ခုနစ်နှစ်ဆက်တိုက် ကမ္ဘာ့အကောင်းဆုံးလေဆိပ်အဖြစ် သတ်မှတ်ခံရတဲ့ Singapore Changi

ခုနစ်နှစ်ဆက်တိုက် ကမ္ဘာ့အကောင်းဆုံးလေဆိပ်အဖြစ် သတ်မှတ်ခံရတဲ့ Singapore Changi

လေကြောင်းလိုင်းနဲ့ လေဆိပ်တွေကို အဆင့်အတန်းသတ်မှတ်တဲ့ အဖွဲ့အစည်း Skytrax ဟာ Singapore Changi ကို ၂ဝ၁၉ ခုနှစ်ရဲ့ အကောင်းဆုံးလေဆိပ်အဖြစ် သတ်မှတ်လိုက်ပါတယ်။ Skytrax ဟာ ၂ဝဝဝခုနှစ်တည်းက နိုင်ငံတကာလေဆိပ်တွေရဲ့ အဆင့်အတန်းကို သတ်မှတ်ခဲ့ပြီး အခုဆိုရင် (၂ဝ) နှစ်တိုင်ခဲ့ပါပြီ။ Singapore Changi ဟာ အကောင်းဆုံးလေဆိပ်ဆုကို ၂ဝ၁၃ခုနှစ်မှ ၂ဝ၁၉ခုနှစ်အထိ ခုနစ်နှစ်ဆက်တိုက် ဆွတ်ခူးခဲ့တာပါ။

Skytrax ဟာ ကမ္ဘာတစ်လွှားက ခရီးသည် (၁၃) သန်းကျော်ရဲ့ အမြင်ကို စစ်တမ်းကောက်ယူတဲ့အခါမှာ Singapore Changi ဟာ Tokyo Haneda ၊ Seoul Incheon ၊ Doha Hamad စတဲ့လေဆိပ်တွေကို ကျော်ဖြတ်ဆွတ်ခူးခဲ့တာပါ။

Singapore Changi ဟာ အာရှတိုက်မှာ အချက်အချာကျတဲ့ လေဆိပ်ဖြစ်ပြီး တစ်နှစ်အတွင်းမှာ ခရီးသည် (၆၅) သန်းကျော်အထိ ကူးသန်းတယ်လို့ သိရပါတယ်။ ၂ဝ၁၉ ခုနှစ်ရဲ့ ထိပ်တန်းလေဆိပ် (၁ဝ) ခုစာရင်းမှာ အာရှလေဆိပ်တွေက (၆) ခုအထိ ပါဝင်ခဲ့ကြပါတယ်။

Reference and Photo Credit – CNBC ၊ Business Insider

ကျော်စိုးအောင် (အခရာ)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ