ဟောလိဝုဒ်ရုပ်ရှင်လောကအထိ ခြေဆန့်ခဲ့ကြတဲ့ ကိုရီးယား Celebrity များ (၂)

ဟောလိဝုဒ်ရုပ်ရှင်လောကအထိ ခြေဆန့်ခဲ့ကြတဲ့ ကိုရီးယား Celebrity များ (၂)

တောင်ကိုရီးယားမင်းသား၊ မင်းသမီးတွေရဲ့ ကြိုးစားအားထုတ်မှုကတော့ အံ့မခန်းပါပဲ။ ဟောလိဝုဒ်အထိ တက်လှမ်းနိုင်ဖို့ဆိုတာ လွယ်ကူတော့အလုပ်တော့ မဟုတ်ပါဘူး။ အခရာက ဟိုတလောကပဲ အပိုင်း (၁) ကို ရေးပေးပြီးခဲ့ပြီဆိုတော့ အခု အပိုင်း (၂) ကို သွားလိုက်ရအောင်ပါ။

Rain

တောင်ကိုရီးယားနိုင်ငံရဲ့ Celebrity လို့ပြောလိုက်တာနဲ့ အားလုံးမျက်လုံးထဲမြင်မှာကတော့ Rain ပဲ ဖြစ်ပါလိမ့်မယ်။ သူ့အောင်မြင်မှုတွေက ဟောလိဝုဒ်ထိ ရောက်ရှိခဲ့ပြီး ၂၀၀၉ ခုနှစ်မှာတော့ Ninja Assassin ကားမှာ ပါဝင်ခဲ့ပါတယ်။

Daniel Henney

Daniel Henney က အိုင်းရစ်နဲ့ ကိုရီးယားစပ်ထားသူပါ။ ကိုရီးယားကားတွေမှာ ပါဝင်သရုပ်ဆောင်ရာက လူအများက သူ့ကို အာရုံစိုက်မိလာကြပါတယ်။ X Men လို့ပြောလိုက်တာနဲ့ ဘယ်လိုကားဆိုတာ ရုပ်ရှင်ခရေဇီတိုင်းလိုလို သိကြမှာပေ့ါ။ ဟုတ်ပါတယ်။ Daniel Henney ရဲ့ ဟောလိဝုဒ်ပထမခြေလှမ်းကတော့ X-Men Origins: Wolverine မှာ Hugh Jackman နဲ့ အတူပါဝင်ခဲ့ရတာပါ။

Doo Na Bae

ဒီမင်းသမီးကတော့ ရုပ်သေသေနဲ့ သရုပ်ဆောင်လေ့ရှိပေမယ့် သူ့ရုပ်နဲ့ ဇာတ်ကောင်စရိုက်တွေက ပီပြင်လွန်းတာကြောင့် သရုပ်ဆောင်ကောင်းတဲ့ မင်းသမီးတစ်လက်အဖြစ် နာမည်ကြီးပါတယ်။ Cloud Atlas ဆိုတဲ့ ဟောလိဝုဒ်ဇာတ်ကားတစ်ကားမှာ ပါဝင်ခဲ့တဲ့အပြင် ဇာတ်လမ်းတွဲဖြစ်တဲ့ Sense 8 မှာလည်း သရုပ်ဆောင်ထားပါသေးတယ်။

Lee Byung Hun

မင်းသားကြီး Lee Byung Hun ကတော့ နာမည်ကြီးတစ်ယောက်ဖြစ်တဲ့အတွက် သူပါခဲ့တဲ့ GI Joe: Retaliation ကိုတော့ ကြည့်ပြီးကောင်း ကြည့်ပြီးကြမှာပေါ့။ GI Joe ဆိုတာကလည်း နာမည်ကြီး Series တွေထဲက တစ်ခုဆိုတော့ ပြန်ကြည့်ရင်တောင်မှ ရိုးမသွားပါဘူး။

Photo Credit

NSC