ပူလွန်းတဲ့နွေမှာ ပန်ကာဖွင့်ပြီး မအိပ်သင့်တဲ့ အကြောင်းအရင်းများ

ပူလွန်းတဲ့နွေမှာ ပန်ကာဖွင့်ပြီး မအိပ်သင့်တဲ့ အကြောင်းအရင်းများ

အခုချိန်မှာအရမ်းပူနေတယ်ဆိုတာသိပါတယ်။ ဒီလိုပူလောင်လွန်းတဲ့ နွေရာသီအချိန် မှာ ပန်ကာမသုံးပါနဲ့ ၊ ယပ်တောင်ပဲသုံးလို့ ပြောလိုက်ရင်လည်း မတရားဘူးဆိုတာ သိပါတယ်။ ဒါပေမယ့်ပန်ကာသုံးတာက ကိုယ့်အတွက်ဆိုးကျိုးတွေအမှန်တကယ်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်ပန်ကာနဲ့မအိပ်နဲ့လို့မပြောချင်ဘူး။ ဒါပေမယ့် ဘာလို့မအိပ်သင့်တယ်ဆိုတာကိုတော့ ပြောပြချင်ပါတယ်။

The Sleep Advisor က အချက်အလက်တွေအရ ပန်ကာရှိတာက အခန်းကိုပိုအေးပြီး ပိုလတ်ဆတ်ဖို့ လေတွေကို လည်ပတ်နိုင်အောင် လုပ်ပေးနိုင်ပေမယ့် ပန်ကာက ဝတ်မှုန်တွေနဲ့ ဖုန်မှုန့်တွေကိုလည်း လှည့်ပတ်ပေးနိုင်ပါတယ်။ ဒီတော့ကိုယ့်မှာ ဓာတ်မတည့်တာတွေ ၊ ပန်းနာရင်ကျပ်တွေ ၊ ဝတ်မှုန်နဲ့မတည့်တာတွေရှိရင် အဆင်မပြေပါဘူး။

မင်းရဲ့ပန်ကာဒလက်တွေကို သေသေချာချာစိုက်ကြည့်လိုက်ရင် ၊ အမှုန်တွေအများကြီးကပ်နေတာကိုတွေ့မှာပါ ။ အဲဒီအမှုန်တွေကပန်ကာဖွင့်လိုက်တိုင်း လေထဲမှာပျံဝဲနေတာဆိုပြီး The Sleep Advisor ကပြောခဲ့ပါတယ်။ ဒီတော့မျက်စိနဲ့မမြင်နိုင်တဲ့ ဖုန်မှုန့်တွေပန်ကာဖွင့်တိုင်း လေထဲမှာဘယ်လောက်တောင်ရှိနေမလဲ မသိနိုင်ဘူးလေ။ ပန်ကာနဲ့မအိပ်သင့်တဲ့ နောက်ထပ်အကြောင်းပြချက်တစ်ချက်က ပန်ကာနဲ့အိပ်တာက အသားအရေကိုခြောက်သွေ့စေပြီးတော့ နှာခေါင်းပေါက်တွေကိုလည်း ခြောက်သွေ့စေတယ်။ တကယ်လို့နှာခေါင်းပေါက်တွေအေရမ်းခြောက်နေမယ်ဆိုရင် ခန္ဓာကိုယ်ကချွဲသလိပ်တွေပိုထုတ်ပေးတာကြောင့် နှာတွေပါပိတ်သွားနိုင်ပါတယ်။hot summer time sleeping fan dangerous

ပြီးတော့ပန်ကာနဲ့အိပ်တာကြောင့် ဒုက္ခရောက်တဲ့ကိစ္စနောက်တစ်ခုက ကြွက်သားတွေ နာကျင်ကိုက်ခဲတာပါ။ ပန်ကာတိုက်ရိုက်ထိုးပြီးအိပ်တဲ့သူတွေက မိုးလင်းရင် ကိုယ်လက်တွေကိုက်ခဲပြီး နိုးလာကြတယ်။ ဘာလို့လဲဆိုတော့ တိုက်ရိုက်သက်ရောက်တဲ့လေအေးက ကြွက်သားတွေကိုတင်းမာစေတာကြောင့်ဖြစ်တယ်။ ပညာရှင်တွေပြောကြားချက်အရ  ဒီပြဿနာကပန်ကာကို မျက်နှာနဲ့လည်ပင်းပိုင်းကို ထိုးပြီးအိပ်တဲ့သူတွေမှာ အဖြစ်များပါတယ်တဲ့။

ဒီတော့အပူချိန်ကိုတွန်းလှန်နိုင်ဖို့ ပန်ကာကိုသုံးမှဖြစ်မယ်လို့ ထင်ရပေမယ့် ၊ ကိုယ့်ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့အထိ အပူဒဏ်သက်သာဖို့အတွက်လေးကို ပန်ကာဖွင့်အိပ်ဖို့တန်လို့လား ။ ပန်ကာမသုံးဘဲအပူဒဏ်ကို သက်သာအောင်လုပ်နိုင်မယ့် တခြားနည်းလမ်းရော မရှိတော့ဘူးလား။ ဆုံးဖြတ်ချက်ကတော့ ပရိသတ်ကြီးတို့ပဲ ချရမှာပါနော်။

Ref: www.cosmopolitan.com

Piki (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ