အရမ်းတွေရိုပြ ချစ်ပြခဲ့ပြီးမှ ခွာပြဲသွားကြတဲ့ Song Couple

အရမ်းတွေရိုပြ ချစ်ပြခဲ့ပြီးမှ ခွာပြဲသွားကြတဲ့ Song Couple

ပရိသတ်တွေ နှစ်သက်သဘောကျအားပေးခဲ့ရတဲ့ စုံတွဲလေးတစ်တွဲဖြစ်တဲ့ Song Song Couple ဟာ ဒီမနက်မှာ ပရိသတ်တွေကို ရှော့ခ်ရစေမယ့် ထုတ်ပြန်ချက်တစ်ခု ကြေညာခဲ့တဲ့အကြောင်း သတင်းထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီသတင်းကတော့ သူတို့နှစ်ယောက်တရားဝင်ကွာရှင်းဖို့ လုပ်ဆောင်နေပြီတဲ့။ ဒီသတင်းကို Song Joong Ki ဘက်က အရင်ဆုံးထုတ်ပြန်ခဲ့တာဖြစ်ပြီး အဲဒီထုတ်ပြန်ချက်ကို တုံပြန်တဲ့အနေနဲ့ Song Hye Kyo ကလည်း သူမရဲ့ အေဂျင်စီကနေတစ်ဆင့် ပရိသတ်တွေကို အသိပေး အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

Song Couple
Song Joong Ki ဟာ ပရိသတ်တွေကို အခုလိုဖြစ်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီး ” ပထမဦးဆုံးအနေနဲ့ ကျွန်တော်တို့ကို ချစ်ပြီး ဂရုတစိုက်အားပေးတဲ့ ပရိသတ်တွေဆီကို ဒီလိုသတင်းဆိုးယူဆောင်လာပေးရတဲ့အတွက် တကယ်ကို စိတ်မကောင်းပါဘူး။ ကောင်းတဲ့သတင်းတွေကိုပဲ ယူဆောင်လာပေးရမယ့်အစား ဒီလို သတင်းဆိုးတွေကို ကြေညာပေးရတဲ့အတွက် ချစ်ပရိတ်သတ်တွေကို အနူးအညွှတ်တောင်းပန်ချင်ပါတယ်။ ကျွန်တော်ရဲ့ ဇနီး Song Hye Kyo နဲ့ ကွာရှင်းဖို့အတွက် လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်အဆင့်ဆင့်တွေကိုလည်း ကျွန်တော်ရဲ့ ရှေ့နေဘက်က စတင်လုပ်ဆောင်ပေးနေပါပြီ။ တစ်ယောက်နဲ့ တစ်ယောက်အပြစ်တွေ အပြန်အလှန်တင်ပြီး အငြင်းပွားရန်ဖြစ်ငြင်းခုံရင်းနဲ့ လမ်းခွဲနှုတ်ဆက်ရမယ့် အဖြစ် ဖြစ်လာမယ့်အစား ကွာရှင်းတာကို လုပ်ဆောင်လိုက်တာက အခင်အမင်မပျက်ဘဲ နှုတ်ဆက်ခွဲခွာရတာမျိုး ဖြစ်မယ်ထင်လို့ ဒီလို ဆုံးဖြတ်ချက်ကို ချလိုက်ရတာပါ။ ကိုယ်ရေးကိုယ်တာကိစ္စနဲ့ ပတ်သက်တဲ့ ပြဿနာဖြစ်လို့ အသေးစိတ်ချပြပြီး မရှင်းပြနိုင်တာကိုတော့ ပရိသတ်ကြီးဘက်က နားလည်ပေးစေချင်ပါတယ်။” ဆိုပြီးထည့်သွင်းရေးသားထားပါတယ်။

Song Couple

ဒါ့အပြင် အခုအချစ်ရေးကြောင့် ရရှိခဲ့တဲ့ ဒဏ်ရာအနာတရတွေကို အမြန်ဆုံးကုစားပြီး လာမယ့်ဇာတ်လမ်းတွဲတွေမှာ အကောင်းဆုံးပါဝင်သရုပ်ဆောင်နိုင်အောင် ကြိုးစားပြီး ပြန်လာခဲ့ပါဦးမယ်။ ကျေးဇူးတင်ပါတယ်ဆိုပြီး ထုတ်ပြန်ချက်မှာ ရေးသား ဖော်ပြထားပါတယ်။

Song Couple
ကွာရှင်းတော့မယ့်ဆိုတဲ့ အကြောင်း မထုတ်ပြန်ခင်တုန်းကလည်း သူတို့နှစ်ဦး အဆင်မပြေတဲ့ အကြောင်းတွေဟာ ကောလာဟလအနေနဲ့ မကြာခဏထွက်ပေါ်ခဲ့ပြီး တရုတ်သတင်းဌာနတစ်ခုကနေတောင် သူတို့နှစ်ဦး ကွာရှင်းသွားပြီးဆိုပြီး ဖော်ပြခဲ့ဖူးပါတယ်။ Song Hye Kyo ဟာ ပရိသတ်တွေရှေ့ထွက်တိုင်း လက်ထပ်လက်စွပ်မပါဘဲ ထွက်လာခဲ့တာကို အမြဲတွေ့ရလို့ သူတို့နှစ်ဦးလုံးရဲ့ ပရိသတ်တွေကို ကွာရှင်းတော့မှာလားဆိုပြီး စိတ်ပူနေခဲ့တာ အခုတော့ လက်တွေ့မှာ တကယ်ကြီးကို ဖြစ်လာခဲ့ပါပြီ။

Song Couple
Song Joong Ki နဲ့ Song Hye Kyo တို့ဟာ Descendants of The Sun ရုပ်ရှင်ဇာတ်လမ်းတွဲ ရိုက်ကူးရင်းနဲ့ ချစ်ကြိုးသွယ်ခဲ့ရာကနေ ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့မှာ လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ ကြည်နူးဖွယ်ရာအချစ်ရေးက အိမ်ထောင်သက်တမ်း(၂) နှစ်နီးပါးမှာ တစ်ခန်းရပ်သွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: KdramaDaily , Channels – V LIVE , The Jakarta Post

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle