သေရေးရှင်ရေးအစာရေစာပြတ်လပ်သွားချိန်မှာ ကိုယ့်ဆီးကိုယ် ပြန်သောက်သင့်ပါသလား

သေရေးရှင်ရေးအစာရေစာပြတ်လပ်သွားချိန်မှာ ကိုယ့်ဆီးကိုယ် ပြန်သောက်သင့်ပါသလား

လူတွေဟာ ကံဆိုးရင် တစ်သက်မှာ တစ်ခါတော့ အသက်အန္တရာယ်နဲ့ ကြုံတွေ့ရတာ ရှိပါတယ်။ ကားမတော်တဆဖြစ်တာစတဲ့ လူက လုပ်တဲ့ အန္တရာယ်တွေ ကျရောက်နိုင်သလို ငလျင်လှုပ်တာ၊ ရေကြီးတာ စတဲ့ သဘာဝဘေးအန္တရာယ်တွေလည်း ကြုံတွေ့ရနိုင်ပါတယ်။

တကယ်လို့များ ခင်ဗျားက ပိတ်လှောင်ခံထားရတဲ့ အခြေအနေတစ်ခု၊ ဒါမှမဟုတ် သဘာဝဘေးအန္တရာယ်တစ်ခုခုတွေ့ကြုံလို့ အစာရေစာ ငတ်ပြတ်တဲ့ အခြေအနေကို ရောက်ခဲ့ရင်လို့ စိတ်ကူးယဉ်ကြည့်ဖူးပါသလား။ ဥပမာ Survival Movies တွေ ကြည့်ပြီးတဲ့အခါ စိတ်ကူးယဉ်တာမျိုးပေါ့။

ရုပ်ရှင်ထဲမှာတော့ မင်းသားက ရိက္ခာပြတ်သွားလို့ ဖြစ်ဖြစ်၊ သဘောၤမှောက်လို့ ကမ်းမမြင်လမ်းမမြင်အခြေအနေမျိုးမှာ ရေကုန်သွားခဲ့ရင် ကိုယ့်ဆီး၊ ကျင်ငယ်ရည်ကို ကိုယ့်ဘာသာ ပြန်သောက်တဲ့ ဇာတ်ဝင်ခန်းတွေကို မြင်ဖူးကြမှာပါ။ ခင်ဗျားရော အဲဒီအခြေအနေမှာ သောက်မလားဆိုရင်တော့ “ဟာဗျာသောက်စရာလား” ဆိုပြီး ငြင်းကောင်းငြင်းနိုင်ပေမယ့် ခေါင်းထဲမှာ ဘာလုပ်ရမလဲ အတွေးတွေ ပွားမိမှာ အမှန်ပါပဲ။ ဒီအဖြေကို ဒီမှာ ဖတ်ရှုနိုင်ပါပြီ။

အာကာသယာဉ်မှုးတွေကို ရေပြတ်သွားတဲ့အခါ ကိုယ့်ဆီးကိုယ် ပြန်သောက်နိုင်တယ်လို့ ညွှန်းခဲ့ပေမယ့် အဲဒီအာကာသယာဉ်ပေါ်မှာက နည်းပညာမြင့်သန့်စင်စနစ်တွေ တပ်ဆင်ထားပြီး တကယ့်ကို နောက်ဆုံးအခြေအနေမျိုးမှ ဒီကိစ္စမျိုးကို လုပ်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ မသောက်မဖြစ်အနေအထားမှာတော့ 127 Hours ထဲက မင်းသားလို ဒီတိုင်းမော့ချရမှာဆိုတာကိုတော့ သတိပြုရမှာ ဖြစ်ပါတယ်။

စစ်ဆေးတွေ့ရှိချက်တွေအရ အရွယ်ရောက်ပြီးသား လူတစ်ယောက်ကဟာ တစ်ပတ်လောက် ရေမသောက်ဘဲ အသက်ရှင်နိုင်ပြီး ၃ ပတ်လောက် အစာမစားဘဲ နေနိုင်ပါတယ်။ ဒါပေမယ့် ခင်ဗျားက ခန္ဓာကိုယ်မှာ ရေဓာတ်ခန်းခြောက်နေမယ်၊ ဖျားနေမယ် ဒါမှမဟုတ် နှစ်ခုလုံး ခံစားနေရပြီဆိုရင်တော့ ဒီလောက် ကြာကြာ ရှင်သန်နိုင်ဖို့ မလွယ်ကူတော့ပါဘူး။

ဒါတွေကြောင့် စစ်တပ်မှာဆိုရင် ဒီလို သေရေးရှင်ရေး ငတ်ပြတ်နေတဲ့အခြေအနေမျိုးမှာ မသောက်ရတဲ့ အချက်တွေကို စာရင်းလုပ်ထားတာ ရှိပါတယ်။ ဒီစာရင်းမှာ ငါးကထွက်တဲ့ အရည်၊ သွေး၊ အရက်၊ ပင်လယ်ရေနဲ့ ကျင်ငယ်ရေလည်း ပါဝင်ပါတယ်။ တကယ်တော့ ကျင်ငယ်ရေဆိုတာ ပင်လယ်ရေနဲ့ သိပ်ပြီး မကွာပါဘူး။ နှိုင်းယှဉ်ကြည့်ရင် ပင်လယ်ရေမှာ ရေဓာတ် ၉၆.၅% ပါဝင်ပြီး ဆီးမှာတော့ ရေဓာတ် ၉၅%၊ Sodium ၊ Chloride နဲ့ Urea ပါဝင်ပါတယ်။ ဒီတော့ ဆီးကို သောက်တယ်ဆိုတာဟာ ပင်လယ်ရေကို သောက်တာနဲ့ သဘောတူတူပဲ ဖြစ်ပါတယ်။ သောက်လိုက်ရင် ရေဓာတ်ပြည့်မလာဘဲ ရေဓာတ်ခန်းခြောက်သွားဖို့ပဲ ရှိနေပါတယ်။

ဒီထက်ပိုဆိုးတာက ဆက်တိုက်သာသောက်မယ်ဆိုရင် သွေးပေါင်ကျတဲ့အထိတောင် ရောက်ရှိနိုင်ပါတယ်။ ဒီလို ဖြစ်ရင် ခန္ဓာကိုယ်မှာ မရှိမဖြစ်လိုအပ်တဲ့ ကိုယ်အဂါၤတွေ ဖြစ်တဲ့ ကျောက်ကပ်၊နှလုံးနဲ့ အဆုတ်တွေဆီ သွေးရောက်ရှိမှုနည်းသွားပြီး ပျက်စီးတဲ့ အဆင့်ထိ ဖြစ်တတ်ပါတယ်။

နောက်ထပ်တစ်ချက်ကတော့ ဆီးမှာပါတဲ့ Urea ပါပဲ။ Urea ဆိုတာ တကယ်တော့ အညစ်အကြေးပါပဲ၊ ခန္ဓာကိုယ်မှာ မရှိသင့်တဲ့အရာပါ။ ဒါကြောင့် ကျောက်ကပ်က စစ်ထုတ်ပြီး ဆီးအဖြစ်စွန့်ပစ်လိုက်တာပေါ့။ ဒါကြောင့် ဒီလို စွန့်ထုတ်ထားတဲ့ ဆီးကို သောက်နေမယ်ဆိုရင် ကျောက်ကပ်က နှစ်ဆပို အလုပ်လုပ်ရမှာ ဖြစ်ပြီး ကျောက်ကပ်ပျက်စီးတဲ့ အဖြစ်ကို ဦးတည်သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဆီးမှာ ဘက်တီးရီးယားပိုးမွှားတွေ ပါဝင်ပြီး တစ်မျိုးက Staphylococcus လို လူသိများတဲ့ အစာအဆိပ်သင့်စေတဲ့ ဘက်တီးရီးယားလည်း ပါဝင်ပါတယ်။ ဒါကြောင့် ကယ်ဆယ်ခံရဖို့ စောင့်ဆိုင်းနေတဲ့အချိန်မှာပဲ ကိုယ်တွင်းအဂါၤပျက်စီးတဲ့ အဖြစ်နဲ့ ကြုံရပါလိမ့်မယ်။ ဒါကြောင့် တကယ်လို့ သေရေးရှင်ရေးအခက်အခဲဖြစ်နေချိန် ရိက္ခာပြတ်သွားတဲ့အချိန်မှာ ရုပ်ရှင်အကြည့်များပြီး ကိုယ့်ဆီးကိုယ် ပြန်သောက်တာမျိုး လက်တည့်မစမ်းကြဖို့ အကြံပေးချင်ပါတယ်။

Yoe Lu (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle