ဒီလို သူငယ်ချင်းတွေ တွေ့လာရင် ရှောင်ကြဉ်လိုက်ပါ

ဒီလို သူငယ်ချင်းတွေ တွေ့လာရင် ရှောင်ကြဉ်လိုက်ပါ

သူငယ်ချင်းတွေကို ချစ်တယ်၊ ခင်တယ်ဆိုတာ ကောင်းပါတယ်။ ဒါပေမယ့် ကိုယ့်အပေါ်မကောင်းတဲ့၊ နောက်ကျောဓားနဲ့ ထိုးမယ့် လူတွေကို ကိုယ့်ဘေးမှာ ထားမယ်ဆိုရင်တော့ ဘဝက ထင်သလို ပျော်စရာမကောင်းဘဲ သူငယ်ချင်းကြောင့် ဘဝကြေရတဲ့ အဖြစ်တွေ ရှိပါလိမ့်မယ်။

တချို့သူငယ်ချင်းတွေက ဆိုးပေမယ့် ချစ်တဲ့စိတ်နဲ့ သည်းခံလို့ ရပါသေးတယ်။ တချို့ရဲ့ ဆိုးပုံဆိုးချက်ကတော့ ကိုယ့်အပေါ်ပါ ထိခိုက်လာလို့ သတိထားရပါမယ်။ ဘယ်လို ဆိုးပုံဆိုးချက်တွေလဲဆိုတော့…

ဒရာမာများတဲ့ သူငယ်ချင်း
တချို့လူတွေအတွက် ဒရာမာက ဘဝထဲမှာ မရှိရင်တောင် ရှာပြီး များတဲ့ သူမျိုးတွေပါ။ သူတို့ကို ကြည့်လိုက်ရင် အမြဲတမ်း တိုက်ခိုက်ခံနေရတာမျိုး ၊ ဒါမှမဟုတ်လည်း တစ်ယောက်ယောက်နဲ့ ငြင်းခုံပြီး ပြဿနာတွေ ဖြစ်နေတာမျိုးတွေ တွေ့ရမှာပါ။ တစ်ခါတလေ သူတို့ရဲ့ ဒရာမာတွေ လိုက်ဖြေရှင်းပေး၊ နားထောင်ပေးတာ အဆင်ပြေပေမယ့် အမြဲတမ်းဒရာမာခင်းပြီး ကိုယ့်ကိုယ်စိတ်ညစ်ညူးစေမယ့် သူတွေကိုတော့ ရှောင်လိုက်တာ အကောင်းဆုံးပါပဲ။

အရာရာသူတို့ကိုပဲ ဗဟိုပြုနေတာ
ဘာကိစ္စလေးပဲ ရှိရှိ သူတို့ကိုပဲ ဖင်မနေရတာ၊ ဦးစားပေးနေရတဲ့ သူငယ်ချင်းတွေလည်း ရှိပါတယ်။ သူတို့က ခင်ဗျားပြောတာကို ဘယ်တော့မှ နားမထောင်ဘူး။ စကားပြောရင် သူတို့ချည်းပဲ ဦးဆောင်ပြောမယ်။ ကမ္ဘာချည်းကပဲ သူ့ကို ဗဟိုပြုပြီး လည်ပတ်နေသလိုပေါ့။ ဒီလို လူမျိုးကို ကြာရှည်သည်းခံဖို့က မလွယ်ဘူးဆိုတော့ သူတို့ကိုလည်း ရှောင်ပါ။

ခင်ဗျားကို အမြဲဆွဲချနေတာ
မကောင်းတဲ့ သူငယ်ချင်းဆိုတာက ခင်ဗျားကို ချီးကျူးလေ့ ချီးကျူးထ မရှိဘူး။ ခင်ဗျားရဲ့ အောင်မြင်မှုတွေဆိုရင် Congratulations ပြောဖို့ တွန့်ဆုတ်တတ်ကြတယ်။ ဒါကြောင့် သူတို့နဲ့ နေရင် ပျော်စရာမကောင်းဘူး၊ နေရတာ သက်သောင့်သက်သာလည်း မရှိဘူး။ အဲဒီလိုမျိုး ခင်ဗျားဖြစ်နေပြီဆိုရင်တော့ ခင်ဗျားသူငယ်ချင်းကို စွန့်ခွာသင့်ပြီလို့ ပြောရတော့မှာပေါ့။

သူငယ်ချင်းဖြစ်ပြီး လိုက်ပြိုင်နေတာ
ကျွန်တော့်ဘဝမှာ ကျွန်တော့်သူငယ်ချင်းတွေက ဘယ်တုန်းကမှ လိုက်ပြိုင်တာ မရှိဘူး။ အဲ ခင်ဗျားတို့မှာ အဲဒီလို လိုက်ပြိုင်တဲ့ သူငယ်ချင်းတွေ ရှိနေရင်တော့ ဝေးဝေးသာ ရှောင်တော့ဗျို့။ အလုပ်ရာထူးက အစ နင်ဘာကောင်လဲ၊ ငါဘာကောင်လဲဆိုတာမျိုး။ ရည်းစားတွေဆိုရင်လည်း “မင်းစော်ထက် ငါ့စော်က ပိုမိုက်တယ်”ဆိုတာမျိုး၊ စာက အစ လိုက်ပြိုင်နေတဲ့ သူငယ်ချင်းမျိုးဆိုရင်တော့ ပေါင်းဖို့ သင်းဖို့ မသင့်တဲ့ သူငယ်ချင်းလို့ သတ်မှတ်ပြီး ရှောင်ပါ။

စည်းကျော်ဘောင်ကျော်တာ
သူငယ်ချင်းနှစ်ယောက် ဘယ်လောက်ပဲ ခင်တယ်ပြောပြော၊ ရှိသင့်တဲ့ စည်းဆိုတာက ရှိကို ရှိရမှာ ဖြစ်ပါတယ်။ ဥပမာ ကိုယ်မပေးထားတဲ့ ဖုန်းနံပါတ်ကို စုံစမ်းပြီး အတင်းခေါ်တာမျိုး၊ အိမ်ကို မခေါ်ဘဲ ခဏခဏလာလည်တာမျိုး၊ ကိုယ့်ပစ္စည်းတွေကို ကြိုက်မှန်းမသိ၊ မကြိုက်မှန်းမသိ အတင်းယူကိုင်တာမျိုး စတာတွေ ခဏခဏလုပ်နေရင်လည်း ဒီလူမျိုးဆီကနေ ဝေါင်ဝေါင်ရှေး ဝေးဝေးရှောင်ပါ။

သူတို့ လုပ်သမျှ ကိုယ့်မှာ တာဝန်ရှိတယ်ထင်နေတာ
သူတို့ ပေါက်ကရလုပ်တာ၊ တလွဲလုပ်တာနဲ့ ဒရာမာချိုးတာတွေအတွက် ခင်ဗျားမှာပဲ တာဝန်ရှိသလိုမျိုး အမြဲတမ်းပြောနေတတ်တဲ့ သူတွေနဲ့ ပေါင်းနေတော့ရော ဘာလုပ်မှာလဲ။ ခင်ဗျားအားပေးမှ ရမယ်၊ သူတို့လုပ်တာတွေအတွက်လည်း ခင်ဗျားမှာ တာဝန်ရှိတယ်ပြီး အမြဲအပူပေးနေရင် ဒီလူတွေကို သူငယ်ချင်းအဖြစ်က ရှောင်ကြဉ်သင့်ပါပြီ။

ဒါတွေကတော့ ဘဝမှာ ရှောင်သင့်တဲ့ သူငယ်ချင်းအမျိုးအစားတွေထဲက တချို့အကြောင်းကို ဖော်ပြပေးတာ ဖြစ်ပါတယ်။ အခရာပရိသတ်ကြီးရော ဒီလို သူငယ်ချင်းဆိုးတွေ ကြုံခဲ့ဖူးပါသလား၊ ဒီလို ကြုံတဲ့အခါ ဘယ်လို ရှောင်ခဲ့ကြသလဲ ပြောသွားလို့ ရပါတယ်ဗျာ။

Yoe Lu (Akhayar)

Source: Business Insider

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle