိုင်နှုန်းအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

Reference and Photo Credit – Forbes ၊ Malta National Aquarium

Kyaw Soe Aung (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle