နေ့စဉ်ဘဝမှာ ပလတ်စတစ်အသုံးပြုမှု လျော့ကျအောင် ဘယ်လိုနေထိုင်ကြမလဲ

နေ့စဉ်ဘဝမှာ ပလတ်စတစ်အသုံးပြုမှု လျော့ကျအောင် ဘယ်လိုနေထိုင်ကြမလဲ

အရင်ဆုံး ပြောချင်တာကတော့ ဘာလို့ ပလတ်စတစ်အသုံးပြုမှုကို လျော့ချသင့်လဲဆိုတာပါပဲ။ ကျွန်တော်တို့ ခင်ဗျားတို့ သိကြတဲ့အတိုင်း ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝသုံးရတဲ့ ပစ္စည်းတွေမှာ ပလတ်စတစ်နဲ့ ကင်းတဲ့ အရာဆိုတာ ခပ်ရှားရှားပါပဲ။ ပစ္စည်းထည့်ဖို့ ပလတ်စတစ်အိတ်တွေ ၊ ခေါင်းလေ ျှာ်ရည်ဗူးတွေ၊ ဆပ်ပြာဗူးတွေ စတဲ့ ပလတ်စတစ်အသုံးပြု ဗူးခွံတွေနဲ့ ပလတ်စတစ်ပိုက်တွေ စတာတွေကို နေ့တိုင်း အသုံးပြုနေရပါတယ်။

လက်ရှိ ၂၀၁၉ ခုနှစ် တိုင်းတာချက်အရ ၇.၇ ဘီလီယံရှိနေပြီ ဖြစ်တဲ့ ကမ္ဘာ့လူဦးရေထုကြီးနေ့တိုင်းသုံးစွဲနေတဲ့ ဒီလို ပလတ်စတစ်အမှိုက်တွေကို ဘယ်လို စွန့်ပစ်ကြပါသလဲ။ ဒါဟာ အရမ်းစိတ်ဝင်စားစရာကောင်းပါတယ်။

ပလတ်စတစ်ရဲ့ ဆွေးမြည့်နိုင်မှုဟာ တခြားစွန့်ပစ်ပစ္စည်းတွေထက် ပိုကြာတတ်ပြီး မြေပေါ်ကို ပစ်လိုက်တဲ့ ပလတ်စတစ်ပစ္စည်းတွေဟာ ဆွေးမြည့်ပျက်စီးဖို့ ၁၀နှစ်ကနေ နှစ်ပေါင်း ၁၀၀၀ လောက်ထိ ကြာတတ်သလို ပလတ်စတစ်ဗူးတွေဟာ ဆွေးမြည့်ပျက်စီးသွားဖို့ နှစ်ပေါင်း ၄၅၀ နှစ်နဲ့အထက် ကြာတတ်တယ်လို့ တွေ့ရှိရပါတယ်။

ဒီတော့ ဒီလို ပျက်စီးဖို့ အရမ်းခက်ခဲတဲ့ ပလတ်စတစ်အမှိုက်တွေကို ဖျက်ဆီးဖို့ ကျတော့လည်း ခက်ခဲပြန်ပါတယ်။ မီးရှို့ရင် ပလတ်စတစ်က ထွက်တဲ့ ညှော်နံ့တွေဟာ အသက်ရှှုလမ်းကြောင်းကို ထိခိုက်နိုင်သလို လေထုညစ်ညမ်းမှု ထပ်ဖြစ်စေမယ်။ ရေထဲကို ပစ်ရင်လည်း လက်ရှိ ကျွန်တော်တို့ မြင်နေကြရတဲ့ ရေနေသတ္တဝါတွေ ပလတ်စတစ်ကြောင့် သေကြေပျက်စီးတာတွေ ဖြစ်လာစေတယ်။

ဒီတော့ ဆွေးမြည့်ဖို့လည်း ခက်၊ ဖျက်စီးရတာလည်း အရမ်းခက်တဲ့ ပလတ်စတစ်ရဲ့ မြေကမ္ဘာအပေါ် ဒုက္ခပေးမှုဒဏ်ကို လေ ျှာ့ချဖို့ Reuse ၊ Reduce ၊ Recycle ဆိုတဲ့ နည်းလမ်းတွေကို အသုံးချရပါမယ်။ကျွန်တော်တို့လို သာမန်ပြည်သူတချို့အတွက် Recycle ဆိုတဲ့ နည်းလမ်းတွေ မသိသေးရင်တောင် Reuse နဲ့ Reduce နည်းလမ်းတွေ သုံးပြီး ပလတ်စတစ်အသုံးပြုမှုကို လျော့ကျအောင် လုပ်လို့ ရပါတယ်။

၁) ၃ လတစ်ခါ (သို့) ၄ လတစ်ခါ လဲရတဲ့ ပလတ်စတစ်လက်ကိုင်နဲ့ သွားပွတ်တံတွေ နေရာမှာ သစ်သားလက်ကိုင်သွားပွတ်တံတွေ လဲလှယ်သုံးစွဲပေးပါ

၂) မနက်တိုင်းဈေးသွားတဲ့အခါ ကိုယ့်ဆွဲခြင်းကိုယ်ယူသွားပေးပါ၊ အသီးအနှံနဲ့ အခြောက်အခြမ်းစတာတွေကို ပလတ်စတစ်အိတ်မလိုဘဲ ခြင်းထဲ ထည့်ဝယ်လာနိုင်ပါတယ်။
၃) City Mart လို Supermarket တွေမှာ ဈေးဝယ်မယ်ဆိုရင်လည်း အိမ်ကနေ ဈေးဝယ်အိတ်နှစ်လုံး၊ သုံးလုံးထည့်သွားရင် မလိုအပ်ဘဲ ပလတ်စတစ်အိတ်တွေနဲ့ ထုပ်ပိုးစရာမလိုတော့ဘူးပေါ့။
၄) အပြင်သွားတဲ့အခါ ရေဗူးတစ်ဗူးဆောင်သွားရင် အပြင်မှာ ရေဝယ်သောက်တဲ့အခါ ကုန်ကျစရိတ်ကို ချွေတာနိုင်သလို ပလတ်စတစ်သုံးစွဲမှုကို လေ ျှာ့ချပြီး ဖြစ်ပါလိမ့်မယ်။
၅) အိမ်မှာ အအေးသောက်ဖို့ စတီးပိုက်လေးတွေ ဆောင်ထားမယ်ဆိုရင် ပလတ်စတစ်ပိုက်အသုံးပြုမှုကို အလွယ်တကူလေ ျှာ့ချနိုင်မှာ ဖြစ်ပါတယ်။

၆) ဆပ်ပြာဗူးတွေ၊ ခေါင်းလေ ျှာ်ရည်ဗူးတွေ ဝယ်ယူအသုံးပြုတဲ့အခါ တတ်နိုင်သလောက် ဗူးကြီး Size တွေကို ဝယ်သုံးရင် စရိတ်စကသက်သာစေသလို ပလတ်စတစ်အသုံးပြုမှုကို လေ ျှာ့ချနိုင်မှာလည်း ဖြစ်ပါတယ်။
ဒီနည်းလမ်းတွေဟာ တကူးတကကြီး မဟုတ်ဘဲ နေ့စဉ်ဘဝမှာ အလွယ်တကူလုပ်ဆောင်နိုင်တဲ့ အရာတွေမို့ လိုက်လုပ်ကြည့်ရင်း ပလတ်စတစ်သုံးစွဲမှုကို လေ ျှာ့ချပြီး မြေကမ္ဘာကို ကယ်တင်ကြရအောင်။ အခရာပရိသတ်တွေရော ပလတ်စတစ်သုံးစွဲမှုကို လေ ျှာ့ချဖို့ ဘယ်လို လုပ်ဆောင်ကြသလဲဆိုတာ ပြောပြသွားပါဦး။

Photo Credit: thebalancesmb.com, One Green Plane, Amazon.uk, Amazon

Yoe Lu

Akhayar

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle