Keanu Reeves ကို ချစ်ခင်လေးစားအားကျသင့်တဲ့ အကြောင်းရင်းမျာ

Keanu Reeves ကို ချစ်ခင်လေးစားအားကျသင့်တဲ့ အကြောင်းရင်းမျာ

ဟောလိဝုဒ်ရဲ့ နာမည်ကျော်မင်းသားကြီး Keanu Reeves ကို မချစ်တဲ့သူဆိုတာ ခပ်ရှားရှားဖြစ်မှာပါ။ Keanu Reeves က နာမည်ကြီးပြီး ပိုင်ဆိုင်မှုတွေအများကြီးရှိပေမယ့် နှိမ့်နှိမ့်ချချနေတတ်ပြီး ကြင်နာတတ်တဲ့စိတ်ရှိတာကြောင့် ပိုပြီးတော့ လူသိများပါတယ်။ ဒီလို ဘဝင်မမြင့်ဘဲ ဘဝကိုနှိမ့်ချစွာ ဖြတ်သန်းတာကြောင့် ချစ်ဖို့ကောင်းနေတဲ့ Keanu Reeves ကြီးကို ပရိသတ်ကြီးတို့ ပိုချစ်ကြမယ့် အကြောင်းပြချက်ကောင်းတစ်ခုရှိပါသေးတယ်။ အဲဒါက Keanu Reeves က နှစ်ပေါင်းများစွာ ကလေးဆေးရုံတွေကို လူသိရှင်ကြားမချပြဘဲ သူ့ရဲ့ဝင်ငွေတွေနဲ့ထောက်ပံ့ပေးနေတာပါ။

၁၉၉ဝ ခုနှစ်မှာ Keanu Reeves ရဲ့ ညီမငယ်လေးက သွေးကင်ဆာရောဂါကိုခံစားခဲ့ရတယ်။ ညီမဖြစ်သူရောဂါခံစားနေရတဲ့အချိန်မှာ Keanu Reeves က သူမကိုရည်စူးပြီး ကိုယ်ပိုင်အဖွဲ့အစည်းတစ်ခု တည်ထောင်ခဲ့တဲ့အပြင် သူ့ရဲ့နာမည်ကိုထည့်သွင်းဖော်ပြခြင်းခံရမှာမဟုတ်မှန်းသိရဲ့သားနဲ့ ကင်ဆာအလှူဒါနဲ့တော်တော်များများမှာ ထောက်ပံ့ငွေတွေ ထည့်ခဲ့တယ်။ သူတည်ထောင်ခဲ့တဲ့ အဖွဲ့အစည်းက ကင်ဆာသုတေသနလုပ်ငန်းတွေကို ထောက်ပံ့ပေးနေရင်း တပြိုင်နက်တည်းမှာပဲ ကလေးအဆောင်တွေနဲ့ ကလေးဆေးရုံတွေကိုပါ ထောက်ပံ့ပေးခဲ့တယ်။

၂ဝဝ၉ ခုနှစ်မှာ Keanu Reeves က Ladies Home Journal ကို သူရဲ့ပုဂ္ဂလိကအဖွဲ့အစည်းတစ်ခုကို တည်ထောင်ထားတာ ငါးနှစ် ၊ ခြောက်နှစ်လောက်ရှိနေပြီဖြစ်တဲ့အကြောင်းနဲ့ ကလေးဆေးရုံနဲ့ ကင်ဆာသုတေသနတချို့ကို ကူညီပေးနိုင်ခဲ့ပြီဖြစ်တဲ့အကြောင်းကို ပြောပြခဲ့တယ်။ သူ့နာမည်တပ်တာကိုမကြိုက်ဘဲ အဖွဲ့အစည်းက လုပ်စရာရှိတာကိုပဲ လုပ်ခိုင်းတယ်လို့ Keanu Reeves က ပြောသွားခဲ့တယ်။ ဒါပေမယ့် Keanu Reeves က ဒီတစ်ခုတည်းကိုလုပ်တာမဟုတ်ပါဘူးနော်။ Racing for Kids ၊ PETA နဲ့ SickKids Foundation တို့က Keanu Reeves ကူညီခဲ့တဲ့ အဖွဲ့အစည်းတွေထဲမှာပါဝင်ပါတယ်။

သူကရိုက်ကွင်းမှာလည်း အရမ်းစေတနာကောင်းတဲ့သူတစ်ယောက်ပါ။ Matrix Reloaded (2003) ရိုက်တဲ့ ခရစ္စမတ်မှာလည်း Special Effect တွေကို ကိုင်တွယ်ရတဲ့အဖွဲ့သားတိုင်းကို Harley Davidson မော်တော်ဆိုင်ကယ်တွေ လက်ဆောင်ပေးခဲ့တယ်တဲ့။ ဒါကိုစေတနာကောင်းတယ်လို့ မပြောချင်သေးရင်လည်း ထပ်ပြောလို့ရသေးတယ်နော်။ ဒီ Trilogy ရိုက်တဲ့ထဲမှာ အလုပ်လုပ်ခဲ့တဲ့သူတိုင်းကို သူရတဲ့ပိုက်ဆံသန်းချီကို ပြန်ပေးခဲ့တယ်လို့လည်း သတင်းတွေထွက်ပါသေးတယ်။ ဒါတောင် တခြားဟာတွေကို ထည့်မပြောသေးဘူးနော်။

ဒီတော့ နောက်ဆုံးပိတ်အနေနဲ့ပြောရရင် ရုပ်ရှင်လောကမှာ သူ့လောက်နှိမ့်ချပြီး စည်းစိမ်ဥစ္စာကို အရမ်းမမက်မောတဲ့သူဆိုတာ ရှိတောင်ရှိပါဦးမလား။ ရှိရင်တောင် အရမ်းရှားမှာပါ။ ဒီလိုစိတ်ထားနဲ့လူတစ်ယောက်ကို မလေးစားမဘဲ မနေနိုင်ပါဘူးနော်။ ဟုတ်တယ်မလား။ ပရိသတ်ကြီးတို့ရော ဘယ်လိုထင်ကြလဲ။

Piki (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle