၈နေရာ ဗုံးပေါက်ကွဲပြီး လက်ရှိအထိ လူ ၁၄၀ဦးသေဆုံးခဲ့တဲ့ သီရိလင်္ကာဗုံးပေါက်ကွဲမှုများ

၈နေရာ ဗုံးပေါက်ကွဲပြီး လက်ရှိအထိ လူ ၁၄၀ဦးသေဆုံးခဲ့တဲ့ သီရိလင်္ကာဗုံးပေါက်ကွဲမှုများ

သီရိလင်္ကာနိုင်ငံမှာ ဗုံးတွေ ဆက်တိုက်ပေါက်ကွဲနေတာကိုတော့ ကြားသိပြီး ဖြစ်ကြမှာပါ။ ဟုတ်ပါတယ်။ သီရိလင်္ကာနိုင်ငံမှာ လက်ရှိအချိန်ထိ ဗုံး ရှစ်လုံးပေါက်ကွဲထားပြီး ဇိမ်ခံဟိုတယ်ကြီးတွေနဲ့ Church ကျောင်းတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။လက်ရှိအချိန်ထိ အနည်းဆုံး လူ ၁၄၀ ဦး သေဆုံးပြီး လူပေါင်း ၅၆၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိထားပါတယ်။

တိုက်ခိုက်မှုရဲ့ ပထမလှိုင်းလို့ ခေါ်ရတဲ့ ဗုံးပေါက်ကွဲမှုကတော့ လူနည်းစု ခရစ်ယာန်အသိုင်းအဝိုင်းရဲ့ အသည်းနှလုံးလို့ ခေါ်ရမယ့် မြို့တော် Colombo ၊ Negombo နဲ့ Batticaloa မှာ Easter ကျင်းပနေတဲ့အချိန် တနင်္ဂနွေနေ့မနက်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။နောက်ဆက်တွဲအနေနဲ့ ထိပ်တန်းဟိုတယ်ကြီး ၃ ခုဖြစ်တဲ့ Shangri La ၊ Cinnamon Grand နဲ့ Kingsbury Hotel တွေမှာ ပေါက်ကွဲမှု ဆက်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

Shangri-La Hotel ရဲ့ ပြောဆိုချက်အရတော့ ဟိုတယ်ရဲ့ Table One Cafe ဟာ သီရိလင်္ကာဒေသစံတော်ချိန် မနက် ၉နာရီမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီဟိုတယ်ဟာ နိုင်ငံကို လာလည်တဲ့ စီးပွားရေးလုပ်ငန်းရှင် နိုင်ငံခြားသားတွေအကြား နာမည်ကြီးတဲ့ ဟိုတယ် ဖြစ်ပါတယ်။

နောက်ထပ် ခုနှစ်ကြိမ်မြောက်နဲ့ ရှစ်ကြိမ်မြောက်ပေါက်ကွဲမှုကတော့ Dehiwala တိရစ္ဆာန်ရုံရှေ့က ဟိုတယ်တစ်ခုရဲ့ ရှေ့နဲ့ Mahawila Gardens က အိမ်တစ်အိမ်မှာ ဒီနေ့တနင်္ဂနွေနေ့ နေ့လည်က ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တဲ့ နေရာအပြည့်အစုံစာရင်းကတော့
St Anthony’s Shrine, Kochchikade
St Sebastian’s Church, Negombo
Zion Church, Batticaloa
Cinnamon Grand, Colombo
Shangri-La Hotel, Colombo
The Kingsbury Hotel, Colombo
Near Dehiwala Zoo in Dehiwala-Mount Lavinia
A house in Mahawila Gardens, Dematagoda

ဒီလို ဗုံးပေါက်ကွဲမှုတွေမှာ သေဆုံးခဲ့ရတဲ့ပြည်သူတွေထဲမှာ နိုင်ငံခြားသား အနည်းဆုံး ၂၀ ဦးလောက်ပါဝင်တယ်လို့ ကိုလံဘို ဆေးရုံဒါရိုက်တာ Anil Jasinghe က ဖြေဆိုခဲ့ပါတယ်။

အကြမ်းဖက်ဗုံးဖောက်ခွဲမှုတွေအတွက် ဘယ်အဖွဲ့ကမှ သူတို့ လုပ်တယ်လို့ မကြေညာကြသေးဘဲ သီရိလင်္ကာလုံခြုံရေးအာဏာပိုင်တွေနဲ့ ရဲတွေကတော့ အခင်းဖြစ်ပွားခဲ့တဲ့နေရာ အားလုံးကို အမြန်ဆုံး ရောက်ရှိနေခဲ့ပါပြီ။

ဒီလို အကြမ်းဖက်မှုတွေဟာ ၂၀၀၉ ခုနှစ်မှာ သီရိလင်္ကာ ပြည်တွင်းစစ်ပြီးဆုံးတည်းက မဖြစ်တာ ဆယ်စုနှစ်တစ်စုလောက်ရှိနေပါပြီ။
သီရိလင်္ကာရဲတပ်ဖွဲ့ကတော့ ကာဖြူးထုတ်ပြန်လိုက်ပြီး စစ်တပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ၊ လေတပ်နဲ့ ရေတပ်ခေါင်းဆောင်တွေ ပါဝင်တဲ့ အရေးပေါ်အစည်းအဝေးထိုင်ခဲ့ကြပါတယ်။

သီရိလင်္ကာစီးပွားရေးပြုပြင်ပြောင်းလဲရေး ဝန်ကြီးကတော့ လိုအပ်တဲ့ အရေးပေါ်လှုပ်ရှားမှုတွေအားလုံးကို လုပ်ဆောင်နေပြီ ဖြစ်ပြီး ဗုံးပေါက်ကွဲမှုတွေနဲ့ ပက်သက်တဲ့ ကြေညာချက်ကိုလည်း ထုတ်ပြန်မယ်လို့ ပြောဆိုခဲ့ပါတယ်။

သီရိလင်္ကာဝန်ကြီးချုပ် Ranil Wickremesinghe ကတော့ Twitter မှာ စုစုစည်းစည်းနဲ့ ညီညီညွတ်ညွတ်ရှိကြရအောင်လို့ ရေးသားထားပြီး သီရိလင်္ကာက ရဲတပ်ဖွဲ့ဝင်တွေအားလုံးရဲ့ ခွင့်တွေကို ပြန်လည်ရုပ်သိမ်းထားပါတယ်။

သီရိလင်္ကာနိုင်ငံမှာ ခရစ်ယာန်ဘာသာဝင်တွေဟာ လူနည်းစုဖြစ်ပြီး လူဦးရေစုစုပေါင်းမှာ ၇၂%ကတော့ ဗုဒ္ဓဘာသာဝင်တွေ၊ ဟိန္ဒူ ၁၂%၊ မူဆလင် ၉.၇% နဲ့ ခရစ်ယာန်ဘာသာဝင် ၇.၄% ပဲ ရှိပါတယ်။

ဒီလို အကြမ်းဖက်လုပ်ရပ်တွေကြောင့် သီရိလင်္ကာရဲ့ Church တွေမှာ Easter Sunday အတွက် ရောက်ရှိနေတဲ့ သူတွေ၊ သီရိလင်္ကာကို အလုပ်ကိစ္စနဲ့ ရောက်ရှိနေတဲ့ နိုင်ငံခြားသားတွေနဲ့ တခြားအပြစ်မဲ့ပြည်သူတွေရဲ့ သွေးတွေဟာ သီရိလင်္ကာနိုင်ငံမှာ ကြေကွဲဖွယ် စွန်းထင်ခဲ့ရပြီပဲ ဖြစ်ပါတယ်။

Yoe Lu (Akhayar)


Source: CNN.com

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle