လက်လွတ်မသင့်တဲ့ Game Show တွေ

လက်လွတ်မသင့်တဲ့ Game Show တွေ

Running Man လိုမျိုး ကြည့်လို့ကောင်းတဲ့ Game Show တွေ အများကြီးရှိပါတယ်။ ဒါပေမယ့် အခရာ အခုဖော်ပြပေးမယ့် Game Show တွေက ပုံမှန်အဖွဲ့ဝင်နဲ့ အသားပေးကစားနေကြတာမဟုတ်ဘဲ အပြင်ကလူတွေပါဝင်ရမယ့် Show မျိုးတွေက အများစုဖြစ်ပါလိမ့်မယ်။ ဒီ Game Show တွေက မတူညီတဲ့ ရသတစ်မျိုးစီကို ပရိသတ်ကြီးဆီ ယူဆောင်လာနိုင်ပါတယ်။ ဒါကြောင့်မို့ လူကြည့်များပြီး စိတ်ဝင်စားမှုအများဆုံးခံရတဲ့ Game Show တချို့ကို ပရိသတ်ကြီးအတွက် ပြောပြပေးလိုက်ပါတယ်။

Sasuke Rising (ဂျပန်)
Ninja Warrior သို့မဟုတ် Sasuke Rising လို့ နာမည်ကြီးတဲ့ ဒီ Game Show ဟာ အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၈ နိုင်ငံကျော်မှာ ပြန်လည်ကစားကြတဲ့အထိ နာမည်ကြီးပါတယ်။ ၁၉၉၇ ခုနှစ်ကတည်းက စတင်ထုတ်လွှင့်ခဲ့တဲ့ ဒီ Show ဟာ အခုချိန်ထိ ဂျပန်နိုင်ငံမှာ လူကြိုက်များနေဆဲပါ။ ပြိုင်ပွဲဝင်တစ်ဦးချင်းက အတားအဆီး ၄ ဆင့်ကို ဖြတ်ကျော်ရပြီး နောက်ဆုံးနေရာက ဘဲလ်ကိုတီးလိုက်မှ ပြိုင်ပွဲကို အောင်အောင်မြင်မြင် အဆုံးသတ်နိုင်တယ်လို့ သတ်မှတ်ပါတယ်။ အတားအဆီး ၄ ခုဆိုပြီး နည်းတယ်မထင်လိုက်ပါနဲ့။ ၂ ခု အောင်မြင်တယ်ဆိုရင်ပဲ အတော်လေး တော်နေတဲ့အထဲမှာ ပါနေပါပြီ။ အားကစားတွေ ပုံမှန်လုပ်တတ်သူ၊ ပွဲမဝင်ခင် အပြင်က ကျင်းပခဲ့တဲ့သူတွေလည်း ဒီပွဲကို နိုင်ချင်မှ နိုင်တာပါ။ တစ်ယောက်နဲ့ တစ်ယောက် မတူညီတဲ့ လှုပ်ရှားပုံတွေကို မြင်ရမှာ ဖြစ်တာကြောင့် Sasuke Show ကို ကြည့်ဖူးတယ်ရှိအောင် ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

Total Blackout (အမေရိကန်)
အလုံးစုံအမှောင်ကျနေတဲ့အခန်းထဲမှာ အမည်မသိ ပစ္စည်းတွေထည့်ထားတဲ့ ပုံးတွေ ရှိတဲ့ ဒီပုံးထဲက ပစ္စည်းတွေကို ပြိုင်ပွဲဝင်တွေက ထုတ်ယူရတာပါ။ တခါတလေ ပျော့စိစိအရာတွေက ဂျယ်လီဖြစ်နေပေမယ့် ဘာပစ္စည်းမှန်းမသိရတဲ့သူရဲ့ စိတ်ထဲမှာ ပျော့စိစိတိရစ္ဆာန်တစ်ကောင်လည်း ဖြစ်နိုင်တယ်လို့ တွေးမိနိုင်ပါတယ်။ ဒီ Show ကို ၂၀၁၂ မှာ ထုတ်လွှင့်ခဲ့ပြီး ၂၀၁၃ Season 2 အပြီးမှာ ရပ်နားခဲ့ပါတယ်။ ဒီ Total Blackout Show ဟာ ၂၀၁၁ ခုနှစ် ဒိန်းမတ်နိုင်ငံမှာ ထုတ်လွှင့်ခဲ့ဖူးတဲ့ Show တစ်ခုကို အတုယူပြီး Version ပြန်ပြောင်းထားတာပဲ ဖြစ်ပါတယ်။

Telematch (ဂျာမနီ)
Game Show တွေရဲ့ အဓိကဇာတ်လိုက်ကျော်ကြီးတော့ လာပါပြီ။ Telematch ဆိုတာ မြန်မာပရိသတ်တွေနဲ့ စိမ်းမယ်မထင်ပါဘူး။ ငယ်ငယ်တုန်းက မြန်မာ့အသံမှာ လာတတ်တဲ့ Telematch ကို ကြည့်ဖို့အတွက် နာရီတကြည့်ကြည့်နဲ့ စောင့်ခဲ့ရတဲ့နေ့တွေလည်း ရှိခဲ့ကြတယ် မဟုတ်လား။ ဂျာမနီနိုင်ငံရဲ့ မြို့တွေမှာ ပတ်ပြီး လုပ်လေ့ရှိတဲ့ Telematch ဟာ ဘယ်လောက်ထိ အင်အားကြီးတဲ့ Game Show လည်းဆိုရင် မြို့တော်ဝန်ကိုယ်တိုင်ကပါ ဝင်ကစားရတဲ့အထိပါပဲ။ ဂိမ်းမှာပါဝင်ကစားဖို့အတွက် လူဝင်လို့ရတဲ့ တိရစ္ဆာန်ပုံစံငယ်တွေ၊ ဂျာမန်ရိုးရာဝတ်စုံတွေ၊ ဒင်္ဂါးပြားကြီး စတာတွေနဲ့ ကစားရတဲ့ Telematch ဟာ ကမ္ဘာအနှံ့က လူတွေ မပျက်မကွက် စောင့်ကြည့်ရတဲ့အထိ ဆွဲဆောင်နိုင်စွမ်းရှိခဲ့ပါတယ်။ ၁၉၆၇ ကနေ ၁၉၈၀ ခုနှစ်အထိ ထုတ်လွှင့်ခဲ့တဲ့ Telematch ကို ဒီက ပရိသတ်တွေလည်း မေ့သေးမယ် မထင်ပါဘူးနော်။

Fun Taiwan Challenge (ထိုင်ဝမ် -အမေရိကန်)
TLC Asia Channel ရဲ့ Travel program တစ်ခုလို့လည်း ပြောလို့ရတဲ့ Fun Taiwan Challenge ဟာ Game Show တွေမှာ ပါဝင်ကစားဖို့အတွက် စိတ်ဝင်စားကြတဲ့ နိုင်ငံတကာက လူငယ်တွေကြားမှာ ရေပန်းစားပါတယ်။ ခရီးလည်းသွားရင်း Host တွေက ပေးတဲ့ Mission ကို အောင်မြင်အောင် လုပ်နိုင်တယ်ဆိုရင်တော့ ရမယ့် ဆုကြေးငွေကလည်း မနည်းပါဘူး။ ဒီ Challenge ကို နိုင်ငံအသီးသီးက စုံတွဲတွေ၊ သူငယ်ချင်းတွေစုပြီး လာကစားတတ်ကြပါတယ်။

Infinity Challenge (ကိုရီးယား)
Running Man ကတော့ ပြောစရာမလိုလောက်အောင် အောင်မြင်နေတဲ့အတွက် Infinity Challenge ဘက်ကို လှည့်ချင်ပါတယ်။ Running Man Fan တွေ၊ ကိုရီးယားကားတွေ၊ Show တွေကို အပျက်မခံတဲ့သူတွေအတွက်တော့ တော်တော်များများက သိပြီးသားဖြစ်မှာပါ။ Infinity Challenge က Running Man နည်းတူ ကိုရီးယားနိုင်ငံမှာ အောင်မြင်တဲ့ Game Show တစ်ခုပါ။ ဒီအချက်နဲ့တင် ကြည့်သင့်တဲ့စာရင်းထဲ ပါသွားပါပြီ။ Infinity Challenge မှာ အပေါ် Show တွေနဲ့ မတူညီတာတစ်ခုတော့ရှိပါတယ်။ သူက ပုံမှန်အဖွဲ့ဝင်တွေကို အသားပေးပြီး ကစားတဲ့ Show တစ်ခုဖြစ်နေတာပါ။

၂၀၀၅ ခုနှစ်ကတည်းက စတင်ထုတ်လွှင့်ခဲ့ပြီး ၂၀၁၈ ခုနှစ် မတ်လ ၃၁ရက်နေ့မှာ နောက်ဆုံး ထုတ်လွှင့်ခဲ့ပါတယ်။ အခုလက်ရှိမှာတော့ Channel 7 မှာ ထုတ်လွှင့်ပေးနေပြီး မကြည့်ဖူးသေးဘူးဆိုရင်တော့ အခုချိန်ကစပြီး ကြည့်ဖြစ်အောင် ကြည့်လိုက်နော်။

Reference – Wikipedia

Photo Credit – USA today, Amazon

NSC (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle