အစားအသောက်ဘေးဥပါဒ်ကင်းရှင်းရေးနှင့် UHT နို့နှင့်နို့ထွက်ထုတ်ကုန်တွေအကြောင်း လေ့လာနိုင်ဖို

အစားအသောက်ဘေးဥပါဒ်ကင်းရှင်းရေးနှင့် UHT နို့နှင့်နို့ထွက်ထုတ်ကုန်တွေအကြောင်း လေ့လာနိုင်ဖို

‘Protects What’s Good with Tetra Pak’ campaign လေးကတော့ စားသုံးသူပြည်သူတွေကို အသိပညာပေးဖို့ရည်ရွယ်ပြုလုပ်ပြီး ဟောပြောဆွေးနွေးပွဲတွေ၊ ဂိမ်းအစီအစဉ်တွေနဲ့ ဖျော်ဖြေရေးအစီအစဉ်များစွာနဲ့ပါ တင်ဆက်သွားမှာပါ။

ကမ္ဘာ့ထိပ်တန်း စားသောက်ကုန်ထုတ်လုပ်ရေးဆိုင်ရာနည်းပညာနဲ့ထုတ်လုပ်ထုပ်ပိုးရေးဝန်ဆောင်မှုလုပ်ငန်းဖြစ်တဲ့ Tetra Pak ဟာ အစားအသောက်ဘေးဥပါဒ်ကင်းရှင်းရေးနဲ့ စက္ကူဘူးခွံနဲ့ ထုပ်ပိုးထားတဲ့ UHT (Ultra High Temperature) နို့နဲ့ နို့ထွက်ထုတ်ကုန် အကျိုးကျေးဇူးတွေကို စားသုံးသူတွေ ပိုမိုသိရှိနားလည်စေရန်ရည်ရွယ်ပြီး မြန်မာနိုင်ငံမှာ ‘Protects What’s Good’ campaign ကို မိတ်ဆက်ပြုလုပ်ပေးခဲ့တာပဲ ဖြစ်ပါတယ်နော်။ ‘Protects What’s Good with Tetra Pak’ ပွဲလေးကို ပြည်သူ့ရင်ပြင် Myanmar Culture Valley မှာ ကျင်းပခဲ့ပြီးတော့ စားသုံးသူတွေ ပါဝင်ဆင်နွှဲနိုင်စေမည့် ဆွေးနွေးပွဲတွေ၊ ဂိမ်းအစီအစဉ်တွေ၊ ဖျော်ဖြေပွဲတွေအပြင်ကိုမှ မိသားစုတွေ ပါဝင်ယှဉ်ပြိုင်နိုင်တဲ့ လှုပ်ရှားမှုများစွာကိုပါ စီစဉ်ပြုလုပ်ပေးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာတော့ ပထမဆုံးအကြိမ်ကျင်းပပြုလုပ်ခဲ့တဲ့ Tetra Pak Consumer ပွဲတော်ကို  ‘Protects What’s Good’ Campaign ရဲ့အဓိကတင်ဆက်သူဖြစ်တဲ့ နာမည်ကြီးဆရာဝန်အဆိုတော် ချစ်သုဝေ၊ အာဟာရပညာရှင် ဒေါက်တာဝင်းဝင်းမြင့်၊ Tetra Pak Myanmar ရဲ့ Key Account Director Mr. CheeChoy Tang တို့ကနေ ဟောပြောဆွေးနွေးပွဲအစီအစဉ်တွေနဲ့ စတင်ဖွင့်လှစ်ပေးသွားမှာဖြစ်ပြီး UHT စက္ကူဘူးနဲ့ ထုတ်ပိုးထားတဲ့ နို့နဲ့ နို့ထွက်ထုတ်ကုန်တွေဟာ မြန်မာနိုင်ငံမှာရှိတဲ့ ကလေးငယ်လေးများရဲ့ ခန္ဓာကိုယ်ကြီးထွားမှုနဲ့  ဖွံ့ဖြိုးမှုအဆင့်တိုင်းအတွက် ပံ့ပိုးကူညီပေးကြောင်းကိုလည်း ဆွေးနွေးတင်ပြသွားမှာပဲဖြစ်ပါတယ်။

“အသက် ၅နှစ်အရွယ်ကလေးငယ် သုံးဦးလျှင် တစ်ဦးနှုန်းနဲ့ အာဟာရချို့တဲ့မှုခံစားနေရတဲ့ မြန်မာနိုင်ငံမှာ မှန်ကန်တဲ့ ကုန်ကြမ်းတွေနှင့် စနစ်တကျထုပ်ပိုးမှုတွေပြုလုပ်ထားတဲ့ အစားအသောက်တွေကို ရွေးချယ်ဖို့အထူးလိုအပ်နေပါတယ်။ အစားအသောက်ဘေးဥပါဒ်ကင်းရှင်းရေးဟာ ကျန်းမာပျော်ရွှင်တဲ့ မျိုးဆက်သစ်ကလေးငယ်များကို ပြုစုပျိုးထောင်ရာမှာ အရေးပါတဲ့ကဏ္ဍမှပါဝင်ပြီး၊ Tetra Pak စက္ကူဘူးခွံအသုံးပြုထားတဲ့ UHT နို့နှင့်နို့ထွက်ထုတ်ကုန်များကို နိုင်ငံတစ်ဝှမ်းတွင် အလွယ်တကူ ဝယ်ယူတိုက်ကျွေးနိုင်ပြီဖြစ်တဲ့အတွက် ဒီလိုအပ်ချက်ကိုဖြည့်ဆည်းနိုင်မှာဖြစ်ပါတယ်။ ‘Protects What’s Good with Tetra Pak’ ပွဲတော်မှာ ကျွန်တော်တို့ရဲ့ စားသုံးသူတွေပါဝင်ဆင်နွှဲနိုင်မယ့် ပျော်ရွှင်စရာ ဖျော်ဖြေတင်ဆက်မှုတွေကိုပြုလုပ်ပေးသွားမှာဖြစ်ပြီး ၎င်းထုတ်ကုန်တွေရဲ့ အကျိုးကျေးဇူးများစွာကို မျှဝေပေးမှာဖြစ်တဲ့ပြင် အစားအသောက်ဘေးဥပါဒ်ကင်းရှင်းရေးနှင့်ပတ်သက်ပြီး ပြည်သူလူထုကို အသိပညာပေးနိုင်စေဖို့ ရည်ရွယ်ထားပါတယ်။” လို့ Tetra Pak Myanmar ရဲ့ Key Account Director  ဖြစ်သူ Mr. CheeChoy Tang ကပြောကြားခဲ့ပါတယ်။

အစားအသောက်ထုတ်လုပ်တဲ့ ပတ်ဝန်းကျင်ကောင်းမွန်ခြင်း၊ သောက်သုံးရေရှိခြင်းနဲ့ သန့်ရှင်းကောင်းမွန်တဲ့ ကုန်စုံဆိုင်တွေရှိခြင်းတို့ကို အဓိကမှတ်တမ်းတင်အကဲဖြတ်တဲ့ Economist Intelligence Unit ရဲ့ Global Food Security Index စစ်တမ်းအရ တစ်ကမ္ဘာလုံးရှိ နိုင်ငံပေါင်း (၁၁၃) နိုင်ငံမှာ မြန်မာနိုင်ငံဟာ အစားအသောက်အရည်အသွေးနဲ့ ဘေးဥပါဒ်ကင်းရှင်းမှုတွေမှာ အဆင့် (၈၂) ရရှိရာ အစားအသောက်ဘေးဥပါဒ်ကင်းရှင်းမှုကို ပိုမိုအလေးထားဖို့လိုအပ်တယ်ဆိုတာလည်း တွေ့ရှိခဲ့ရပါတယ်။

“တစ်ခါတလေမှာ “ဘေးဥပါဒ်ကင်းစင်တဲ့အစားအစာ” တစ်ခုကို အလွယ်တကူရွေးချယ်ဝယ်ယူဖို့ မလွယ်ကူတာကြောင့် ကျွန်မတို့ရဲ့ကလေးတွေကို ကျန်းမာရေးထိခိုက်စေတဲ့အစားအသောက်တွေ ကျွေးမိကြပါတယ်။ ဒီအစားအစာတွေကို စနစ်တကျမထုတ်လုပ်ထားတာ၊ စားသောက်ကုန်အတုများထုတ်လုပ်ထားတာတွေ၊ သို့မဟုတ် မလုံမခြုံထုတ်ပိုးထားတာမျိုးတွေကြောင့် ဆိုးကျိုးများဖြစ်စေနိုင်ပါတယ်။ မိခင်တစ်ယောက်အနေနှင့်၊ အစားအသောက်ဘေးဥပါဒ်ကင်းရှင်းမှုဟာ ကလေးတွေရဲ့ကျန်းမာရေးနဲ့ တိုက်ရိုက်ဆက်စပ်နေတယ်လို့ခံယူထားပါတယ်။ Tetra Pak ရဲ့ UHT နည်းပညာနှင့် ထုပ်ပိုးထုတ်လုပ်ထားတဲ့ နို့နှင့်နို့ထွက် ထုတ်ကုန်တွေဟာ တာရှည်ခံနည်းပညာ တွေမလိုအပ်ဘဲ လပေါင်းများစွာအထားခံတယ်လို့သိရပါတယ်။ဒါကြောင့်လည်း Tetra Pak ကုန်အမှတ်တံဆိပ်တွေဟာ ကောင်းမွန်တဲ့အာဟာရဓာတ်တွေကို ကာကွယ်ထိန်းသိမ်းပေးထားနိုင်တယ် ဆိုတာလည်း အသေအချာပါပဲ။ ကျွန်မဝယ်ယူတဲ့ UHT နို့နှင့်နို့ထွက်ထုတ်ကုန်တွေမှာ Tetra Pak တံဆိပ်ကိုတွေ့လိုက်တာနဲ့ ဒီထုတ်ကုန်တွေဟာ ကိုယ့်ရဲ့ ကလေးတွေအတွက် ဘေးဥပါဒ်ကင်းရှင်းပြီး အဓိကအရေးပါတဲ့အာဟာရဓာတ်တွေအားလုံးပါရှိနေမယ်ဆိုတာကိုတန်းသိလိုက်ရပါတယ်။” လို့ ဆရာဝန်တစ်ယောက်လည်းဖြစ်၊ မိခင်တစ်ယောက်လည်းဖြစ်သူ Tetra Pak Myanmar ရဲ့ brand endorser ချစ်သုဝေကလည်း ပြောကြားခဲ့ပါတယ်။

“အစားအသောက်များပုပ်သိုးခြင်းကြောင့် ဘတ်တီးရီးယား၊ ဗိုင်းရပ်စ် နှင့် ကပ်ပါးကောင်များဟာ အစားအသောက်များတွင် ကပ်ပါနေနိုင်ပြီး၊ ယင်းတို့ကို စားသုံးမိရာမှ ဖျားနာခြင်းကိုခံစားရနိုင်ပါတယ်။ ဒါကြောင့် စားသုံးသူတွေအနေနှင့် နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးတွေကို ထည့်သွင်းစဉ်းစားကြဖို့လိုပါတယ်။ ဒီဆိုးကျိုးများကြောင့် အူလမ်းကြောင်းရောဂါများအပြင် ကလေးငယ်များရဲ့ ဖွံ့ဖြိုးကြီးထွားမှုနှုန်းကိုပါ ရေရှည်မှာထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် အစားအသောက် အရည်အသွေးကောင်းမွန်မှု နှင့် ဘေးဥပါဒ်ကင်းရှင်းမှု၊ ကလေးငယ်များကျန်းမာရေး၊ နောက်ပြီး သူတို့စားသုံးတဲ့အစားအစာတွေဟာ ကျွန်မတို့ရဲ့နေ့စဉ်ဘဝမှာ အလေးထားဂရုစိုက်ရမယ့် အရာတွေဖြစ်ပါတယ်။”လို့ အာဟာရ ပညာရှင် ဒေါက်တာဝင်းဝင်းမြင့် ကလည်း ပောာကြားပေးခဲ့ပါသေးတယ်။

ဆွီဒင်နိုင်ငံမှာ စတင်တည်ထောင်ခဲ့တဲ့ Tetra Pak ဟာ အခုနှစ်ပိုင်းတွေမှာ အစားအစာဘေးဥပါဒ်ကင်းရှင်းစေရေးနဲ့ ပတ်သက်ပြီး အသိပညာပေးလှုပ်ရှားမှုတွေကို စဉ်ဆက်မပြတ်ပြုလုပ်ပေးနေပြီး၊ မြန်မာနိုင်ငံမှာ ယုံကြည်စိတ်ချရပြီး အရည်အသွေးပြည့်မီတဲ့ အစားအသောက်တွေကို ထုတ်လုပ်ခြင်း၊ အစားအသောက်ဝန်ဆောင်မှုများပေးခြင်း၊ အရသာနဲ့ အာဟာရဓာတ်တွေ ပြည့်စုံကောင်းမွန်စွာပါဝင်နိုင်စေဖို့ စက္ကူဘူးများနဲ့ ထုပ်ပိုးထားတဲ့ ယုံကြည်စိတ်ချရသော UHT နို့နဲ့ နို့ထွက်ထုတ်ကုန်တွေကို ထုတ်လုပ်ပေးခြင်းတို့ကို ပြုလုပ်ပေးလျှက်ရှိပါတယ်။ UHT နဲ့ ဘတ်တီးရီးယားပိုးမွှားကင်းရှင်းတဲ့ ထုပ်ပိုးမှုနည်းပညာကြောင့် ထုတ်ကုန်တွေဟာ ပိုးမွှားကင်းစင်စေပြီး အအေးခန်းမှာ သိမ်းဆည်းထားဖို့ မလိုအပ်ဘဲ အဓိကအရေးကြီးတဲ့ အာဟာရဓာတ်တွေကို ထိန်းသိမ်းပေးနိုင်ပါသေးတယ်။

Tetra Pak ဟာ စီးပွားမိတ်ဖက်တွေဖြစ်တဲ့ နာမည်ကျော် နို့နှင့်နို့ထွက်ပစ္စည်းတံဆိပ်များဖြစ်သော – Vito, MILO, Dutch Mill, Chokchai Farm, Ovaltine, Lactasoy, Abevia, PEP,  Marigold နှင့် Cowhead တို့နဲ့လည်း ပူးပေါင်းကာ စားသုံးသူတွေပါဝင်ဆင်နွှဲနိုင်စေမည့် ဗဟုသုတရဖွယ် ပျော်ရွှင်စရာပွဲတွေကို ကျင်းပပြုလုပ်ပေးနေပြီး Tetra Pak Myanmar Facebook စာမျက်နှာမှာလည်းး စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို မျှဝေတင်ဆက်ပေးလျက်ရှိပါတယ်။ မြန်မာနိုင်ငံမှာ Tetra Pak ကို ရန်ကုန်မြို့၌ ၂၀၁၆ ခုနှစ်မှာ စတင်တည်ထောင်ပြီး ၂၀၂၀ခုနှစ်မတိုင်မီ ပိုးမွှားကင်းစင်တဲ့ စက္ကူဘူးခွံ ၃၀၀ မီလီယံကို ပြည်တွင်းမှာပဲ ထုတ်လုပ်နိုင်ရန် ရည်ရွယ်ထားပါတယ်။

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle