ကိုယ်ချစ်သူရဲ့ဖုန်းကို ခွင့်မတောင်းဘဲ စစ်သင့်လား မစစ်သင့်ဘူးလား ဝေခွဲရခက်ရင်

ကိုယ်ချစ်သူရဲ့ဖုန်းကို ခွင့်မတောင်းဘဲ စစ်သင့်လား မစစ်သင့်ဘူးလား ဝေခွဲရခက်ရင်

ဒီနေ့ခေတ်ကြီးမှာ တွေ့မြင်နေရတာက ချစ်သူ၊ သမီးရည်းစားတွေဖြစ်ရင် သူ Facebook ကိုယ်သုံး၊ ကိုယ် Facebook သူသုံးဆိုပြီး နှစ်ကိုယ့်တစ်စိတ် ဖြစ်နေကြတာကို တွေ့ရပါတယ်။ တစ်ဦးနဲ့တစ်ဦးကားမှာ ပွင့်လင်းတဲ့ ဆက်ဆံရေးမျိုး ရှိတာက မကောင်းဘူးလို့ မပြောချင်ပေမယ့် အဲဒီလို ဖလှယ်ပြီးသုံးတာမျိုး၊ သူနဲ့ကိုယ်နဲ့ကြားမှာ ရင်နှီးစိတ်ချရတဲ့ ပေါင်းသင်းဆက်ဆံရေးမျိုးရှိတာနဲ့ပဲ သူမသိဘဲ သူဖုန်းကို ယူကြည့်တာမျိုး ဖြစ်သင့်ရဲ့လားဆိုတာကို အတွေးဝင်လာမိပါတယ်။ လူပဲ ကိုယ်ချစ်သူက ကိုယ်မသိအောင် ဘယ်သူနဲ့ စကားပြောနေလဲ၊ ကိုယ်ကွယ်ရာမှာ မဟုတ်တာတွေ ဘာလုပ်နေလဲ သိချင်စိတ်ဖြစ်ကြ၊စိုးရိမ်ကြတာကို နားလည်ပေမယ့် Privacy မရှိတာမျိုးကလည်း အက်ကွဲကြောင်းတွေ ဖြစ်စေနိုင်တယ်ဆိုတာကိုလည်း တွဲပြီးသိစေချင်ပါတယ်။

တချို့တွေကလည်း ဖုန်းကို ယူစစ်လိုက်မှ သူတို့ အွန်လိုင်းပေါ်မှာ ဘာဖြစ်နေလဲဆိုတာကို ကိုယ်ကသိပြီး မဖြစ်သင့်တာတွေ မဖြစ်အောင် တားဆီးနိုင်မယ်လို့ ယုံကြည်ထားတဲ့သူတွေ ရှိပါတယ်။အဲ့ဒါကြောင့်မို့လည်း ချစ်သူရဲ့ဖုန်းထဲက Chat Box တွေကို မသိအောင် စစ်တာမျိုး၊ ဓာတ်ပုံတွေကို မသိအောင် ဝင်ကြည့်တာမျိုး၊ History တွေကို မသိအောင် ဝင်စစ်တာမျိုး လုပ်မိတတ်ကြပြီး ရန်တွေဖြစ်ကာ သတ်ကြတာမျိုးတွေ ဖြစ်ကြပါတယ်။

ဒါကြောင့်မို့ အဲဒီလိုစစ်ခါနီးတိုင်း စစ်သင့်လား မစစ်သင့်ဘူးလားဆိုတာကို ချင့်ချိန်ပြီး စဉ်းစားနိုင်အောင် အချက်တချို့ကို ဖော်ပြပေးချင်ပါတယ်။

ကိုယ်လက်တွဲဖော်ရဲ့ Privacy ကို အလေးထားပါ
သူမသိအောင် သူဖုန်းကိုစစ်တော့မယ်ဆိုရင် ပထမဦးဆုံးအနေနဲ့ သင့်သိထားရမှာက သသင့်ဟာ သူ Privacy ကို ချိုးဖောက်လာပြီးဆိုတာပါပဲ။ အဲဒီအချိန်မှာ အပြန်အလှန်အနေနဲ့ တွေးကြည့်ပါ။ ကိုယ်ရဲ့ Privacy ကို သူဘက်ကန ချိုးဖောက်လာရင် ကိုယ်ရဲ့စိတ်ထဲမှာ ဘယ်လိုနေလဲဆိုတာကို ကိုယ်ဘာသာပြန်မေးကြည့်ပါ။ ကိုယ်မကြိုက်ဘူးဆိုရင် သူများအပေါ်ကိုလည်း လုံးဝမလုပ်ပါနဲ့။ ကိုယ်မကြိုက်လို့ ကိုယ်ကိုတော့ လာမလုပ်နဲ့ ကိုယ်ကတော့ လုပ်မယ်ဆိုတာမျိုးက သူတစ်ပါးအပေါ် မတရားသလို သူများရဲ့ Privacy ကို အလေးမထားရာရောက်လို့ လုံးဝမလုပ်မိပါစေနဲ့။

ကိုယ်ပိုင်ခံယူချက်နဲ့လည်းဆိုင်ပါတယ်
ချစ်သူရဲ့ဖုန်းကို ဝင်ကြည့်တာနဲ့ပတ်သက်ပြီး ပြဿာနာတက်တယ် မတက်ဘူးဆိုတာကလည်း ခံယူချက် ဘယ်လိုထားလဲဆိုတဲ့ အပေါ်မူတည်ပြီး ကွဲပြားပါသေးတယ်။ တစ်ချိုစုံတွဲတွေဟာ သူတို့ရဲ့ Password ကို တစ်ယောက်နဲ့ တစ်ယောက် ရှဲသုံးရပေမယ့်လည်း သက်တောင့်သက်သာရှိပြီး သူတို့ရဲ့ဖုန်းကို မသိအောင် ဝင်ကြည့်လည်း ကြည့် ဘာမှ မဖြစ်ဘူးဆိုပြီး စိတ်ထားတဲ့သူတွေလည်း ရှိတတ်ကြပါတယ်။ ဒီလိုမျိုးကျတော့ အခွင့်ရေးရလို့ အခွင့်အရေး ယူတာမျိုး မဖြစ်အောင် သူတို့ရှေ့မှာ ပေါ်တင်ကြည့်တာမျိုး လုပ်ကာ ငါကြည့်မယ်နော်လို့ ခွင့်တောင်းလိုက်ရင် Privacy ချိုးဖောက်ရာ မရောက်ဘဲ ကိုယ်သိချင်တာကိုလည်း သိခွင့်ရတာပေါ့။ ဒါပေမယ့် အဲဒီလိုကြည့်ဖို့ဆိုရင် သူဘယ်လို ခံယူထားလဲ သိအောင်တော့ လုပ်ထားဖို့ လိုပါတယ်။ တချို့တွေဆို ဝင်ကြည့်တာကို ကိုယ်ဘာသာမကြည့်ဘဲ အတူတူကြည့်တာမျိုးလုပ်ပြီး ပြန်ပြောင်းပြောတာမျိုးတွေောင်ရှိလို့ အဲ့လိုလုပ်လို့ရတဲ့ ဆက်ဆံရေး ဖြစ်အောင်လည်း ကိုယ်ဘက်က တည်ဆောက်ထား၊ ပျိုးယူထားဖို့တော့ လိုပါတယ်။

ဖုန်းစစ်ချင်စိတ်တွေပေါက်လာရင် ကိုယ့်ကိုယ်ကို ဒါတွေပြန်မေးပါ
ကိုယ်ချစ်သူရဲ့ ဖုန်းကို မသိအောင် စစ်ချင်လာပြီဆိုရင် ငါဘာကြောင့် သူဖုန်းကို စစ်ချင်တာလဲ။ အဲဒီလို စစ်လိုက်ရင် ငါအတွက် ဘာပြန်ရမှာလဲ။ ဒီလို့ စစ်လိုက်လို့ ငါတို့နှစ်ယောက်ကြားက ဆက်ဆံရေးကရော ဘယ်လောက်ထိ ကောင်းကျိုး ဖြစ်လာမှာလဲ။ အဲဒီမေးခွန်းတွေကို ပြန်ဖြေကြည့်လို့ ကောင်းကျိုးထက် ဆိုးကျိုးတွေများနေရင် မစစ်ပါနဲ့။ သူရဲ့ဖုန်းဟာ သူရဲ့ပိုင်ဆိုင်မှုဖြစ်လို့ သူဖုန်းမှာ သူဘာတွေ လုပ်ထားလဲ ကိုယ်က ကောင်းကောင်းသိတာ မဟုတ်တဲ့အတွက် မသိဘဲနဲ့ စစ်မိရင် ကိုယ်ကို ပြန်ထိခိုက်မယ့် အရာတွေများနေရင် အထိခိုက်မခံပါနဲ့ ရှောင်လိုက်ပါ။ အဲဒါက ပိုစိတ်ချမ်းသာစေပြီး စိတ်သက်သာရာ ရစေလို့ပါ။ အလကားနေ သူများ Privacy ကို ချိုးဖောက်ပြီး ကိုယ်စိတ်ကို လုံခြုံမှုတွေ မဖြစ်စေရင် ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးတာနဲ့ တူလို့ အဲဒီလိုတော့ မဖြစ်ခံပါနဲ့။

ပွင့်ပွင့်လင်းလင်းပြောဆိုပြီးအဖြေရှာကြည့်ပါ
သူကိုယ်ကို လိမ်ထားတာ တစ်ခုခုရှိတယ်လို့ ခံစားနေရရင်၊ သူတစ်ခုခုကို လျှို့ဝှက်လုပ်နေတယ်လို့ ခံစားနေရရင် သူဖုန်းကို ယူစစ်မယ့်အစား ပွင့်ပွင့်လင်းလင်းစကားပြောကြည့်ပြီး အဖြေရှာကြည့်ပါ။ သူနဲ့ စကားပြောဖို့ အချိန်ဖန်တီးပြီး သူကြောင့် စိတ်ထဲမှာ ဘယ်လိုခံစားနေရတယ် ငါမသိအောင် ဘာတွေလုပ်ထားလဲဆိုပြီး ပွင့်ပွင့်လင်းလင်း မေးကြည့်ပါ။ မေးလိုက်တဲ့အခါ မယုံကြည်ဘူးလားဆိုပြီး ပြဿနာလည်း တတ်ကောင်းတတ်နိုင်ပေမယ့် စိတ်ထဲမှာတော့ အတွေးလွန်တာမျိုးမရှိတော့ဘဲ သံသယလည်းကင်းကာ ပေါ့ပါးသွားပါလိမ့်မယ်။ သူဘက်က ကိုယ်မသိအောင်လုပ်ထားတာရှိရင် သူများပြောမှ သိရတာမျိုးမဖြစ်တော့တဲ့အတွက် စိတ်ထဲမှာ အခံရခက် နည်းနည်း သက်သာပါလိမ့်မယ်။ ဒါကြောင့်မို့ စကားပြောတာမျိုးသာလုပ်ပြီး အဖြေရှာကြည့်လိုက်ပါနော်။


ဒီအချက်တွေကို ဖတ်ပြီး အဖြေရှာကြည့်လိုက်မယ်ဆိုရင် ကိုယ်ရဲ့ လက်တွဲဖော်ဖုန်းကို စစ်သင့်လား မစစ်သသင့်ဘူးလားဆိုတဲ့ အဖြေကို ကောင်းကောင်းရရှိသွားပြီးလို့ ထင်ပါတယ်။ ဒီလိုလက်တွဲဖော်ရဲ့ ဖုန်းကို မသိဘဲနဲ့ စစ်တာဟာပရိသတ်ကြီး အနေနဲ့ရော ဖြစ်သင့်တယ်လို့ ထင်လား မဖြစ်သင့်ဘူးလို့ ထင်လား ဝင်ဆွေးနွေးပေးသွားပါဦးနော်။

H.H(Akhayar)