Suicide လုပ်ဖို့ဘယ်အရာတွေက တွန်းပို့နေတာလဲ ၊ ဘယ်လိုဟန့်တားနိုင်မလဲ

Suicide လုပ်ဖို့ဘယ်အရာတွေက တွန်းပို့နေတာလဲ ၊ ဘယ်လိုဟန့်တားနိုင်မလဲ

မြန်မာနိုင်ငံမှာ Suicide လုပ်တဲ့နှုန်းက  ၂ဝ၁၆ ခုနှစ်မှာ ကောက်ယူရရှိတဲ့ WHO ရဲ့ဖော်ပြချက်အရဆိုရင် လူအယောက် ၁ဝဝ,ဝဝဝ မှာ ၆.၃ ယောက်ရှိတယ်တဲ့။ Suicide လုပ်တဲ့သူတွေရဲ့ သတင်းတွေရော ၊ ကိုယ့်ရဲ့သူငယ်ချင်းတွေ ၊ မိသားစုတွေကြားမှာ Suicide လုပ်တဲ့သူတွေကို ကိုယ်တွေ့ကြုံရရင် ကြုံရမှာပဲ။ Suicide လုပ်တယ်ဆိုတာက တစ်ကိုယ်ကောင်းဆန်တာလည်း မဟုတ်သလို အားနည်းတာလည်း မဟုတ်ပါဘူး။ Suicide လုပ်တဲ့သူတွေမှာ သူတို့ရဲ့အသက်ကို စွန့်လွှတ်ချင်ရလောက်တဲ့ နောက်ကွယ်က အကြောင်းပြချက်တွေ ရှိကိုရှိပါတယ်။

များသောအားဖြင့် Suicide လုပ်တဲ့သူတွေက စိတ်ဖိစီးမှုတွေ ၊ စိတ်သောကတွေ ၊ စိတ်အားငယ်တာတွေကို ခံစားနေရတာများတယ်။ ဒီလိုခံစားချက်တွေကို ဖြစ်စေတဲ့အကြောင်းပြချက်တွေလည်း အများကြီးရှိပါတယ်။ ဥပမာပြောရရင် အကြွေးနွံထဲနစ်နေတာတို့ ၊ စီးပွားရေးကျတာတို့ ၊ မိသားစုမပြေမလည်ဖြစ်တာတို့ ၊ လိင်တူချင်းချစ်မိလို့ မိဘသားချင်းတွေ သဘောမတူတာက အစ ပါနိုင်တယ်။ တစ်ချို့တွေကျပြန်တော့လည်း ဂရုစိုက်မှုကိုလိုချင်လို့ Suicide လုပ်ကြတယ်။ ပြောရရင် “ငါသေသွားရင်တော့သူတို့ဝမ်းနည်းကြမှာပဲ”ဆိုတဲ့ အတွေးမျိုုးနဲ့ပေါ့။ သူတို့ကတခြားသူတွေအတွက် အရေးပါပေမယ့် လျစ်လျူရှုခံထားရတယ် ၊ သူတို့မရှိတော့ရင် ဝမ်းနည်းကြတာကို လိုချင်လို့ Suicide လုပ်ကြတာဖြစ်တယ်။

နောက်ပြီးတော့ စိတ်လိုက်မာန်ပါလုပ်တာကလည်း Suicide တွေဖြစ်တဲ့ အကြောင်းပြချက်တစ်ခုပဲဖြစ်တယ်။ အထူးသဖြင့် ဆေးစွဲနေတဲ့သူတွေနဲ့အရက်စွဲနေတဲ့သူတွေက မူးပြီးတငိုငိုတရီရီနဲ့ ကိုယ့်အသက်ကိုကိုယ်အဆုံးသတ်ဖို့ ကြိုးစားတာတွေရှိကြတယ်။ သူတို့အမူးပြန်ပြေသွားတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ်ရှက်သွားပြီး သနားစရာကောင်းတယ်လို့ ခံစားသွားကြရတယ်။ ဒါကြောင့်ဒီလိုလူတွေက နောက်တစ်ခေါက် Suicide လုပ်မယ်မလုပ်ဘူးဆိုတာ ခန့်မှန်းလို့မရဘူး။

နောက်ထပ် Suicide လုပ်ဖို့တွန်းပို့တဲ့ အကြောင်းအရင်းတစ်ခုက သူတို့ပတ်ဝန်းကျင်က ဆွေမျိုးသားချင်းတွေကို အကူအညီတောင်းချင်လို့ပါ။ ဒီလိုလူတွေက သူတို့စိတ်ဖိစီးနေတာ ၊ သူတို့ဆီမှာတစ်ခုခုမှားနေတယ်ဆိုတာ သိနေကြတယ်။ သူတို့အကူအညီလိုနေတယ်ဆိုတာလည်း သိတယ်။ ဒါပေမယ့်ဘယ်သူ့ကိုဘယ်လိုရှင်းပြပြီး ဘယ်လိုအကူအညီတောင်းရမလဲမသိဘူး။ ငါ့မှာတော့တစ်ခုခုမှားနေတယ် ၊ ငါတစ်ချိန်လုံးစိတ်တွေလေးနေတယ်လို့ သွားပြီးပြောရင်လည်း ဘာတွေလာပြောနေတာလဲ ၊ လူတိုင်းမှာပြဿနာရှိတယ်ဘာညာနဲ့ ပြန်ပြောတာပဲခံရမယ်ဆိုတာကိုသိလို့ Suicide လုပ်ဖို့ကြိုးစားကြတယ်။ ဒီလိုလူတွေက သူတို့မှာတစ်ခုခုမှားနေတယ်ဆိုတာကို သိအောင်လို့ Suicide လုပ်ရင်တောင် ကိုယ့်ကိုတကယ်မသေစေနိုင်မယ့်နည်းလမ်းတွေကို ရွေးချယ်ကြတယ်။ ဘာလို့လဲဆိုတော့သူတို့က တကယ်မသေချင်ပါဘူး။ သူတို့မှာအကူအညီလိုနေတယ်ဆိုတာကို ပြောပြချင်ရုံသက်သက်ကြောင့်ပဲဖြစ်ပါတယ်။

Suicide လုပ်ဖို့အဓိကတွန်းအားပေးတဲ့ စိတ်ဖိစီးမှုက အားနည်းချက်တစ်ခုလည်း မဟုတ်ဘူး ၊ ဝမ်းနည်းမှုတွေကြီးကြောင့်လဲမဟုတ်ဘူး။ စိတ်ဖိစီးမှုက ကြာရှည်ကုသမှုလိုတဲ့ ရောဂါအဖြစ်သတ်မှတ်ခံထားရတာပါ။ လူတစ်ယောက်စိတ်ဖိစီးမှုဖြစ်တာက ပြင်ပကအဖြစ်အပျက်တွေရဲ့ လွှမ်းမိုးမှုလည်းပါသလို ဗီဇကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဒီလိုအရာတွေကြောင့် Suicide လုပ်ဖို့ တာစူနေတဲ့သူတွေကို စာရေးသူတို့အနေနဲ့ ကူညီနိုင်တာက သူတို့ဆီမှာ Suicide လုပ်မယ်လို့ ထင်ရတဲ့လက္ခဏာတွေရှိလား သတိနဲ့စောင့်ကြည့်ရမယ်။ ပြောရရင် သူတို့ကသေချင်တယ်ဆိုတာကို မကြာခဏပြောနေလား ၊ ကိုယ့်ကိုယ်ကိုယ်သတ်ဖို့ လက်နတ်တွေ ၊ ပစ္စည်းတွေဝယ်ဖို့ ကြိုးစားနေကြလား ၊ အရက်တွေအရမ်းပိုသောက်လာလား ၊ စိတ်အခြေအနေအရမ်းပြောင်းလွယ်နေလား ၊ အရမ်းစိတ်ဓာတ်ကျနေတယ်ထင်ရလား စောင့်ကြည့်နေလို့ရတယ်။ တကယ်လို့ အဲဒီလိုလက္ခဏာတွေတွေ့နေရရင် Suicide လုပ်ဖို့ကြံနေလားဆိုပြီး မေးသင့်ပါတယ်။ ကြံနေပြီဆိုရင် သူတို့ကိုယ်သူတို့ နာကျင်အောင်လုပ်နိုင်တဲ့ အရာတွေအကုန်လုံးကနေ ဝေးဝေးမှာရှိနေအောင် လုပ်ရမယ်။ သူတို့ကိုလုံခြုံအောင်ထားရမယ်။

နောက်ပြီး သူတို့နားမှာနေပေးပြီးသူတို့ပြောတာတွေကို နားထောင်ပေးရမယ်။ ဘာလို့သူတို့ Suicide လုပ်ချင်နေတာလဲဆိုတာကို ၊ သူတို့ဘာတွေခံစားနေရတယ်ဆိုတာကို အကြင်နာတရားနဲ့ မဝေဖန်ဘဲနားထောင်ပေးရမယ်။ သူတို့ကိုကူညီနိုင်မယ့်သူတွေနဲ့ ဆက်သွယ်ပေးရမယ်။ ဆရာဝန်ဖြစ်ဖြစ် ၊ မိသားစုဝင်ဖြစ်ဖြစ် ၊ အကြံပေးတဲ့သူတွေဖြစ်ဖြစ် ၊ သူတို့အကူအညီတောင်းနိုင်မယ့်သူတွေနဲ့ ချိတ်ဆက်ပေးရမယ်။

Suicide လုပ်တဲ့သူတွေမှာဖြစ်နေတဲ့ ခံစားချက်တွေကြောင့် ဒီလမ်းကိုရွေးချယ်သွားတာကို ကိုယ့်မှာ ဒီလိုခံစားချက်တွေမကြုံဖူးတာနဲ့ဘဲ ခံစားနေရတဲ့သူတွေကို အပြစ်မတင်သင့်ပါဘူး။ လူသားအားလုံးမှာ တန်ဖိုးတွေရှိတာမို့လို့ ဆုံးရှုံးတော့မယ်လို့ ထင်ရတဲ့လူတစ်ယောက်ကို တတ်နိုင်တဲ့ဖက်ကနေ ကူညီပေးဖို့ လူတိုင်းမှာတာဝန်ရှိပါတယ်။ လူသားဆန်တဲ့လူသားတွေဖြစ်ဖို့ လူသားချင်းစာနာတဲ့လူသားတွေအနေနဲ့အသက်ရှင်ကြရအောင်။ ကိုယ့်နားက Sucide လုပ်နိုင်ခြေရှိတဲ့သူတွေကို အမြဲကူညီဖေးမနေရအောင်လေနော် ၊ သဘောတူတယ်မလား။

Piki (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle