မျက်နှာအုပ်သွားလာခြင်းကို တားမြစ်လိုက်တဲ့ သီရိလင်္ကာနိုင်ငံ

မျက်နှာအုပ်သွားလာခြင်းကို တားမြစ်လိုက်တဲ့ သီရိလင်္ကာနိုင်ငံ

ပီးခဲ့တဲ့ တနင်္လာနေ့ကစပြီး သီရိလင်္ကာနိုင်ငံအတွင်း လူမြင်ကွင်းမှာ မျက်နှာကွယ်သွားလာခြင်းကို သီရိလင်္ကာနိုင်ငံမှာ တားမြစ်လိုက်ပါတယ်။ အရေးပေါ်ထုတ်ပြန်လိုက်တဲ့ ဥပဒေအရ လူတစ်ယောက်ရဲ့ Identity ကို ဖုံးကွယ်နိုင်တဲ့ ဘယ်လို မျက်နှာကို အုပ်ကွယ်ထားခြင်းမဆို လုံခြုံရေးအရ တားမြစ်လိုက်တာ ဖြစ်ပါတယ်။

ဒီစီမံချက်ဟာ သီရိလင်္ကာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူပေါင်း ၂၅၀ ဦးကျော်သေဆုံးခဲ့ရတဲ့ ဗုံးပေါက်ကွဲမှုတွေအပြီးမှာ သီရိလင်္ကာနိုင်ငံ သမ္မတ Maithripala Sirisena ကိုယ်တိုင် လက်ရှိဖြစ်ပေါ်နေတဲ့ လုံခြုံရေးကို ထိန်းသိမ်းဖို့ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို အမိန့်ချမှတ်ခဲ့တဲ့အတွက် သီရိလင်္ကာနိုင်ငံက မူဆလင်အမျိုးသမီးတွေဟာ Burka အဝတ်ခြုံလွှားခွင့်ရရှိတော့မှာ မဟုတ်ပါဘူး။

နောက်ထပ်တိုက်ခိုက်လာနိုင်တဲ့ အခြေအနေတွေကြောင့် သီရိလင်္ကာနိုင်ငံက ခရစ်ယာန်တွေဟာလည်း တနင်္ဂနွေနေ့ ဘုရားကျောင်းတက်ခွင့်မရဘဲ အိမ်မှာပဲ ဝတ်ပြုနေကြရပါတယ်။နောက်ထပ်တိုက်ခိုက်လာနိုင်တယ်ဆိုတဲ့ သတိပေးချက်တွေဟာ ဒေသအာဏာပိုင်တွေရော၊ အမေရိကန်ပြည်ထောင်စုဘက်ကပါ သတိပေးထားတာ ဖြစ်ပါတယ်။

ရဲတွေဟာ အမာခံအစ္စလာမ်မစ်အဖွဲ့တစ်ခုဖြစ်တဲ့ National Thawheed Jammath (NTJ) ရဲ့ အဖွဲ့ချုပ်ကို ဝင်စီးခဲ့ပြီး အီစတာနေ့ ဗုံးခွဲမှုရဲ့ နောက်ကွယ်က ကြိုးကိုင်သူလို့ ယူဆရတဲ့ လူကို တွေ့ရှိခဲ့ရပါတယ်။

အာဏာပိုင်တွေဟာ NTJ တည်ထောင်သူ Zahran Hashim ဟာ အသေခံဗုံးခွဲသူ ၉ ဦးထဲက တစ်ဦးဖြစ်တယ်လို့ ယုံကြည်နေကြပါတယ်။

Yoe Lu (Akhayar)