စဉ့်တီတုံးဆိုရင် သစ်သားကကောင်းလား ပလတ်စတစ်က ကောင်းလား

စဉ့်တီတုံးဆိုရင် သစ်သားကကောင်းလား ပလတ်စတစ်က ကောင်းလား

တစ်နေ့ထက်တစ်နေ့ ရွေးချယ်စရာတွေများလာတဲ့ ခေတ်ကြီးမှာ ဘယ်အရာကိုရွေးဝယ်ရမလဲဆိုတာကလည်း ခေါင်းစားစရာတစ်ခုပါပဲ။ စဉ့်တီတုံးကိုပဲ ကြည့်ပါ။ စဉ့်တီတုံးမှာဆို သစ်သားနဲ့ လုပ်ထားတာရှိမယ်။ ပလတ်စတစ်နဲ့ လုပ်ထားတာရှိမယ်။ ဒီတော့ ဘယ်ဟာက အသင့်တော်ဆုံးဖြစ်မလဲဆိုတာ သိဖို့လိုလာပါပြီ။ မဟုတ်ရင်တော့ ရင်းနှီးမြုပ်နှံလိုက်သမျှ သဲထဲရေသွန်သလိုဖြစ်သွားပါလိမ့်မယ်။

ပလတ်စတစ်စဉ့်တီတုံးရဲ့ အားသာချက်
အဓိကအားသာချက်ကတော့ သန့်စင်ရလွယ်ကူတာပါပဲ။ သစ်သားစဉ့်တီတုံးဆိုရင် သူ့ကိုသန့်စင်တဲ့အခါမှာ ရေတွေ စိမ့်ဝင်နိုင်ပြီး အဲ့ဒီကနေမှ ဘက်တီးရီးယားပိုးတွေအပြင် မှိုတွေပါ ကပ်တွယ်နိုင်ပါတယ်။ ဒါ့ကြောင့်မို့လို့ New York မြို့က စားသောက်ဆိုင်တချို့မှာဆိုရင် သစ်သားစဉ့်တီတုံးကို သုံးတဲ့အခါ ဆောင်ရန်၊ ရှောင်ရန် စည်းမျဉ်းစည်းကမ်းတွေကို တင်းတင်းကြပ်ကြပ် ထားလေ့ရှိပါတယ်။ ပလတ်စတစ်ဆိုရင်တော့ ဘက်တီးရီးယားပိုးတွေ အလွယ်တကူကပ်နိုင်မယ့် ဘေးက ကင်းပါတယ်။

သစ်သားစဉ့်တီတုံး အားသာချက်ကရော
ကြာကြာခံနိုင်တာက အကြီးမားဆုံး အားသာချက်ပါ။ ပလတ်စတစ် စဉ့်တီတုံးဆိုရင်တော့ ခဏပဲ သုံးလို့ရပါလိမ့်မယ်။ ပလတ်စတစ်စဉ့်တီတုံးနဲ့ တစ်ခုခုလှီးဖြတ်မယ်ဆိုရင် အစင်းရာတွေက မြင်ရက်စရာမရှိလောက်အောင် ဖြစ်နေချိန်မှာ သစ်သားစဉ့်တီတုံးကတော့ အေးဆေးလေး အလှမပျက်ရှိနိုင်ပါတယ်။ ပြီးတော့ ပလတ်စတစ်ရဲ့ ဆိုးကျိုးဆိုတာလည်း ရှိသေးတယ်မဟုတ်လား။ ပြီးတော့ သစ်သားက ပလတ်စတစ်ထက် လေးပြီးမာကျောတယ်။ ဒီအချက်ကြောင့် ဓားအသုံးပြုတဲ့အခါ မချော်ထွက်ဘဲ အသုံးပြုလို့ကောင်းတယ်။

ဒီလိုတွေပြောလိုက်လို့ ဘာရွေးရမှန်းမသိဖြစ်သွားရင် စိတ်မပူပါနဲ့။ အကြံပြုရမယ်ဆိုရင်တော့ ပလတ်စတစ်စဉ့်တီတုံးကို အသားတွေလှီးဖို့အတွက် သုံးပေးပြီး သစ်သားကိုတော့ ဟင်းသီးဟင်းရွက်လှီးဖြတ်ဖို့အတွက် ထားနိုင်ပါတယ်။ အသုံးပြုပြီးရင်တော့ သေချာလေးဆေးပေးပြီး သန့်စင်အောင်ထားပေးဖို့ မမေ့ပါနဲ့နော်။

နောက်များမှာလည်း စဉ့်တီတုံးဆေးကြောနိုင်တဲ့နည်းလမ်းမှန်တွေကို အခရာက ဖော်ပြပေးသွားမှာမို့ ဆက်ဆက်စောင့်ကြည့်ပေးစေချင်ပါတယ်။

Reference and Photo Credit: Reader’s Digest

NSC

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle