တစ်သက်လုံး ရည်းစားမရတော့မယ့် လူတွေရဲ့လက္ခဏာမျာ

တစ်သက်လုံး ရည်းစားမရတော့မယ့် လူတွေရဲ့လက္ခဏာမျာ

တွေးမိဖူးလား တစ်ခါတစ်လေပေါ့ ၊ ရည်းစားဘယ်တော့မှ မရနိုင်တော့မယ့်သူတွေ ကမ္ဘာပေါ်မှာရှိလားလို့။ စာရေးသူမှာ အမည်မဖော်ပြချင်တဲ့ သူငယ်ချင်းတစ်ယောက်တောင်ရှိသေး ။ သူဆိုရင် အိမ်ထောင်ကျဖို့မပြောနဲ့ ရည်းစားတောင်ရပါတော့မလား မပြောတတ်ဘူး။ သူ့ဆီမှာဖြစ်နေတဲ့အမူအကျင့်တွေ ၊ လက္ခဏာတွေက ဘယ်တော့မှ မစွံနိုင်တော့သူတစ်ယောက်ရဲ့ လက္ခဏာဖြစ်နိုင်တယ်လို့တွေးမိလို့ စာရေးသူရဲ့အတွေးတွေကို မ ျှဝေပေးတာဖြစ်ပါတယ်။

ပူးပူးကပ်ကပ်ပွေ့ပွေ့ဖက်ဖက်နေရတာကို မကြိုက်ဘူး
ကိုယ့်ရည်းစားဖြစ်မယ့်သူကို ဖက်ဖို့မပြောနဲ့ ကိုယ့်ရဲ့သူငယ်ချင်းတွေ ၊ ကိုယ်နဲ့အရမ်းနီးစပ်တဲ့သူတွေ ၊ မိသားစုတွေကို ဖက်ဖို့တောင် စိတ်မသက်မသာဖြစ်တတ်တဲ့သူတွေက ရည်းစားရနိုင်ခြေအရမ်းနည်းပါတယ်။ အိပ်ရာမှာအိပ်ရမယ်ဆိုရင်လည်း ဘယ်သူ့ကိုမှဖက်ပြီး မအိပ်နိုင်ဘူး။ ခွခေါင်းအုံးကိုတောင် မဖက်ဘူး။ ကိုယ့်ဟာကိုယ် လွတ်လွတ်လပ်လပ်အိပ်တတ်တဲ့သူတစ်ယောက် ၊ ဘယ်လောက်ကုတင်ကြီးပါစေ ဘယ်သူ့ကိုမှ မဝေမ ျှနိုင်ဘူး။ ဖက်အိပ်ဖို့ဆိုတာ ဝေလာဝေးသေးဆိုရင်တော့ ရည်းစားရဖို့ မဖြစ်နိုင်တော့ပါဘူး။

အစားအစာဆိုရင် မ ျှပြီးမစားနိုင်ဘူး
ဘယ်သူမှကိုယ့်ရဲ့အစားအစာကို ထိတာမကြိုက်ဘူး။ အစားထိဓားကြည့်ဆိုတဲ့ စိတ်မျိုးရှိတဲ့သူ ၊ ရည်းစားမရရင်နေပါစေ ၊ Blind Date တွေဘာတွေမှာတောင် ကိုယ့်မုန့်ကို မျက်စောင်းထိုးတာ လုံးဝလုံးဝမကြိုက်ဘူးဆိုရင် သေချာပါတယ် ရည်းစားရဖို့ဆိုတာ သိပ်မဖြစ်နိုင်တော့ပါဘူး။ ရည်းစားထက်အစားအသောက်ကို ပိုချစ်နေမှာလေ။ အထူးသဖြင့် အချိုပွဲတွေက အဓိကအားနည်းချက်ပဲ ၊ ဘယ်သူဆိုဘယ်သူမှ ၊ သူငယ်ချင်းအရင်းခေါက်ခေါက်တောင် ၊ ကိုယ့်အချိုပွဲကို ငေးပိုင်ခွင့်မရှိဘူး။ ပြောချင်တာက ရည်းစားကိုချစ်တာထက် အစားအစာကိုပိုပြီးတော့ ချစ်မိနေမှာမို့လို့။

Flirt လုပ်တယ်ဆိုတာ ဘာမှန်းမသိဘူး
ကိုယ်ကရည်းစားလိုချင်လွန်းပါတယ်ဆိုရင်တောင် ကိုယ့်ကိုလာကြောင်လို့ လာကြောင်နေမှန်းမသိဘူး။ ရေလာမြောင်းပေးလုပ်ဖို့မပြောနဲ့ ကိုယ့်ကိုဝေ့ဝှက်ပြောတာတောင် မသိဘူး။  Kiss တွေ ဘာတွေ ၊ ရည်းစားတွေလုပ်နေကြဟာတွေကိုလည်း မသိဘူး။ ရုပ်ရှင်ကြည့်ရင်တောင် Romantic Scene ဆိုတာနဲ့ မျက်လုံးကိုလက်ဝါးနဲ့အုပ်လိုက်တာမျိုး ၊ ရှက်လို့ထထအော်အော်နေတတ်တယ်။ ဒီလိုလက္ခဏာတွေရှိနေပြီဆိုရင်တော့ ရည်းစားရဖို့က မလွယ်တော့ပါဘူး။

ပြင်ပြင်ဆင်ဆင်မနေတတ်ဘူး
ပြင်ပြင်ဆင်ဆင်နေတယ်ဆိုတာ မိတ်ကပ်တွေလိမ်း ၊ အလှတွေသေချာပြင်မှရယ်လို့ မဟုတ်ဘူးနော်။ အနည်းဆုံး ကောင်းကောင်းမွန်မွန်လေး ဝတ်စားတတ်တာမျိုးလောက်နဲ့တင် ကိုယ့်ကိုလူစိတ်ဝင်စားအောင်လုပ်လို့ရပါတယ်။ ဒါပေမယ့်တချို့တွေရှိတယ် ၊ အိမ်မှာပဲနေနေ အပြင်ဘဲသွားသွား ဝတ်နေကျအားကစားဘောင်းဘီနဲ့တီရှပ်ကြီးတကားကား ဖရိုဖရဲလေ ျှာက်သွားပြီး လောကကြီးကိုလျစ်လျူရှုထားနိုင်သူတွေလေ။ သူတို့တွေက ရည်းစားရဖို့ သိပ်မလွယ်တော့ပါဘူး။ အချစ်မှာမျက်စိမပါဘူးလို့ ဘယ်လောက်ပြောပါစေ ၊ မြင်မြင်ချင်းတော့ အလှမှာအရင်မြောကြတာပါပဲ။

မျက်နှာက ၂၄ နာရီ တင်းနေလို့
ကိုယ်ရဲ့ရည်းစားမရနိုင်တဲ့ အဓိကတရားခံ မွေးမိခင် ၊ ကျွေးသဖခင်တို့ရဲ့ ဗီဇလက္ခဏာကြောင့်လို့လည်း ပြောလို့ရတယ်။ ကိုယ့်မှာက ဒီတိုင်းလေးအေးဆေးနေနေတာကို မွေးကတည်းမျက်နှာက တည်နေတော့ ကိုယ့်ကိုကြိုက်တဲ့ ကောင်းလေးတွေကတောင် အနားမကပ်ရဲတော့ဘူး။ ကိုယ့်ရဲ့တည်နေတဲ့မျက်နှာကြီးကိုကြည့်ပြီး ရည်းစားစကားပြောရင် ဆဲလွတ်ခံရမှာစိုးလို့ ဝေးဝေးရှောင်သွားကြတယ်။ တစ်ခါတစ်လေ အားအားနေနေ မာနကြီးတယ်လို့တောင် ကင်ပွန်းတပ်ခံရသေးတယ်။ ဒါကြောင့်အလိုလိုနေရင်းမျက်နှာတည်နေတဲ့သူတွေခမျာမှာလည်း ရည်းစားစကားပြောခံချင်ပေမယ့် ပြောရဲတဲ့သူတွေမရှိတော့ခက်တယ်လေ။

ဒီတော့အပေါ်ကပြောခဲ့တဲ့ စရိုက်လက္ခဏာတွေကို ပိုင်ဆိုင်ထားတဲ့သူတွေက ရည်းစားရဖို့မလွယ်ကူတော့ဘူးလို့ တော်တော်မာျးများလည်း လက်ခံထားကြပါတယ်။ ဒီအချက်တွေက လူတိုင်းအတွက်တော့မှန်ချင်မှမှန်မယ် ၊ ဒါပေမယ့် တစ်သက်လုံးရည်းစားမရတဲ့သူတွေမှာ ဒီလိုလက္ခဏာလေးတွေ ရှိတတ်ပါတယ်။

Piki (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle