ဟောလိဝုဒ်ရုပ်ရှင်လောကအထိ ခြေဆန့်ခဲ့ကြတဲ့ ကိုရီးယား Celebrity များ (၁)

ဟောလိဝုဒ်ရုပ်ရှင်လောကအထိ ခြေဆန့်ခဲ့ကြတဲ့ ကိုရီးယား Celebrity များ (၁)

ကိုရီးယား Celebrity လို့ ခေါင်းစဉ်တပ်ရတဲ့အကြောင်းကတော့ ဟောလိဝုဒ်ရုပ်ရှင်လောကကို ခြေချတာဟာ မင်းသား၊ မင်းသမီးတွေချည်း မဟုတ်လို့ပါပဲ။ တချို့တွေက အဆိုတော်အဖြစ် နာမည်ကြီးနေတဲ့သူတွေလည်း ပါပါတယ်။ ဘယ်သူတွေကများ ဟောလိဝုဒ်ဇာတ်ကားတွေမှာ ပါဖူးလဲဆိုတာ ကြည့်လိုက်ရအောင်ပါ။

Jang Dong Gun

ဒါရိုက်တာရင်လို့ ခေါ်တဲ့ ကိုယ်တွေရဲ့ အသည်းကျော် Oppa ကြီးကတော့ ကိုရီးယားမှာအနုပညာလှုပ်ရှားမှုတွေကို ခပ်ကျဲကျဲသာလုပ်လေ့ရှိပေမယ့် သူလည်း သူ့ဟာသူနဲ့ ပြည်ပကို ခြေဆန့်နေတယ်ဆိုတာကို The Warriors Way မှာ တွေ့နိုင်ပါတယ်။ နာမည်ကြီးဇာတ်ကားတစ်ကားတော့ မဟုတ်ခဲ့ပေမယ့် Jang Dong Gun အတွက်ကတော့ ဒီဇာတ်ကားက သူ့ရဲ့ ပထမဆုံး Hollywood ခြေလှမ်းတစ်ခုဖြစ်ခဲ့ပါတယ်။

Jun Ji Hyun

ကိုရီးယားနိုင်ငံရဲ့ ဝင်ငွေအကောင်းဆုံးနဲ့ ထိပ်တန်းမင်းသမီးတွေထဲမှာ Song Hye Ko ပြီးရင် ဒုတိယလိုက်သူကတော့ မင်းသမီး Jun Ji Hyun ပါပဲ။ My Sassy Girl လို့ပြောလိုက်ရင်ပဲ အားလုံးသိကြမယ့် Jun Ji Hyun ကတော့ အိမ်ထောင်ပြု၊ ကလေးမွေးပြီးချိန်မှာတောင် လှပနေဆဲ မင်းသမီးတစ်လက်ပါ။ လွန်ခဲ့တဲ့ ၂နှစ်လောက်က ထွက်ရှိခဲ့တဲ့ Legend of The Blue Sea ဇာတ်လမ်းတွဲမှာလည်း Lee Min Ho နဲ့ တွဲဖက်သရုပ်ဆောင်ထားပါသေးတယ်။ သူ Hollywood ကို ခြေချခဲ့တာတော့ သူအိမ်ထောင်မကျခင် အချိန်ကာလကတည်းကပါ။ Blood The Last Vampire ဆိုတဲ့ကားမှာ လူတစ်ဝက် Vampire တစ်ဝက်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ Hollywood မှာတော့ Gianna ဆိုတဲ့ နာမည်နဲ့ အနုပညာလှုပ်ရှားမှုလုပ်မယ်လို့ ဆိုထားပါတယ်။

Lee Joon Gi

K လို့ အသိများတဲ့ မင်းသားတစ်ဖြစ်လဲ အဆိုတော် Lee Joon Gi တစ်ယောက် Hollywood ကို ခြေချခဲ့တဲ့ ဇာတ်လမ်းကတော့ အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်မယ့် Resident Evil Series ဖြစ်တဲ့ Resident Evil: The Final Chapter မှာပဲ ဖြစ်ပါတယ်။ အသေခံတပ်သား Chu နေရာမှာပါခဲ့ပြီး သူရဲ့သရုပ်ဆောင်ချက်နဲ့ ကိုယ်ခံပညာအတတ်ပညာတွေကြောင့် သူနဲ့အတူ သရုပ်ဆောင်ခဲ့တဲ့သူတွေရဲ့ ချီးကျူးတာကိုပါ ခံခဲ့ရပါသေးတယ်။

CL

CL ကိုတော့ ကိုရီးယားဇာတ်လမ်းတွေအားပေးသူတွေတချို့က စိမ်းနေမှာပါ။ ဒါပေမယ့် K Pop Fan တိုင်းတော့ သိကြပါတယ်။ 2NE1 ဆိုတာ K Pop လောကကို ကိုင်လှုပ်ခဲ့တဲ့အဖွဲ့တစ်ဖွဲ့ပါ။ အဖွဲ့မရှိတော့တဲ့အချိန်ကတည်းက CL ကတော့ သူတစ်ယောက်ထဲ အနုပညာလှုပ်ရှားမှုတွေကို ရပ်မပစ်ဘဲ ဆက်သွားနေဆဲပါပဲ။ CL က အနုပညာအပေါ် တော်တော်လေးရူးသွပ်တယ်လို့ ပြောနိုင်ပါတယ်။ သူဟာ ၂၀၁၈ သြဂုတ်တုန်းက ထွက်ခဲ့တဲ့ Mile 22 မှာ Queen ဆိုတဲ့ ဇာတ်ကောင်အဖြစ် ပါဝင်ခဲ့ဖူးပါတယ်။ ဒီကားမှာ သူနဲ့တွဲသရုပ်ဆောင်သူတွေကတော့ ခေသူတွေမဟုတ်ပါဘူး။ Mark Wahlberg နဲ့ Lauren Cohan တို့လို့ နာမည်ကြီးတွေပဲ ဖြစ်ပါတယ်။

Ma Dong Soak

သူ့ကိုတော့ ဘယ်ကားထဲမှာ ပါမလဲဆိုတာ အားလုံးသိပြီးဖြစ်လောက်မှာပါ။ သူပါဝင်မယ့် Marvel ရဲ့ “The Eternal” ဇာတ်ကားအကြောင်း တစ်စိတ်တစ်ပိုင်းကို ဟိုတလောကပဲ အခရာမှာ ဖော်ပြခဲ့ပါသေးတယ်။ Marvel Fan ဆိုတာ တစ်ကမ္ဘာလုံးရှိတာမို့ Ma Dong Soak ရဲ့ သရုပ်ဆောင်ချက်တွေကို လူသိပြီးရင်း သိတော့မှာပါ။

အပိုင်း (၂) လည်း လာဦးမှာမို့ ဆက်ဆက်စောင့်ကြည့်ဖို့ မမေ့နဲ့ဦးနော်။

Marvel ရဲ့ Phase 4 မှာပါလာမယ့် ကိုရီးယားလူကြမ်းမင်းသားကြီး

Reference: desimartini.com

NSC (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle