ကာရိုက်တာမျက်နှာဖုံးတွေနောက်မှာ ပုန်းအောင်းနေကြရတဲ့ Marvel ဇာတ်ကောင်များ

ကာရိုက်တာမျက်နှာဖုံးတွေနောက်မှာ ပုန်းအောင်းနေကြရတဲ့ Marvel ဇာတ်ကောင်များ

Avengers: Endgame(2019) အောင်မြင်လာတာနဲ့အမျှ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင်တွေဟာ ပရိသတ်တွေရဲ့ နှလုံးသားတွေကို သိမ်းပိုက်နိုင်ခဲ့သလို အောင်မြင်ကျော်ကြားမှုတွေလည်း အများကြီးရရှိခဲ့ပါတယ်။ အဲဒီထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသား၊ မင်းသမီးတချို့ဟာ ဇာတ်ရုပ်ကို သဏ္ဍန်လုပ် သရုပ်တူစေဖို့ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်စေဖို့အတွက် မိတ်ကပ်တွေ အများကြီးလိမ်းခဲ့ရပါတယ်။

အဲဒီထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ကြတဲ့ ဇာတ်ကောင်တွေရဲ့ မိတ်ကပ်မပါ ၊ Visual Effect တွေမပါဘဲ မူလရုပ်တွေကရော ဘယ်လိုဘယ်ပုံရှိလဲဆိုတာကို မသိချင်ကြဘူးလား။ ကိုယ်ကတော့ Marvel ရုပ်ရှင်ကားတွေကို ကြည့်တိုင်း သူတို့ရဲ့ဇာတ်ကောင်ထဲကပုံစံမဟုတ်တဲ့ ပြင်ပရုပ်ရည်ပုံပန်းသဏ္ဍန်က ဘယ်လိုလဲဆိုတာ အမြဲတွေးကြည့်မိတတ်လို့ ဘယ်ဇာတ်ရုပ်ကို သရုပ်ဆောင်ခဲတဲ့သူတွေဟာ ပြင်ပလောကမှာ မိတ်ကပ်သိပ်မပါ၊ Visual Effect တွေမပါဘဲ ဘယ်လိုရုပ်ရည်ရှိလဲဆိုတာကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

(၁) Nebula
Nebula ကာရိုက်တာကို ပီပီပြင်ပြင်သရုပ်ဆောင်ခဲ့တဲ့သူကတော့ စကော့တလန်မင်းသမီးချော Karen Gillan ပဲ ဖြစ်ပါတယ်။ Thanos ရဲ့ သမီးအဖြစ် ပီပြင်အောင် သရုပ်ဆောင်နိုင်ဖို့ သူမရဲ့ရှည်လျားတဲ့ ဆံပင်တွေကို ညှပ်ပစ်လိုက်ရပြီး မိတ်ကပ်ကိုလည်း ခက်ခက်ခဲခဲ လိမ်းခဲ့ရပါတယ်။ အဲဒီဇာတ်ရုပ်ပုံပေါ်ဖို့အတွက် မိတ်ကပ်လိမ်းချိန်ကို လေးနာရီလောက် အချိန်ယူခဲ့ရပြီး ပြန်ဖျက်ဖို့အတွက်ကိုလည်း နာရီဝက်လောက် ယူခဲ့ရပါတယ်။ ကဲ… သူမရဲ့ရုပ်ရှင်ထဲက ရုပ်ရည်မဟုတ်တဲ့ ပြင်ပရုပ်သွင်ပြင်ကို အောက်မှာ ကြည့်ကြည့်လိုက်ရအောင်။

Nebula

(၂) Thanos
Thanos ရဲ့နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီးကတော့ Josh Brolin ဖြစ်ပါတယ်။ ဒီမင်းသားကြီးဟာ Villain ဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့လို့ ရုပ်ရှင်ကလည်း ပိုပြီး ပေါက်ခဲ့တာလို့ ပြောလို့ရပါတယ်။ Thanos ဇာတ်ရုပ်ကို ပီပြင်စေဖို့အတွက် သရုပ်ဆောင်ရဲ့အသွင်အပြင်ပေါ်ကို အခြေခံပြီး နည်းပညာနဲ့ ဖန်တီးခဲ့ရပါတယ်။ အဲဒီလို ဖန်တီးထားတဲ့ Thanos ကြီးကိုပဲ တွေ့နေရတော့ အပြင်က Thanos ကြီးကရော ရုပ်ရှင်ထဲကနဲ့ ဘာကွာလဲဆိုတာ မသိချင်ကြဘူးလား။ အောက်မှာ ကွာခြားချက်ကို သိရအောင် ကြည့်ကြည့်လိုက်နော်။

(၃) Ronan the Accuser
Guardians of The Galaxy(2014) ထဲက Ronan ဇာတ်ရုပ်ကို သရုပ်ဆောင်ခဲ့တဲ့သူကတော့ နာမည်ကျော်မင်းသား Lee Pace ပဲ ဖြစ်ပါတယ်။ Lee Pace ဟာ Ronan ဇာတ်ရုပ်ကိုပီပြင်ဖို့အတွက် ဝတ်စားဆင်ယင်မှု ပြောင်းလိုက်တဲ့အခါ သူရဲ့မူလရုပ်ရည်ကို ပရိသတ်ကြီးတို့တောင် မှတ်မိမှာ မဟုတ်တာ သေချာပါတယ်။ အပြာရောင်မျက်နှာ၊ ခရမ်းရောင်မျက်ကပ်မှန်နဲ့ အမည်းရောင်ခေါင်းစွပ်အကျီၤကို ဝတ်ဆင်လိုက်တဲ့ Lee Pace ဟာ လုံးဝရုပ်ရှင်ထဲက ကာရိုက်တာအတိုင်း တစ်ထပ်ကျသွားပြီး မူလရုပ်တောင် ပျောက်သွားပါတယ်။ ဘယ်လိုတောင် ပြောင်းလဲသွားလဲဆိုတာကို အောက်မှာ ယှဉ်ပြထားပါတယ်နော်။

(၄) Gamora
Gamora ဇာတ်ရုပ်နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးကတော့ Zoe Saldana ပဲ ဖြစ်ပါတယ်။ Zoe Saldana ဟာ Avatar မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ Guardians of The Galaxy(2014) မှာတော့ သူမရဲ့ ဇာတ်ရုပ်ပီပြင်ဖို့အတွက် ကျွမ်းကျင်တဲ့ မိတ်ကပ်ပညာရှင်တွေရဲ့ ဖန်တီးမှုနဲ့ပဲ ရယူခဲ့ပါတယ်။ Gamora ဇာတ်ရုပ်ကို ပီပြင်စေဖို့အတွက် တစ်နေ့တစ်နေ့ကို ငါးနာရီလောက်အချိန်ယူပြီး မိတ်ကပ်လိမ်းကာ ဖန်တီးရယူခဲ့ရပါတယ်တဲ့။ ဒီလောက်အချိန်ယူပြီး လိမ်းခဲ့ရတယ်ဆိုတော့ အပြင်ကရုပ်ရည်နဲ့ ဘယ်လောက်ကွဲသွားလဲဆိုတာကို ကြည့်ကြည့်လိုက်ရအောင်။

(၅) Drax the Destroyer
Guardians of The Galaxy ထဲမှာ Drax the Destroyer ဇာတ်ကောင်ကို ပီပီပြင်သရုပ်ဆောင်ခဲ့တဲ့ Dave Bautista ဟာ MMA Fighter ဟောင်း တစ်ယောက်လည်း ဖြစ်ပါတယ်။ ဇာတ်ရုပ်နဲ့ တစ်ထပ်တည်းကျစေဖို့အတွက် Dave ဟာ သူရဲ့ ခန္ဓာကိုယ်ပေါ်ကို လေမှုတ်ကိရိယာတွေသုံးပြီး သုတ်ဆေးတွေမှုတ်ကာ ဆေးတွေ ခြယ်ခဲ့ပြီး အနီရောင် ဆီလီကွန်အမာရွတ်တုတွေကိုလည်း ဖန်တီးပြီး ကပ်ခဲ့ရပါတယ်။ အဲဒီလိုမျိုး ပြီးပြည့်စုံတဲ့ ပြောင်းလဲမှုလုပ်ဖို့အတွက် နာရီပေါင်းအမြောက်အမြား အချိန်ယူခဲ့ရပါတယ်။ တကယ်တော့ ရုပ်ရှင်ကားတစ်ကား အောင်မြင်ဖို့အတွက် ဒီလောက်အချိန်ပေးပြီး ပုံဖော်ခဲ့ရတယ်ဆိုတာက ကြည့်ရှုသူအများစုဟာ သိပ်ပြီး သတိမထားမိကြပါဘူး။

(၆) Mantis
Guardians of the Galaxy Vol. 2 (2017) မှာ Mantis ရဲ့ ဇာတ်ရုပ်ကို ပါဝင်သရုပ်ဆောင်ခဲ့တဲ့သူကတော့ ပြင်သစ်မင်းသမီး Pom Klementieff ပဲ ဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာတော့ ဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်ရတဲ့အတွက်ကြောင့် ရုပ်က တစ်မျိုးကြီး ဖြစ်နေခဲ့ပေမယ့် အပြင်မှာ တကယ်ကို ချောမောလှပတဲ့သူ တစ်ယောက်ပါ။ သူမဟာ Mantis ဇာတ်ရုပ်ကို ပီပြင်စေဖို့အတွက် အမည်းရောင် မျက်ကပ်မှန်ကိုတပ်ဆင်ခဲ့ရသလို ကွန်ပျူတာနည်းပညာရဲ့ အကူအညီနဲ့ သေးငယ်တဲ့ ခြေ၊ လက်၊ သွားအင်္ဂါအတုတွေကို တပ်ပြီး သရုပ်ဆောင်ခဲ့ရပါတယ်။ အဲဒီလိုတပ်ဆင်လိုက်တဲ့အခါ သူမရဲ့ လှပတဲ့ ရုပ်ရည်ဟာ တကယ်ကို ပျောက်သွားပြီး ရုပ်ရှင်ထဲကို ဇာတ်ရုပ်အတိုင်း တစ်ထပ်တည်းကျသွားပါတယ်။ ဟုတ်မဟုတ် အောက်ကပုံမှာ ကြည့်ကြည့်နော်။

(၇) Yondu Udonta
Guardians of The Galaxy(2014) မှာ ရုပ်ရှင်မှာ Yondu ဇာတ်ကောင်နဲ့ သရုပ်ဆောင်ခဲ့သူက မင်းသားကြီး Michael Rooker ဖြစ်ပါတယ်။ ကမ္ဘာဂြိုဟ် Centauri-IV ထဲက Zaton လူမျိုးစုအဖြစ် ပြောင်းလဲဖို့အတွက် မင်းသားကြီးဟာ မိတ်ကပ်ကို အလွှာပေါင်း ခြောက်လွှာလောက် လိမ်းခဲ့ရပြီး သက်သောင့်သက်သာမရှိတဲ့ သွားအတုတွေကို တပ်၊ အနီရောင်မျက်ကပ်မှန်တွေကို ဝတ်ဆင်ပြီး အောင်မြင်ကျော်ကြားတဲ့ ဇာတ်ရုပ်ကို ရရှိအောင် ဖန်တီးယူခဲ့ရပါတယ်။

ဒါတွေကို ကြည့်ခြင်းအားဖြင့် ဇာတ်ကားတစ်ကား အောင်မြင်ပေါက်မြောက်ဖို့အတွက် ဒါရိုက်တာ တစ်ယောက်တည်း တော်နေလို့လည်း မရသလို သရုပ်ဆောင်ကောင်းနေရုံနဲ့လည်းမရဘဲ အဘက်ဘက်ကနေပြည့်စုံအောင် အသင်းအဖွဲ့နဲ့ စနစ်တကျ စုပေါင်းပြီး ဖန်တီးပုံဖော်နိုင်မှသာ ရုပ်ရှင်ကား အောင်မြင်ပေါက်မြောက်တာပါ။

ဒီမင်းသား၊ မင်းသမီးတွေဟာလည်း သူတို့ပါဝင်သရုပ်ဆောင်လိုက်တဲ့ ဇာတ်ကားအောင်မြင်ပေါက်မြောက်ဖို့အတွက် သူတို့ရုပ်ရည် လှပနေဖို့ကို ပဓာနမထားဘဲ ဘယ်လိုပဲ ပြောင်းလဲယူရ ယူရ ယူပြီး ပါဝင်သရုပ်ဆောင်ခဲ့ကြသူတွေပါ။ ဒီလိုသရုပ်ဆောင်ကောင်းမှုတွေကြောင့် ပရိသတ်တွေက သူတို့တွေရဲ့ ပြင်ပရုပ်ရည်ကို မမှတ်မိဘဲ ဇာတ်ကားထဲက ရုပ်ရည်ကိုသာ စွဲမှတ်နေကြတာပါ။ ကဲ….ဒီလောက်ဆိုရင် မျက်နှာဖုံးတွေ နောက်ကွယ်က သရုပ်ဆောင်တွေက ဘယ်သူတွေလဲဆိုတာ ကောင်းကောင်းသိသွားလောက်ပြီမို့ ကျေနပ်ကြပါပြီလို့ ထင်ပါတယ်နော်။ ကိုယ်အကြိုက်ဆုံးမင်းသား ၊ မင်းသမီးတွေရော ဒီထဲမှာ ပါမပါ ရှာကြည့်လိုက်ကြဦးနော်။

Reference and Photo Credit: brightside.me

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle