Robert Pattinson အပြင် Batman Suit ကို ဝတ်ခွင့်ရလောက်မှာ ဘယ်သူများလဲ

Robert Pattinson အပြင် Batman Suit ကို ဝတ်ခွင့်ရလောက်မှာ ဘယ်သူများလဲ

၂ဝ၂၁ ခုနှစ်မှာထွက်မယ့် The Batman ရုပ်ရှင်ကို Twilight မင်းသား Robert Pattinson နဲ့ ရိုက်မယ်လို့ ဟိုတလောက သတင်းတွေထွက်လာခဲ့ပါတယ်။ အဲဒီသတင်းကြားကတည်းက Batman ပရိသတ်တော်တော်များများကတော့ ကြိုက်တဲ့ပုံသိပ်မပေါ်ခဲ့ပါဘူး။ ကိုယ့်အတွက်လည်း Christian Bale ကလွဲရင် တခြား Batman မင်းသားတွေကို Batman လို့မြင်လို့မရခဲ့ဘူး (Ben Affleck ကိုလည်း မကြိုက်ခဲ့ဘူး)။ ဒါပေမယ့် နောက်ထပ်ရရှိထားတဲ့သတင်းအရတော့ Gotham ရဲ့ Cape Crusader နေရာကို လုယူမယ့်သူနောက်တစ်ယောက်ရှိနေပါပြီတဲ့နော်။

The Wrap ရဲ့ သတင်းထောက်ဖြစ်တဲ့ Umberto Gonzalez က မနေ့က Twitter မှာ ဘာတင်ထားလဲဆိုတော့ Robert Pattinson နဲ့ Nicholas Hoult တို့က Batman ဇာတ်ကောင်နေရာအတွက် Screen Test တွေလုပ်နေပြီလို့ပြောခဲ့တယ်။ ၂ဝ၂ဝ မှာ ဇာတ်လမ်းရိုက်ကူးရေးတွေစမယ်ဆိုတော့ အဓိကသရုပ်ဆောင်ကိုရွေးဖို့အတွက် ၂ဝ၁၉ တစ်နှစ်လုံးအချိန်ရနေပါသေးတယ်။ Matt Reeves က DCEU ကို Dark Knight အသစ်တစ်ယောက် ခေါ်ဆောင်လာပေးမယ်ဆိုပေမယ့် ဒီမင်းသားနှစ်ယောက်ထဲက ဘယ်သူဖြစ်နိုင်မလဲ။ နှစ်ယောက်စလုံးက မတူညီတဲ့ ဇာတ်ကားအမျိုးမျိုးမှာ သရုပ်ဆောင်ဖူးတဲ့သူတွေပါ။ Pattinson ဆိုရင်လည်း Good Time ၊ The Lost City of Z နဲ့ Twilight ဇာတ်ကားတွဲတွေကြောင့် လူသိများပြီး Hoult ကလည်း X-Men Franchise တွေမှာ Beast နေရာကနေ သရုပ်ဆောင်ခဲ့ပြီး Dark Phoenix မှာလည်း ပြန်ပါလာဦးမှာပါ။ နောက်ပြီး Hoult က Tolkien ၊ The Favourite နဲ့ Mad Max: Fury Road တို့ကြောင့်လည်း နာမည်ကြီးပါသေးတယ်။

အရင်ကတော့ ဒီသရုပ်ဆောင်နှစ်ယောက် Superhero အခန်းတွေမှာ သရုပ်ဆောင်ခွင့်မရခဲ့တာက Costume နဲ့ မလိုက်လို့လို့ပြောကြပါတယ်။ ဒီတော့ အခုဇာတ်ကောင်ကို အတည်ပြုတဲ့အခါမှာ Batsuit နဲ့ ဘယ်သူကပိုလိုက်မလဲဆိုတာပါ ထည့်ပြီးစဉ်းစားမယ့်ပုံပါပဲ။ နောက်ပြီး ကိုယ်တွေမသိနိုင်သေးတဲ့ Batman ဇာတ်ကောင်နေရာကို လျာထားနိုင်တဲ့ တခြားသရုပ်ဆောင်တွေလည်း ရှိနေရင်ရှိနေဦးမှာပဲလေ။ ဒါ့အပြင် The Batman မှာဘယ် Villain တွေပါမလဲဆိုတာကိုလည်း ထပ်ပြီးတော့ ဖော်ပြပေးသွားဦးမယ်နော်။

ဒီတော့ ပရိသတ်ကြီးတို့ဘယ်လိုထင်လဲ။ Robert လား Nicholas လား။ သူတို့နှစ်ယောက်မှာ ဘယ်သူက Batman ရဲ့ အနှစ်သာရကိုဖော်ဆောင်နိုင်မလဲ။

Ref: The Daily Mail, IGN, Comicbookmovie

Photo Credit: Mashable

Piki (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle