Queen Elizabeth II ထက် ပိုချမ်းသာသွားတဲ့ Queen Band

Queen Elizabeth II ထက် ပိုချမ်းသာသွားတဲ့ Queen Band

အသက် ၉၁ နှစ်ရှိပြီဖြစ်တဲ့ ဗြိတိန်တော်ဝင်ဘုရင်မကြီး Queen Elizabeth ဟာ ဗြိတိန်တော်ဝင်မိသားစုအတွင်းမှာလည်း အချမ်းသာဆုံး မိသားစုဝင်ဖြစ်ပါတယ်။

Queen Elizabeth II

တော်ဝင်မိသားစုရဲ့ ကြွယ်ဝမှုဟာ Forbes ရဲ့ ၂၀၁၇ ခုနှစ် စစ်တမ်းအရ ဒေါ်လာ ၈၈ ဘီလီယံလောက်ရှိတယ်လို့ ဆိုပါတယ်။ ဒီထဲမှာမှ ဘုရင်မကြီး Elizabeth ရဲ့ ကြွယ်ဝမှုဟာ Wealth-X ရဲ့ ခန့်မှန်းမှုအရ ဒေါ်လာ သန်း ၅၂၀ လောက် ရှိတာ ဖြစ်ပါတယ်။

Royal Family

ဒါပေမယ့် လက်ရှိမှာတော့ ၁၉၇၀ ခုနှစ်တည်းကစတင်အောင်မြင်လာခဲ့တဲ့ Queen Band က ဘုရင်မကြီးရဲ့ ကြွယ်ဝမှုကို ကျော်သွားခဲ့ပါပြီ။ Queen အဖွဲ့ရဲ့ ကြွယ်ဝမှုဟာ မြင့်တက်လာတာ ဖြစ်ပြီး ခုဆို ဒေါ်လာ ၅၈၄ သန်းအထိ ရောက်ရှိလာပြီ ဖြစ်ပါတယ်။

Queen Band

ဒီလို မြင့်တက်လာတာဟာ Freddie Mercury ရဲ့ အတ္ထုပတ္တိဇာတ်ကားလို့ ပြောရမယ့် Bohemian Rhapsody (2018) ရုပ်ရှင်ဇာတ်ကားရဲ့ အောင်မြင်မှုနဲ့လည်း ဆက်စပ်နေပြီး ဝိုင်းတော်သားတွေ ဖြစ်တဲ့ Brian May ၊ Roger Taylor နဲ့ John Deacon တို့ရဲ့ ဝင်ငွေကို မြင့်တက်စေခဲ့ပါတယ်။

Bohemian Rhapsody

Bohemian Rhapsody (2018) ရုပ်ရှင်ဇာတ်ကားဟာ အော်စကာ ၄ ဆုရရှိခဲ့ပြီး အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုအတွက်လည်း ဆန်ကာတင်စာရင်းဝင်ခဲ့ပါတယ်။ ဘတ်ဂျတ်ဒေါ်လာ ၅၅ သန်းနဲ့ ရိုက်ကူးခဲ့ပေမယ့် Box Office မှာ ဒေါ်လာ ၉၀၂.၆ သန်းရရှိခဲ့ပြီး ဝင်ငွေအရလည်း အောင်မြင်ခဲ့တဲ့အတွက် ရလာတဲ့ ဝင်ငွေအပေါ်မှာ ရာခိုင်နှုန်းတစ်ခုအနေနဲ့ ဝိုင်းတော်သားတွေ အချိုးကျခံစားခွင့်ရခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် Queen Band က Queen ဘုရင်မကြီးရဲ့ ချမ်းသာမှုကို ကျော်သွားပြီလို့ ပြောလို့ ရတာပေါ့ဗျာ။

Yoe Lu (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle