စွန့်ပစ်ပလတ်စတစ်ပစ္စည်းတွေကို အသုံးဝင်အောင် ပြန်လုပ်ဆောင်ကြမယ်

စွန့်ပစ်ပလတ်စတစ်ပစ္စည်းတွေကို အသုံးဝင်အောင် ပြန်လုပ်ဆောင်ကြမယ်

တစ်နေ့ထက် တစ်နေ့ များပြားလာတဲ့ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေကြောင့် ကမ္ဘာကြီးဟာ နာဖျားနေပါပြီ။ ဆွေးမြည့်ဖို့ ခက်ခဲတဲ့ ပလတ်စတစ်ပစ္စည်းတွေ စည်းကမ်းမဲ့ စွန်ပစ်တာကြောင့် အပင်စိုက်ဖို့ ခက်ခဲလာတဲ့ မြေဆီလွှာတွေ၊ နောက်ဆုံး ရေထုထဲ စွန့်ပစ်တဲ့ ပလတ်စတစ်တွေကြောင့် ရေနေသတ္တဝါတွေတင်မကဘဲ၊ ဂေဟစနစ်ပါ ပျက်စီးလာတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ဒီလို အခြေအနေမျိုးမှာ ပလတ်စတစ်တွေကို လေ ျှာ့သုံးရုံ၊ အကြိမ်ကြိမ်အခါခါ ပြန်လည်သုံးရုံနဲ့ မလုံလောက်တော့ဘဲ စွန့်ပစ်ပြီးသား ပလတ်စတစ်အမှိုက်တွေကို ပြန်လည်အသုံးချဖို့ စဉ်းစားရပါတော့တယ်။

ဒီလို ပြောလိုက်လို့ အရမ်းအကြီးကြီးတွေ မဟုတ်ပါဘူးနော်။ စွန့်ပစ်ပလတ်စတစ်တွေကို အသုံးချပြီး ကိုယ်ကိုယ်တိုင် DIY လုပ်လို့ရတဲ့ နည်းလေးတွေ ရှိပါတယ်။ ဒီနည်းလမ်းလေးတွေကို ပြောပြပါရစေ။

၁) အိမ်မှာ ခြံနေရာရှိတယ်၊ မြက်ခင်းရှိတယ်၊ အပင်လေးတွေ စိုက်ထားပြီးမှ ရေဖျန်းဖို့ Sprinkler လို ရေပန်းမျိုး မရှိဘူးဆိုရင် Cola ဗူးအကြီးလို ဗူးအမျိုးကို အသုံးပြုလို့ရပါတယ်။ ဗူးရဲ့ ဘေးဘက် စီမှာ အပေါက်လေးတွေ ဖောက်ပြီး ရေပိုက်ကို ဗူးထဲ ထည့်ပြီး ရေဖွင့်ထားပေးပါ။ ရေပိုက်နဲ့ ဗူးအခေါင်းမြဲဖို့ တိပ်အကြီးသုံးပြီး ပတ်ထားနိုင်ပါတယ်။

၂) ပုလင်းကို အလျားလိုက်ဖောက်ပြီး သဲဖြည့်၊ အပင်ပေါက် ဒါမှမဟုတ် မျိုးစေ့ထည့်ပြီး အပင်လေးတွေလည်း စိုက်လို့ ရပါတယ်။ ဒီလို စိုက်နည်းဟာ မြေနေရာမလိုဘဲ အိမ်ဝရန်တာလို နေရာမှာ စိုက်လို့ ရသလို မြင်ဖူးပြီးသားမို့ လုပ်ရတာလည်း လွယ်ကူပါလိမ့်မယ်။

၃) ငယ်ငယ်တုန်းက သိပ်ကြိုက်ခဲ့ရတဲ့ ဝက်ရုပ်စုဗူးလေးကိုလည်း ကိုယ်တိုင်လုပ်လို့ ရနေပါပြီ။ တကယ်တော့ ဝက်ရုပ်မှ မဟုတ်ပါဘူး၊ ကိုယ့်စိတ်ကူးဉာဏ်ကွန့်မြူးရင် မြူးသလို တခြားအကောင်တွေနဲ့ စုဗူးအပေါ်ဆေးခြယ်တာမျိုးတွေလည်း လုပ်လို့ရပါတယ်။ လုပ်နည်းလေးက ရိုးရှင်းပါတယ်၊ အအေးဗူးအကြီးကို အတိုအရှည်အဆင်ပြေအောင် ဖြတ်၊ ပြီးရင် ပြန်ဆက်၊ ပိုက်ဆံထည့်တဲ့ အပေါက်ဖောက်၊ အဖုံးနားကို Super Glue နဲ့ အသေပိတ်၊ ပြီးရင် ဝက်ရဲ့ ခြေထောက်နေရာအတွက် ရေဗူးအဖုံးလေးတွေကို ပြန်သုံးလို့ ရပါတယ်။ ပုံကို ကြည့်ပြီး လုပ်ရင်တော့ ပိုရှင်းလင်းလွယ်ကူမှာပါ။

၄) ဈေးကြီးတဲ့ ခေါင်းအုံးတွေ ဝယ်မယ့်အစား ခေါင်းအုံးစွပ်တစ်ခုချုပ်လုပ်ပြီး အထဲမှာ ပလတ်စတစ်အိတ်တွေသွပ်ပြီးလည်း သုံးစွဲနိုင်ပါတယ်။ ညစ်ပေစွန်းထင်းသွားရင် ခေါင်းအုံးစွပ် ချွတ်လေ ျှာ်ပြီး အထဲက ပလတ်စတစ်အိတ်တွေကိုလည်း အသစ်လဲလှယ်နိုင်သေးလို့ အိမ်က သိမ်းထားပြီးဘာလုပ်ရမှန်းမသိတဲ့ ပလတ်စတ်အိတ်ခွံတွေအတွက် ရွှေရောင်နည်းလမ်းကြီးပါပဲ။

၅) အိမ်မှာ ရှိတဲ့ သွပ်နန်းကြိုးနဲ့ ပလတ်စတစ်စတွေ ပေါင်းပြီး အဝတ်ချိတ်တဲ့ ချိတ်တွေ ဖန်တီးနိုင်ပါသေးတယ်။ သွပ်နန်းကြိုးကို လိမ်၊ ချိတ်ပုံစံ ကွေးပြီး အဝတ်တွေ လေ ျှာမကျအောင်နဲ့ သွပ်နန်းကြိုးက အရောင်တွေ အဝတ်ပေါ်မစွန်းထင်းစေဖို့ ပလတ်စတစ်အိတ်ကို ညှပ်ပြီး လိုက်ကပ်ပေးရင် အခုလို DIY ချိတ်လေး တစ်ခုရရှိအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အပေါ်မှာ ပြထားတဲ့ နည်းလမ်းတွေက အိမ်မှာပဲရှိနိုင်တဲ့ ပလတ်စတစ်ဗူးနဲ့ ပလတ်စတစ်အိတ်တွေကို သုံးပြီး အလွယ်တကူ DIY ပစ္စည်းလေးတွေလုပ်လို့ရတဲ့ နည်းလေးတွေပဲ ဖြစ်ပါတယ်။

ကမ္ဘာမြေကြီးကို ချစ်ခင်ပြီး ပလတ်စတစ်အသုံးပြုမှုကို လေ ျှာ့ချချင်ရင်တော့ ကိုယ့်အိမ်မှာရှိတဲ့ ပလတ်စတစ်အမှိုက်တွေကို အသုံးချပြီး အခုပဲ လုပ်ဆောင်ကြည့်ဖို့ တိုက်တွန်းပါရစေ၊ အဆင်ပြေမပြေကိုလည်း ပြောပြသွားပေးဦးနော်။

Photo Credit: Plastic Soup Foundation, clevercraftycookinmama.com, thebetterindia.com, Thebetterindia.com, Media. Galaxant.com
Yoe Lu

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle