ကမ္ဘာကြီးကိုကယ်တင်ဖို့ ပလတ်စတစ်ကို ငြင်းဆန်နေကြတဲ့ နာမည်ကြီးလုပ်ငန်းများ

ကမ္ဘာကြီးကိုကယ်တင်ဖို့ ပလတ်စတစ်ကို ငြင်းဆန်နေကြတဲ့ နာမည်ကြီးလုပ်ငန်းများ

ပလတ်စတစ်ပစ္စည်းတွေဟာ အသုံးပြုရတာလွယ်ပေမယ့် ဘေးထွက်ဆိုးကျိုးတွေက များလွန်းပါတယ်။ မြေပြင်မှာ စွန့်ပစ်လိုက်မယ်ဆိုရင်တောင် နှစ်ပေါင်းများစွာကြာတဲ့အထိ မဆွေးမြေ့သွားဘဲ မြေဆီလွှာတွေကို ပျက်စီးစေပါတယ်။ အခုဆိုရင် တစ်နှစ်ကို ပလတ်စတစ်တန်ချိန်ပေါင်း (၈) မီလီယံလောက်ကို ပင်လယ်နဲ့ကမ်းစပ်ဒေသတွေမှာ သွားပြီးတော့စွန့်ပစ်ကြပါတယ်။ အဲ့လိုအညစ်အကြေးတွေက ရေထုထဲကို ရောက်ရှိကုန်ပြီးသက်ရှိသတ္တဝါတွေကို ထိခိုက်စေပါတယ်။ ဒါ့ကြောင့် စီးပွားရေးလုပ်ငန်းရှင်တွေဟာ ပလတ်စတစ်သုံးစွဲမှုကို အတက်နိုင်ဆုံးနည်းပါးလာအောင် ကြံဆောင်လာကြပါတယ်။ ပလတ်စတစ်သုံးစွဲမှုလျော့ချရေးကို ဦးဆောင်ခဲ့ကြတဲ့ ကုမ္ပဏီကြီး (၅) ခုအကြောင်းကို ဖော်ပြလိုက်ပါတယ်။

(၁) Unilever

ၿဗြိတိန်နိုင်ငံက Multinational Company တစ်ခုဖြစ်တဲ့ Unilever ဟာဆိုရင်လည်း Plastic လျှော့ချရေး Campaign တွေဟာ ကမ္ဘာကြီးကိုကယ်တင်နိုင်မယ့် ကောင်းမွန်တဲ့လုပ်ရပ်တစ်ခုလို့ခံယူထားပါတယ်။ Unilever ကထုပ်ပိုးတဲ့နေရာမှာ ပလတ်စတစ်အိတ်အစား စက္ကူအိတ်တွေကိုသာအသုံးပြုမှာဖြစ်ပြီး ၂၀၂၅ ခုနှစ်မှာဆိုရင် ပစ္စည်းတွေထုပ်ပိုးတဲ့နေရာမှာ ၂၅% ကို ပြန်သုံးလို့ရတဲ့ပစ္စည်းတွေနဲ့ပဲ ထုပ်ပိုးမယ်လို့ဆိုထားပါတယ်။

(၂) McDonald’s

အမေရိကန်နိုင်ငံ ချီကာဂိုမြို့ မှာ အခြေစိုက်တဲ့ McDonald’s ဟာ ကမ္ဘာတစ်လွှားမှာ ပလတ်စတစ်စွန့်ပစ်ပစ္စည်းပြဿနာအတွက် တာဝန်ရှိတယ်လို့ ခံယူထားပါတယ်။ ၂၀၁၉ ခုနှစ်မှာဆိုရင် McDonalds က သူ့ရဲ့ဆိုင်ခွဲပေါင်း ၁၄၇၀ ကျော်မှာ Hamburger အတွက် အထုပ်အပိုးတွေကို မြက်ကလုပ်တဲ့အထုပ်အပိုးတွေကိုပဲ အသုံးပြုမယ့်အပြင် McFlurry Icecream မှာအသုံးပြုမယ့်ဇွန်းကိုလည်း ဝါးဇွန်းအသေးစားကိုပဲအသုံးပြုမယ်လို့ ဆိုထားပါတယ်။

နောင် (၈) နှစ်အတွင်း အထုတ်အပိုးတိုင်းမှာလည်း ပြန်လည်အသုံးပြုလို့ရတဲ့ ကတ်ထူပုံးလို့ပစ္စည်းမျိုးကို ရာနှုန်းပြည့်အစားထိုးသွားမယ်လို့ ဆိုထားပါတယ်။

(၃) Costa Coffee

ဗြိတိန်နိုင်ငံမှာ အခြေစိုက်တဲ့ Costa Coffee ဆိုင်ကြီးဟာ ဆိုင်ခွဲပေါင်း (၃၄ဝ၁) အထိရှိပြီး အရင်တုန်းက တစ်ခါသုံးပလတ်စတစ်ခွက်တွေကိုသာ အသုံးပြုခဲ့ပါတယ်။

၂၀၁၈ မှာဆိုရင်လည်း Plastic ကိုလျှော့ချတဲ့အနေနဲ့ “Refill” Campaign ကိုပြုလုပ်ခဲ့ပြီးတော့စားသုံးသူတွေကို Plastic ရေဘူးတွေအစား ရေပြန်ဖြည့်လို့ရတဲ့ရေဘူးတွေကို အသုံးပြုဖို့တိုက်တွန်းခဲ့ပါတယ်။

အခုနောက်ပိုင်းမှာတော့ တစ်ခါသုံးခွက်တွေကို ဖယ်ရှားပစ်ခဲ့ပြီး စက္ကူခွက်နဲ့ ထုတ်ပိုးထားတဲ့ကော်ဖီတစ်ခွက် ဝယ်ယူတိုင်း ဈေးလျော့ခဲ့ပါတယ်။ ၂ဝ၂ဝခုနှစ်ရောက်ရင် ဆိုင်ခွဲတိုင်းမှာ ပြန်လည်အသုံးပြုနိုင်တဲ့ ခွက်ပေါင်း သန်း (၅ဝဝ) အထိ အသုံးပြုသွားမယ်လို့ ဆိုထားပါတယ်။

(၄) Starbucks Coffee

အမေရိကန်နိုင်ငံရဲ့ ကော်ဖီကုမ္ပဏီကြီး Starbucks ကတော့ ပလတ်စတစ်ပစ္စည်းကြောင့် ကမ္ဘာကြီးညစ်ညမ်းလာမှုဟာ သူတို့လည်း ပတ်သက်တယ်လို့ ဝန်ခံထားပြီး ၂ဝဝ၈ခုနှစ်မှာ တစ်ခါသုံးပလတ်စတစ်ခွက်တွေအစား စက္ကူခွက်တွေနဲ့ ရာနှုန်းပြည့်အစားထိုးသွားမယ်လို့ ဆိုခဲ့ပါတယ်။

ပြီးတော့ ၂ဝ၁၅ခုနှစ်မှာ ကော်ဖီခွက်တွေရဲ့  (၂၅) ရာခိုင်နှုန်းကို ပြန်လည်သုံးစွဲနိုင်တဲ့ ခွက်တွေနဲ့သာ ဖန်တီးသွားမယ်လို့ ကတိပေးခဲ့ပါတယ်။

Plastic အအေးပိုက်သုံးစွဲမူကိုလည်းလျှော့ချမှာဖြစ်ပြီး၂၀၂၀မှာတော့ အအေးပိုက်ပေါင်း ၁ဘီလီယံလောက်အထိ လျှောချျနိုင်မယ်လို့ဆိုခဲ့ပါတယ်။

(၅) Evian

ပြင်သစ်နိုင်ငံရဲ့ ရေသန့်ကုမ္ပဏီ Evian ဟာ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေဟာ အနာဂတ်မှာ ခြိမ်းခြောက်လာနိုင်တဲ့ ပြဿနာတစ်ခုလို့ ခံယူထားပြီး ပလတ်စတစ်ရေဘူးတွေအစား ပြန်လည်သုံးစွဲလို့ရတဲ့ ရေဘူးတွေနဲ့ အစားထိုးသွားမယ်လို့ ဆိုခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်မှာတော့ ၁၀၀% ပြန်သုံးလို့ရတဲ့ရေသန့်ဘူးတွေကိုပဲ ထုတ်လုပ်တော့မယ်လို့ဆိုလာပါတယ်။

ဒါ့အပြင် ပရီးမီးယားလိဂ်ကလပ် စပါးအသင်းဟာလည်း Plastic Breakdown Program မှာ အားသွန်ခွန်စိုက်လုပ်ဆောင်ခဲ့ပါသေးတယ်။ လက်ရှိတည်ဆောက်နေတဲ့ ပရိသတ် (၆၂,ဝဝဝ) ကျော်ဆန့်တဲ့ကွင်းသစ်ကြီးမှာ customer အားလုံးကို ပလတ်စတစ်အိတ်ကို အသုံးပြုခွင့်ပေးမှာ မဟုတ်ဘဲ စက္ကူဘူး၊ အိတ်တွေကိုသာ အသုံးပြုစေမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ Plastic Breakdown Program ကို City Mart Holdings (CMHL) က စတင်တယ်လို့ ဆိုနိုင်ပြီး ၂ဝ၁၄ခုနှစ်မှာတော့ ရန်ကုန်မြို့ မှာရှိတဲ့ City Mart Supermarket တိုင်းမှာ ‘No Plastic Bag Day’ ကို ဆက်လက်ကျင်းပခဲ့ပါတယ်။့ CMHL အနေနဲ့ မန္တလေးမြို့မှာရှိတဲ့ ဆိုင်ခွဲတိုင်းမှာလည်း ‘No Plastic Bag Day’ ကို ဆက်လက်သတ်မှတ်သွားမှာဖြစ်ပြီး ပြည်သူလူထုတွေအနေနဲ့ ပလတ်စတစ်စွန့်ပစ်ပစ္စည်းပြဿနာကို မပေါ့ဆဘဲ ပူးပေါင်းဆင်နွှဲကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။

Photo Credit to Google

Nwe Lay

Akhayar

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle