Creativity ကောင်းဖို့ Steve Jobs ၊ Mark Zuckerberg တို့ ကျင့်သုံးတဲ့ နည်းလမ်းကောင်း

Creativity ကောင်းဖို့ Steve Jobs ၊ Mark Zuckerberg တို့ ကျင့်သုံးတဲ့ နည်းလမ်းကောင်း

ကမ္ဘာကျော်အောင် အောင်မြင်ပေါက်မြောက်နေတဲ့ ခေါင်းဆောင်တွေဟာ တခြားလူတွေနဲ့မတူဘဲ ကွဲပြားခြားနာကြတယ်ဆိုတာ သတိထားမိကြလား။ အောင်မြင်တဲ့သူတွေကို ကြည့်လိုက်ရင် တချို့တွေဟာ ကိုယ်လိုချင်တာကို ရအောင် တိုက်ယူတတ်တဲ့သူ၊ တချို့တွေကတော့ Geniuses ဖြစ်တဲ့သူ ၊ ကျန်တဲ့လူနည်းစုကတော့ ကွန်ပျူတာနဲ့ ပတ်သက်ပြီး ကျွမ်းကျင်တဲ့သူ ဖြစ်တယ်ဆိုတာကိုလည်း ငြင်းမရတာကတော့ အမှန်ပါပဲ။ ဒါ့အပြင် သူများနဲ့မတူအောင် Creativity အား ကောင်းလာတဲ့အခါမှာလည်း အောင်မြင်မှုလမ်းကြောင်းပေါ်ကို ရောက်ရှိလာနိုင်တာကို တွေ့ရမှာပါ ။ အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်ရှိဖို့အတွက် Creativity အား ကောင်းရမယ်ဆိုတော့ Creativity အားကောင်းဖို့ ဘယ်လိုလုပ်ရမလဲဆိုပြီး မေးစရာရှိလာနိုင်လို့ ရိုးရှင်းထိရောက်တဲ့ နည်းလမ်းကောင်းတစ်ခုကို မျှဝေပေးချင်ပါတယ်။

Creativity ကောင်းစေဖို့ အောင်မြင်နေတဲ့ Geniuses တွေဆီကနေ Inspiration ယူဖို့ ကြည့်လိုက်တဲ့အခါမှာ Geniuses တွေတိုင်းရဲ့ အမူအကျင့်တွေက မတူညီတာကို တွေ့ရှိရမှာပါ။ ဘာလိုမျိုးလဲဆိုတော့ အလုပ်လုပ်တဲ့အခါမျိုးမှာ တိတ်ဆိတ်တဲ့နေရာမှာ အလုပ်လုပ်ရတာကို ကြိုက်တာမျိုး၊ တချို့ကျတော့ ညမိုးချုပ်တဲ့အထိ အလုပ်လုပ်ရတာမျိုးကို ကြိုက်တာမျိုး၊ တချို့တွေကတော့ ကျန်းမာတဲ့ နေထိုင်စားသောက်မှုပုံစံကို ထောက်ခံတဲ့သူတွေ ဖြစ်တာမျိုးဆိုပြီး ကွဲပြားတဲ့ အမူအကျင့်တွေ ရှိတာကို တွေ့ရမှာပါ။ရှေးခေတ်အောင်မြင်သူတွေထဲမှာဆိုရင် ဂရိလူမျိုး Aristotle နဲ့ Charles Dickens တို့ဟာ လမ်းလျှောက်ပြီး Creativity ကို ထုတ်တဲ့သူတွေအဖြစ် နာမည်ကြီးကြပါတယ်။ ယနေ့ မော်ဒယ်လ်ခေတ်မှာဆိုရင်လည်း Mark Zuckerberg တို့၊ Steve Jobs တို့ဟာ လမ်းလျှောက်ပြီး Meeting လုပ်တဲ့သူတွေအဖြစ် နာမည်ကျော်ကြပါတယ်။

လမ်းလျှောက်တာက Creativity ကောင်းစေဖို့ ဘာကြောင့် အထောက်အကူဖြစ်စေတာလဲ
Mark Zuckerberg ၊ Steve Jobs တို့ဟာ လမ်းလျှောက်ပြီး Meeting တွေ ဘာလို့ လုပ်ကြတာလဲဆိုတာ Creativity ကောင်းစေလို့ပါတဲ့။ အဲ့ဒါဆိုရင် စဉ်းစာစရာတစ်ချက်ကတော့ လမ်းလျှောက်နေတဲ့အချိန်ကျမှ ဘာလို့ အိုင်ဒီယာကောင်းကောင်းတွေက ထွက်လာကြတာလဲ။ လမ်းလျှောက်လိုက်လို့ပဲ စိတ်အပြောင်းအလဲဖြစ်ပြီး အိုင်ဒီယာကောင်းတွေ ထွက်လာတာလားဆိုတာတော့ မြပောတတ်ပါဘူး။ လမ်းလျှောက်တာကလည်း လေ့ကျင့်ခန်းလုပ်တဲ့ ပုံစံတစ်မျိုးဖြစ်တဲ့အတွက် သွေးစီးဆင်းမှုကို ပိုကောင်းလာစေပြီး ဦးနှောက်ကို လန်းဆန်းတက်ကြွလာစေတာကတော့ အမှန်ပါပဲ။ ဒါကြောင့်မို့ အိုင်ဒီယာကောင်းတွေ ထွက်လာတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တကယ်လို့သာ အဲဒီလိုမျိုးကြောင့် ဖြစ်တာမှန်တယ်ဆိုရင်တော့ နည်းနည်းအံ့သြစရာကောင်းတယ်လို့ ထင်မိပါတယ်။ ပရိသတ်ြက်ီးရော အဲဒီလို မတွေးမိဘူးလား။

စိတ်ထဲမှာရှိတဲ့ခံစားချက်တွေကို လွင့်မျောခွင့်ပေးလိုက်လို့ပါ
သုတေသနပညာရှင်တွေရဲ့ ပြောကြားချက်တွေအရတော့ လူတွေဟာ ပြဿနာတစ်ခုခုအပေါ်၊ ကိစ္စတစ်ခုခုအပေါ် အာရုံအရမ်းထားမိနေရင် ဖန်တီးနိုင်စွမ်းအားတွေရော ၊ အိုင်ဒီယာကောင်းတွေရော မထွက်တတ်ကြပါဘူး။ လမ်းလျှောက်လိုက်တာက တင်းကြပ်နေတဲ့ စိတ်တွေကို ခြေဦးတည့်ရာသွားဖို့ လွတ်လပ်ခွင့်ပေးလိုက်တာနဲ့ တူတဲ့အတွက် အိုင်ဒီယာကောင်းတွေ ပြန်ထွက်လာကာ ဖန်တီးနိုင်စွမ်းအားတွေ ပိုမြင့်လာတာ ဖြစ်ပါတယ်။ အိုင်ဒီယာထုတ်ပြီး လုပ်ရတဲ့သူတွေအနေနဲ့လည်း အိုင်ဒီယာဘယ်လိုမှ မထွက်လာရင် ရုံးတစ်ပတ်ပတ်ပြီး လမ်းပတ်လျှောက်လိုက်တာမျိုး ၊ အပြင်ခဏထွက်ပြီး မုန့်ဝယ်လိုက်တာမျိုး လုပ်ကြည့်ပါ။

လမ်းလျှောက်ပြီး Meeting လုပ်တာမျိုးက ဘာလိုမျိုးလဲ
အပေါ်မှာ Mark Zuckerberg တို့၊ Steve Jobs တို့ လမ်းလျှောက်ပြီး Meeting လုပ်တယ်လို့ ပြောခဲ့တော့ လမ်းလျှောက်ပြီး Meeting လုပ်တယ်ဆိုတာက ဘယ်လိုမျိုးလဲဆိုတာ သိထားဖို့ ကောင်းပါတယ်။ လမ်းလျှောက်ပြီး Meeting လုပ်တာ တဖြည်းဖြည်း နာမည်ကြီးလာတာကတော့ Steve Jobs နဲ့ Mark Zuckerberg တို့ကြောင့်ဖြစ်လို့ သူတို့ကို ကျေးဇူးတင်ရမလိုတောင် ဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ပိတ်နေတဲ့ Creativity တွေကို ပွင့်လာစေအောင် ကူညီပေးတဲ့ အကောင်းဆုံးနည်းလမ်း ဖြစ်တယ်ဆိုတာကို သိလာရလို့ပါ။ လမ်းလျှောက်ပြီး Meeting လုပ်တယ်ဆိုတာ တကယ်တော့ အရမ်းဘာမှ ထူးထူးခြားခြားကြီးမဟုတ်ပါဘူး။ ရုံးဆိုတဲ့ နေရာတစ်နေရာတည်းမှာပဲ ထိုင်စဉ်းစားပြီး ဆွေးနွေးတိုင်ပင်မယ့်အစား လမ်းလျှောက်ပြီး ဆွေးနွေးတိုင်ပင် အကြံထုတ်လိုက်တာမျိုးကို ခေါ်တာပါ။

လမ်းလျှောက်ပြီး Meeting လုပ်တာက ဘယ်လိုအကူအညီဖြစ်စေလဲ
ကျွမ်းကျင်သူတွေရဲ့ ပြောကြားချက်အရတော့ လမ်းလျှောက်ပြီး Meeting လုပ်တာက မန်နေဂျာနဲ့ သူ့အောက်က ဝန်ထမ်းအကြား တင်းမာနေတဲ့ ဆက်ဆံရေးတွေ၊ ရှိနေတဲ့ အတားအဆီးတွေကို ဖြိုဖျက်ပေးပြီး ကောင်းမွန်တဲ့ ဝန်ထမ်းတွေရဲ့ လုပ်ဆောင်ချက်တွေကိုလည်း ပိုကောင်းအောင် လုပ်ဆောင်နိုင်ဖို့ အားပေးအားမြှောက် ဖြစ်စေပါတယ်တဲ့။ အဲဒီလို Meeting လုပ်နေတာကနေ ရရှိတဲ့ နောက်ထပ်အားသာချက်ကတော့ Meeting မှာပါဝင်သူတွေကို အာရုံပိုစိုက်နိုင်အောင် လုပ်ပေးပြီး သွားလာလှုပ်ရှားနေရတဲ့အတွက် အတွေးအခေါ်တွေကလည်း မတူတဲ့ အတွေးအခေါ်ဆန်းဆန်းတွေကို ရရှိစေပါတယ်။

အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားတဲ့ ကမ္ဘာကျော်နှစ်ယောက်ကတောင် ဒီနည်းလမ်းကို ကျင့်သုံးတယ်ဆိုတော့ ကိုယ်လည်း Creativity တွေ ဘယ်လိုမှ မထွက်တော့တဲ့အခါကျရင် သူတို့ကျင့်သုံးတဲ့ နည်းလမ်းကောင်းတွေကို အတုခိုး ကျင့်သုံးကြည့်ပြီး လန်ပြန်ထွက်နေတဲ့ Creativity တွေကို ဖန်တီးယူကာ ဘဝရဲ့ အောင်မြင်မှုတွေကို ဆွတ်ခူးရယူကြည့်ပါ။ ကျင့်သုံးကြည့်ပြီးလို့ အကျိုးထူးတယ်ဆိုရင်လည်း Creativity ကောင်းကောင်းထုတ်ဖို့လိုအပ်တဲ့သူတွေကို လက်တို့ပြီး မျှဝေပေးလိုက်ပါဦးနော်။

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle