Prince Harry နဲ့ Meghan Markle တို့ရဲ့ သားတော်ဟာ ဘာကြောင့် Prince မဖြစ်နိုင်တာလဲ

Prince Harry နဲ့ Meghan Markle တို့ရဲ့ သားတော်ဟာ ဘာကြောင့် Prince မဖြစ်နိုင်တာလဲ

Prince Harry နဲ့ Meghan Markle တို့ဟာ အခုချိန်မှာ ရင်သွေးငယ်ပိုင်ဆိုင်ထားပြီလို့ အောက်တိုဘာလ (၁၅) ရက်နေ့မှာ တော်ဝင်မိသားစုက ကြေညာခဲ့ပြီး ၂ဝ၁၉ခုနှစ်ရဲ့ ဧပြီလနှောင်းပိုင်း ဒါမှမဟုတ် မေလဆန်းပိုင်းမှာ မွေးဖွားမယ်လို့ ခန့်မှန်းထားကြသလို ၂ဝ၁၉ခုနှစ် မေလ (၆) ရက်နေ့မှာတော့ သားလှရတနာဟာ လူ့လောကကို ရောက်ရှိခဲ့ပါပြီ။  ဒါ့ကြောင့် Prince Harry နဲ့ Meghan Markle တို့ရဲ့  သားလှရတနာဟာ ထီးနန်းလျာထားမှုမှာတော့ နံပါတ် (၇) နေရာမှာရှိပါတယ်။

ဒါပေမယ့်  လက်ရှိမွေးဖွားလာတဲ့ ရင်သွေးဟာ Prince ဘွဲ့ကို မရနိုင်ဘူးလို့ သိရပါတယ်။ Prince Harry က မွေးတဲ့ရင်သွေးဟာ ဘာကြောင့် Prince မဖြစ်နိုင်တာလဲဆိုပြီး မေးခွန်းထုတ်စရာတော့ ရှိပါတယ်။ ဘယ်စည်းမျဉ်းကြောင့်လဲဆိုတာ ကြည့်ရအောင်။

တော်ဝင်မိသားစုမှာ Prince/Princess ဘွဲ့ကို HRH (His Royal Highness or Her Royal Highness) လို့ ခေါ်ကြပါတယ်။ တော်ဝင်ထီးနန်းကို အစပြုခဲ့တဲ့ King George V ဟာ ၁၉၁၇ခုနှစ်မှာ Prince/Princess ဘွဲ့ နဲ့ပတ်သက်လို့ စည်းမျဉ်းတစ်ခု ထုတ်ပြန်လိုက်ပါတယ်။

“အချုပ်အခြာအာဏာပိုင် ဘုရင် သို့မဟုတ် ဘုရင်မ (Queen Elizabeth II) ရဲ့ အကြီးဆုံးသားတော် (Prince Charles) က မွေးလာတဲ့ အကြီးဆုံးမြေးတော် (Prince George) ကိုပဲ Prince/Princess ဘွဲ့ ကို ရယူစေ မြို့စားဘွဲ့ကို ခံယူစေ” လို့ ဆုံးဖြတ်လိုက်တာပါ။ အဓိပ္ပာယ်က လက်ရှိအာဏာပိုင် ဘုရင်မကြီး Elizabeth II ရဲ့ အကြီးဆုံးသားတော် Prince Charles ရဲ့  အကြီးဆုံးမြေးတော် Prince George ပဲ Prince/Princess ဘွဲ့  ဒါမှမဟုတ် HRH ဘွဲ့ကို ခံယူနိုင်တာပါ။ မြို့ စားဖြစ်နိုင်တဲ့သဘောပါ။

Prince George ရဲ့ အငယ်မွေးချင်းတွေဖြစ်တဲ့ Princess Charlotte နဲ့ Prince Louis တို့တောင် Prince/Princess ဘွဲ့ ဒါမှမဟုတ် HRH ဘွဲ့ ခံယူခွင့်မရှိပါဘူး။ Lord/Lady ဘွဲ့ပဲ တပ်ခွင့်ရှိတာပါ။ Prince/Princess ဘွဲ့ ခံယူခွင့်မရှိဘူးဆိုရင် Princess Charlotte နဲ့ Prince Louis တို့မှာ ဘာကြောင့် Prince/Princess ဘွဲ့တပ်ထားရတာလဲ။

Prince William နဲ့ Kate Middleton တို့ဟာ ၂ဝ၁၁ခုနှစ်မှာ လက်ထပ်ခဲ့တယ်။ ၂ဝ၁၂ခုနှစ်မှာ (Prince George မမွေးခင်မှာ) ဘုရင်မကြီး Elizabeth II က မွေးဖွားလာတဲ့ ကလေးတွေအားလုံးကို Prince/Princess ဘွဲ့ ဒါမှမဟုတ် HRH ဘွဲ့ ခံယူစေလို့ အမိန့်ချလိုက်တာပါ။ ဒါ့ကြောင့်ပဲ Princess Charlotte နဲ့ Prince Louis တို့ဟာ ၁၉၁၇ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ King George V ရဲ့ စည်းမျဉ်းအရ Prince/Princess ဘွဲ့ ခံယူခွင့်မရှိဘူးဆိုပေမယ့် ဘုရင်မကြီးခွင့်ပြုခဲ့လို့ Prince/Princess ဖြစ်သွားတာပါ။ မဟုတ်ရင်တော့ Lady Charlotte Mountbatten-Windsor နဲ့ Lord Louis Mountbatten-Windsor ဆိုပြီး နာမည်တပ်ရမှာပါ။

ဒါ့ကြောင့် တော်ဝင်စည်းမျဉ်းအရဆိုရင် Prince Harry နဲ့ Meghan Markle တို့ရဲ့ သားတော်ဟာ Prince မဖြစ်နိုင်ပေမယ့် ဘုရင်မကြီး Elizabeth II က ခွင့်ပြုရင်တော့ ဖြစ်နိုင်တဲ့အနေအထားပါ။ ကဲ . . . ဘုရင်မကြီးက မွေးကင်းစမြစ်တော်ကို Prince ဖြစ်ခွင့်ပေးမလား၊ Lord/Lady အဖြစ်နဲ့ပဲ အိမ်နိမ့်စံဖြစ်စေမလား စောင့်ကြည့်ချင်စရာပါ။

Reference and Photo Credit – People ၊ The Royal Family

ကျော်စိုးအောင် (အခရာ)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle