Call Me by Your Name မင်းသား Timothée Chalamet ပါဝင်တဲ့ အခြားဇာတ်ကားမျာ

Call Me by Your Name မင်းသား Timothée Chalamet ပါဝင်တဲ့ အခြားဇာတ်ကားမျာ

Call Me by Your Name ဇာတ်ကားမှာသရုပ်ဆောင်ခဲ့တဲ့ Timothée Chalamet ကိုကျွန်မတို့အရမ်းသဘောကျခဲ့ကြပါတယ်။ Timothée က အသက် ၂၃ နှစ်သာရှိသေးပြီး Academy Award အထိဆန်ကာတင်စာရင်းဝင်ခဲ့တဲ့သူဖြစ်တယ်။ သရုပ်ဆောင်အရမ်းကောင်းပြီး မေးချွန်ချွန် ဆံပင်ကောက်ကောက်လေးနဲ့ မင်းသားကနှုတ်ခမ်းနီမလေးတွေရော နှုတ်ခမ်းနီမဆိုးတဲ့ကောင်လေးတွေကိုရော အရူးအမူးစွဲလမ်းအောင် လုပ်နိုင်တဲ့သူပါ။ ဒီလိုငယ်ငယ်ရွယ်ရွယ်နဲ့အရည်အချင်းရှိတဲ့ Timothée က တခြားနာမည်ကြီးဇာတ်ကားတွေမှာလည်းသရုပ်ဆောင်ခဲ့သေးတယ်ဆိုတာသိကြလား။ မသိသေးဘူးဆိုရင် အောက်ကိုဆက်ပြီးဖက်လိုက်လို့ရပြီနော်။

Interstellar (2014)
Timothée Chalamet က Call Me by Your Name မအောင်မြင်ခင်တည်းက နာမည်ကြီးဒါရိုက်တာ Christopher Nolan ရိုက်ကူးခဲ့တဲ့ Interstellar ရုပ်ရှင်ဇာတ်ကားမှာ အာကာသယာဉ်မှူးအဖေ Cooper ရဲ့ သား Tom အနေနဲ့ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Tom ရဲ့ငယ်ဘဝကနေသရုပ်ဆောင်တာဖြစ်လို့ သူသရုပ်ဆောင်ရတဲ့အခန်းအများကြီးမပါခဲ့တာနဲ့ ပရိသတ်တွေသတိမထားမိခဲ့ကြတာပါ။ ဒါပေမယ့်ဇာတ်ကားကတော့ Nolan ရဲ့အအောင်မြင်ဆုံးဇာတ်ကားတွေထဲက တစ်ကားဖြစ်ခဲ့ပြီး Best Visual Effects အတွက် Academy Award ရခဲ့တဲ့ကားလည်းဖြစ်ပါတယ်။

Lady Bird (2017)
2017 ခုနှစ်ရဲ့ဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့ Lady Bird ဇာတ်ကားမှာလည်း Chalamet ကိုခပ်မိုက်မိုက်ကောင်လေးအနေနဲ့တွေ့ရမှာပါ။ ဒီဇာတ်လမ်းမှာ အားလုံးသိပြီးသားဖြစ်တဲ့ မင်းသမီးလေး Saoirse Ronan ရဲ့တွဲခုတ်ခဲ့တဲ့ဘဲလန်းလန်းလေး Kyle Scheible အနေနဲ့ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒီဇာတ်လမ်းလေးက ဆယ်ကျော်သက်တစ်ယောက်ကသူ့ရဲ့ဖြစ်တည်မှုကိုမိသားစုရဲ့အဆင်မပြေမှုတွေ ကိုယ့်ရဲ့သိမ်ငယ်စိတ်တွေ လူ့သဘာဝအရ ချမ်းသာပြီး နာမည်ကြီးချင်တဲ့စိတ်တွေကြားကနေ ရှာဖွေဖော်ထုတ်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ Golden Globe မှာအကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆုရပြီး Academy အတွက်လည်း ဆန်ခါတင်ဝင်တဲ့ကားလေးဖြစ်ပါတယ်။

Hot Summer Nights (2017)
Hot Summer Nights ကတော့ Interstellar နဲ့ Lady Bird လောက်မအောင်မြင်ပေမယ့် ကျွန်မကတော့သဘောကျတဲ့ကားလေးတစ်ကားဖြစ်တယ်။ ဒီဇာတ်လမ်းလေးက နွေရာသီမှာအဒေါ်နဲ့အတူလာနေရင်းနဲ့ မူးယစ်ဆေးရောင်းတဲ့သူတစ်ယောက်နဲ့သူငယ်ချင်းဖြစ်ပြီးဆေးတွေရောင်းတဲ့အထက်တန်းပြီးခါစကောင်လေး ဒယ်နီရယ်နဲ့သူရဲ့အချစ်ဇာတ်လမ်းအကြောင်းကိုရိုက်ကူးထားတာဖြစ်တယ်။ ဒယ်နီရယ်နေရာမှာ Timothée ကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး 90’s ခေတ်ကိုအခြေခံရိုက်ထားတာကြောင့် အဝတ်အစားအပြင်အဆင်တွေ အပြောအဆိုတွေကို အရမ်းတွေသဘောတွေ့နေခဲ့ရပါတယ်။ ဒါကြောင့် Timothée ရဲ့အမာခံပရိသတ်ဆိုရင်တော့ ဒီကားလေးကိုကြည့်သင့်တယ်ထင်ပါတယ်။

Beautiful Boy (2018)
Beautiful Boy က မနှစ်ကမှထွက်ထားတဲ့ ဒရာမာဇာတ်ကားလေးဖြစ်တယ်။ ဒီဇာတ်ကားမှာ နာမည်ကြီးမင်းသားကြီးဖြစ်တဲ့ Steve Carell နဲ့ Timothée တို့ကသားအဖအနေနဲ့သရုပ်ဆောင်ထားတာဖြစ်တယ်။ ဒီဇာတ်လမ်းက David Sheff ရေးတဲ့ Beautiful Boy ဆိုတဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းစာအုပ်ကိုပြန်ရိုက်ထားတာဖြစ်တယ်။ David နဲ့သူ့သား Nic Sheff တို့နှစ်ယောက်ကြားကဆက်ဆံရေး ၊ Nic ရဲ့ဆေးဆွဲတဲ့ပြဿနာကိုအဖေ David ကကူညီမပေးနိုင်လို့စိတ်ဓာတ်တွေကြပြီး သားအဖနှစ်ယောက်အတူတူဖြေရှင်းကြတဲ့ ရင်ကိုထိစေမယ့်ဇာတ်ကားလေးဖြစ်ပါတယ်။ ကျွန်မကတော့ Beautiful Boy ကို မကြည့်မဖြစ်ကြည့်ပါလို့တိုက်တွန်းချင်ပါတယ်။ Beautiful Boy က Golden Globe ဆန်ခါတင်တွေအများကြီးဝင်တဲ့ကားလေးလည်းဖြစ်ပြီး Rating လည်းကောင်းတာကြောင့်ကြည့်စေချင်တာလည်းပါပါတယ်။

ဒီတော့……Timothée Chalamet ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားတွေကိုကျွန်မသိသလောက်လည်း ပြောပြပြီးသွားပြီ။ ကြည့်မယ်မကြည့်ဘူးဆိုတာကတော့ ပရိသတ်ကြီးတို့ရဲ့ဆုံးဖြတ်ချက်နဲ့ပဲဆိုင်ပါတယ်။ ဒါ့အပြင်သတင်းကောင်းတစ်ခုကတော့ Interstellar နဲ့ Lady Bird တို့ကို ကျွန်မတို့မြန်မာနိုင်ငံမှာ Netflix တို့လိုပဲ ရုပ်ရှင်ကြည့်ရှုဖို့ အသုံးပြုနိုင်တဲ့ Cookie TV App ကနေပြီးတော့ ငှားရမ်းကြည့်ရှုလို့ရပါတယ်။ ဈေးနှုန်းသင့်တင့်ပြီး ရုပ်ရှင်အယ်လ်ဘမ်လိုက်ရော တစ်ကားချင်းစီပါ ကြည့်နိုင်တာကြောင့် ရုပ်ရှင်ကြည့်ပရိသတ်အကြိုက်ဖြစ်မှာပါလို့ပြောပြချင်ပါတယ်။ So….. try these movies with Cookie TV, will you?

Piki (Akhayar)