The Beatles သီချင်းတွေ (၁)

The Beatles သီချင်းတွေ (၁)

The Beatles ရဲ့ နာမည်ကြီးသီချင်းတွေ ကြားရမယ့် Yesterday ရုပ်ရှင်ဟာ UK မှာ နောက်လဆိုရင်ပဲ ရုံတင်ပါတော့မယ်။ ဟာသရုပ်ရှင် အမျိုးအစားဖြစ်တဲ့ ဒီရုပ်ရှင်မှာ ဂန္တဝင်အဆိုတော်အဖွဲ့ဖြစ်တဲ့ The Beatles  ရဲ့သီချင်းတွေနဲ့ အားပြုပြီး ဇာတ်အိမ်တည်ထားတာကြောင့် UK အပါအဝင် နိုင်ငံတော်တော်များများရဲ့ စိတ်ဝင်စားမှုကို ရရှိနေပါတယ်။

Liverpool မြို့သား The Beatles ရဲ့ သီချင်းတွေကို မသိဘဲ ဒီရုပ်ရှင်ကြည့်မယ်ဆိုရင်တော့ တန်မှာမဟုတ်ပါဘူး။ ရုပ်ရှင်ကြည့်ရင်း သီချင်းရလို့ လိုက်ဆိုရတဲ့ အရသာက ဘာနဲ့မှ မလဲနိုင်တဲ့အရာတွေထဲမှာ တစ်ခုပါပါတယ်။ ဒီသီချင်း ငါသိတယ်ကွ ဆိုတဲ့ ခံစားချက်မျိုးပေါ့။ ဒီရုပ်ရှင်ကြောင့်မှ မဟုတ်ပါဘူး။ The Beatles သီချင်းတွေဟာ နားမထောင် မဖြစ် နားထောင်သင့်တဲ့ စာရင်းထဲမှာ ပါဝင်ပါတယ်။ သူတို့အဖွဲ့ရဲ့ သီချင်းတွေတော်တော်များများကို နိုင်ငံတကာ Cover သီဆိုကြသူတွေ ဒီနေ့ထက်ထိ ရှိနေသလို မြန်မာနိုင်ငံမှာလည်း ကော်ပီသီဆိုတာတွေလည်း ရှိပါတယ်။ Yesterday ရုပ်ရှင်မှာ ပါဝင်မယ့် သီချင်းတချို့ အကြောင်းနဲ့ လူတွေသိပ်ပြီး နားမထောင်ဖြစ်ကြတဲ့ The Beatles ရဲ့ သီချင်းကောင်းတချို့ကို အခရာက ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

Yesterday

ဒီရုပ်ရှင်ရဲ့ နာမည်တစ်ဖြစ်လဲ Yesterday သီချင်းက ဇာတ်လမ်းထွေလာရဲ့ အစတင်ပဲ ကြားရမှာပါ။ ၁၉၆၅ ခုနှစ်၊ သြဂုတ်လမှာ စတင်ထွက်ရှိခဲ့တဲ့ ဒီသီချင်းဟာ ဂစ်တာအသံကို အသားပြုထားတဲ့အတွက် နားထောင်လိုက်ရင်ပဲ သီချင်းရဲ့ နာမည်အတိုင်း မနေ့ကတနေ့က အချိန် တစ်ခုခုခုကို ပြန်တမ်းတမိသလို ဖြစ်စေမှာပါ။

Something

Abbey Road album မှာပါတဲ့ Something သီချင်းဟာ ၁၉၆၉ ခုနှစ်ရဲ့ UK Chart List မှာ နံပါတ် ၄ ချိတ်ခဲ့ပြီး US မှာ နံပါတ် ၂ ချိတ်ခဲ့တဲ့ထိ အောင်မြင်မှု ရရှိခဲ့တဲ့ သီချင်းပဲ ဖြစ်ပါတယ်။ George Harrison ဟာ သီချင်းရေးစပ်ရာမှာ အရည်အချင်းရှိသူအဖြစ် သက်သေဖြစ်ခဲ့တဲ့ ဒီသီချင်းဟာ Abbey Road Album ထဲက အအောင်မြင်ဆုံး သီချင်းအဖြစ် နေရာယူခဲ့ပါတယ်။ ရုပ်ရှင်ထဲမှာ ပါသလိုပဲ ဒီသီချင်းကို ဂစ်တာတီးလို့ ကိုယ်ချစ်တဲ့ ကောင်မလေးရှေ့မှာ ဆိုပြရင် သူမတော့ ကြွှေဆင်းသွားစေနိုင်လောက်အောင် စာသားတွေ နူးညံ့လွန်းလှပါတယ်။

Hey Jude

ဒီသီချင်းကို ဘယ်လိုလဲဆိုတာတော့ ပြောနေဖို့ လိုမယ်မထင်ပါဘူး။ Lennon McCartney Partnership လို့ ပြောရတဲ့အထိ အောင်မြင်တဲ့ သူတို့နှစ်ယောက်ပေါင်းရေးတဲ့ သီချင်းတွေထဲမှာ Hey Jude ကလည်း တစ်ပုဒ် အပါအဝင်ပါ။ The Beatles အပိုင် Apple Record က ထုတ်တဲ့ ပထမဆုံးသီချင်းလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ၁၉၆၈ ခုနှစ်ရဲ့ US Chart List နံပါတ် ၁ နေရာမှာ ၉ ပတ်တိုင်အောင် အကြာဆုံး နေရာယူခဲ့တဲ့သီချင်းလည်း ဖြစ်ပါတယ်။

Love

ဒီသီချင်းကတော့ ရေဒီယိုပရိုဂရမ်တစ်ခုရဲ့ Intro ကြားကြားနေရတဲ့  သီချင်းမို့ လိုက်ရှာကြတော့ John Lennon ဆိုတဲ့ သီချင်းမှန်း သိလိုက်ရတာပါ။ Jon Lennon ရဲ့ နူးညံ့လွန်းတဲ့အသံက ဒီသီချင်းမှာ ပိုလို့တောင် ထပ်ဟပ်နေပါသေးတယ်။ သီချင်းကို You Tube မှာ ရှာကြည့်လိုက်ရင် Yoko နဲ့ John တို့ အတွဲနှစ်ယောက်ရဲ့ ချစ်ကြည်နူးနေတာတွေကို သီချင်းနဲ့လိုက်ဖက်စွာ တွေ့ရမှာပါ။

Norwegian Wood

I once had a girl

Or should I say

She once had me

ဆိုပြီး အစချီထားတဲ့ Norwegian Woods သီချင်းဟာ အိန္ဒိယဂီတတူရိယာနဲ့ တီးခတ်ထားတဲ့ The Beatles ရဲ့ ပထမဆုံးဖန်တီးမှုဖြစ်ပါတယ်။ ၁၉၆၅ ခုနှစ်က ထွက်ခဲ့တဲ့ ဒီသီချင်းကို ဂီတပညာရှှုင်တော်တော်များများက ပြန်လည်တီးခတ်တဲ့အထိ လွှမ်းမိုးမှုရှိခဲ့ပါတယ်။

Penny Lane

“Penny Lane ဆိုတာ John နဲ့ ကျွန်တော့်အတွက် အတိတ်ကို ပြန်မြင်စေတဲ့ နေရာလိုပါပဲ၊ ကျွန်တော် သူ့အိမ်ကိုသွားဖို့အတွက် ဘတ်စ်ကား တဆင့်စီးနေကျ နေရာဖြစ်သလို သူ ကျွန်တော့်ဆီလာရင်လည်း Penny Lane မှာပဲ ကားစောင့်စီးရတာပါ။ တခါတလေ ကျွန်တော်တို့အတူတူ အဲ့ဒီအနီးတဝိုက်မှာပဲ လည်ကြပတ်ကြတယ်။

Penny Lane မှာပြောင်းလဲသွားတာမှန်သမျှကို ကျွန်တော်တို့ နှစ်ယောက်လုံး အတူတူ သိကြတယ်” လို့ Paul McCartney က ပြောခဲ့ဖူးတယ်။ ဒီသီချင်းမှာ ဘယ်လိုအကြောင်းအရာမျိုးတွေပါလဲ သိချင်ရင်တော့ ခုပဲ နားထောင်ကြည့်လိုက်တော့။

Reference – udiscover.com, Wikipedia

NSC (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle