အမျိုးသားတွေ နွေရာသီမှာ ပေါ့ပါးသက်သာစေဖို့ ဘယ်လိုဝတ်ကြမလဲ

အမျိုးသားတွေ နွေရာသီမှာ ပေါ့ပါးသက်သာစေဖို့ ဘယ်လိုဝတ်ကြမလဲ

ရာသီဥတုပူနေလို့ တစ်နေ့ တစ်နေ့ အပြင်သွားရင် အေးနေအောင် ဘာဝတ်လို့ ဝတ်ရမလဲမသိဘူးဆိုပြီး အဝတ်ဗီဒိုကြီးဖွင့်ပြီး ကြည့်ကာ အော်နေကြရပြီလား။ အမျိုးသမီးတွေအတွက်တော့ ပူပြင်းတဲ့နွေရာသီမှာ ရွေးချယ်ဝတ်ဆင်စရာ အဝတ်အစားဒီဇိုင်းတွေ၊ အဆင်တွေ အများကြီးရှိသလို ဘယ်လိုအရာတွေကို ရွေးချယ်ပြီးဝတ်သင့်တယ် ဘယ်လိုအရာတွေကို မဝတ်နဲ့ဆိုပြီး လမ်းညွှန်ပေးနေတဲ့ ဖက်ရှင်Blogger တွေရဲ့ လမ်းညွှန်ချက်တွေကိုလည်း အွန်လိုင်းပေါ်မှာ အများကြီး တွေ့နေရပါတယ်။ ဒါပေမယ့် အမျိုးသားတွေအတွက်တော့ လမ်းညွှန်ချက်တွေ သိပ်မတွေ့ရလို့ အမျိုးသားတွေအတွက် နွေရာသီဝတ်ရမယ့် ဖက်ရှင်လေးတွေနဲ့ ပတ်သက်ပြီး အကြံကောင်းလေးတွေ ပေးချင်ပါတယ်။

အမျိုးသားတွေ နွေရာသီမှာ အဝတ်အစားဝတ်ဖို့ ရွေးချယ်မယ်ဆိုရင် အရေးကြီးဆုံးတစ်ချက်ကတော့ မိမိုက်စတိုင်လ်ကျဖို့အတွက်ချည်းပဲ ဦးစားပေးမရွေးချယ်ဘဲ သက်သောင့်သက်သာဖြစ်ပြီး ပေါ့ပါးစေမယ့် ဖက်ရှင်မျိုး၊အဝတ်အစားမျိုးကို ရွေးချယ်ဝတ်ဆင်ဖို့ အရေးကြီးပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ သက်သောင့်သက်သာဖြစ်မယ့်အဝတ်အစားမျိုးတွေ၊ ဖက်ရှင်မျိုးတွေကို ရွေးဝတ်ပါလို့ တိုက်တွန်းလို့ တွေ့ရာကောက်ဝတ်ရမယ့်ဆိုတာမျိုးကြီးလည်း မဟုတ်သေးဘူးနော်။ ဟိုဟာဝတ်တော့လည်း မဟုတ်သေး၊ ဒီဟာဝတ်တော့လည်း မမှန်သေးဘူးဆိုတော့ ဘယ်လိုဟာကို ဝတ်ရမလဲဆိုပြီး အတွန့်တက်ပြီး မေးလာစရာ ရှိလာမှာပါနော်။ ဘယ်လိုဟာမျိုးတွေဝတ်ရမလဲဆိုတာကို အောက်မှာဆက်ပြီး ပြောပြပေးမှာမို့ ကိုယ်ရဲ့ဝတ်စားဆင်ယင်မှုပုံစံကို အထောက်အကူရရှိစေဖို့ ဆက်ပြီး ကြည့်လိုက်ကြရအောင်။

အမျိုးသားတွေ နွေရာသီမှာဝတ်ဖို့ အဝတ်အစားကို ရွေးချယ်ရင် ဝတ်မယ့်အကျီၤရဲ့အသားဟာ အရမ်းအရေးကြီးပါတယ်။ ထူတဲ့အသားတွေကို ဝတ်မိရင် တစ်နေ့တာလုံး ချွေးတွေနဲ့ နပန်းလုံးနေရပြီး ငြီးစီစီဖြစ်ကာ အားအင်တွေကုန်ခမ်း ပင်ပန်းနွယ်နယ်နေမှာပါ။ အဲ့ဒီလို မဖြစ်ရအောင် လေဝင်လေထွက်လည်းကောင်းပြီး ပေါ့ပေ့ါပါးပါးလည်းဖြစ်စေတဲ့ လီနင်သားတွေ၊ ချည်သားတွေနဲ့ လှိုင်းတွန့်ချည်ထည်လေးတွေနဲ့ ပြုလုပ်ထားတဲ့ အဝတ်အစားမျိုးတွေကို ရွေးပြီးဝတ်ပါ။ လီနင်သားကတော့ လျှော်ချည်ကနေရရှိတဲ့ ချည်မျှင်တွေနဲ့ ရက်လုပ်ထားတဲ့အသားဖြစ်ပြီး နွေရာသီမှာ ရွေးဝတ်သင့်ဆုံး အသားမျိုးဖြစ်ပါတယ်။ လီနင်အသားတွေကတော့ အရမ်းကြေတတ်ပေမယ့်လည်း သဘာဝရဲ့ အေးမြမှုကိုတော့ ပေးစွမ်းပါတယ်။

Linen Shirt
ဒုတိယရွေးချယ်ဝတ်သင့်တဲ့ အသားကတော့ ချည်သားဖြစ်ပါတယ်။ ချည်သားဟာ သန့်စင်ထားတဲ့ ချည်မျှင်တွေနဲ့ ပြုလုပ်ထားလို့ ဝတ်လိုက်ရင် လေဝင်လေထွက်လည်း ကောင်းကောင်းရရှိစေပါတယ်။

Cotton Shirt

လှိုင်းတွန့်ချည်ထည်လေးတွေကတော့ အစင်းကြားလေးတွေ၊အတွန့်လေးတွေ ပုံစံနဲ့ ဖြစ်ပေမယ့် ထသွားထလာ ပေါ့ပေါ့ပါးပါးဝတ်ဖို့အတွက်ဆို ရွေးချယ်ဖို့ အသင့်တော်ဆုံးပါ။

seersucker shirt

အခုနောက်ပိုင်း ဖက်ရှင်ရပ်ဝန်းမှာလည်း အဲဒီလို အသားလေးတွေနဲ့ အဝတ်အထည်လေးတွေကလည်း ဒီဇိုင်းစုံနဲ့ ဝင်ရောက်လာပြီဖြစ်လို့ ကိုယ်နဲ့ အလိုက်ဖက်ဆုံးပုံစံကို သေချာရွေးချယ်ဝတ်ဆင်ပါ။

နွေရာသီမှာ ဝတ်သင့်တဲ့ အသားလေးတွေကို ပြောပြီးပြီဆိုတော့ ဝတ်သင့်တဲ့ အရောင်လေးတွေနဲ့ မဝတ်သင့်တဲ့အရောင်လေးတွေကိုလည်း ပြောပြပေးချင်ပါတယ်။ မဝတ်သင့်တဲ့ အရောင်တွေကို မဝတ်မိအောင် အဝတ်တွေကိုစီကထဲက နွေရာသီနဲ့ မလိုက်ဖက်တဲ့ အရောင်တွေကို အောက်ဆုံးမှာ ပြောင်းပြီး စီလိုက်ပါ။

ကိုယ်က အဝတ်အစားဝတ်ရင် နက်ခ်တိုင်နဲ့ တွဲဝတ်ရတဲ့သူဆိုရင် မီးခိုရောင်ဖျော့ေျဖျာ့ အရောင်လေးတွေကို ရွေးချယ်ပြီး ဝတ်ပါ။ လန်းဆန်းသစ်လွင်စေတဲ့ အရောင်မျိုးလေးတွေကို ရွေးပြီး ဝတ်လိုက်ရင်လည်း တစ်ချိန်တည်းမှာပဲ လူကို ထက်မြက်တဲ့အသွင်ပေါ်စေပြီး စမတ်ပါကျသွားစေမှာပါ။

အပြာရောင်တွေကို ဝတ်လေ့ဝတ်ထရှိရင်တော့ နွေရာသီမှာ အပြာနုရောင်လေးတွေကို စမ်းပြီး ဝတ်ကြည့်လို့ ရပါတယ်။

Baby Blue Shirt

အဲဒီအပြာနုရောင်လေးဟာ ရေကူးကန်ပါတီတွေနဲ့လည်း လိုက်ဖက်မှုရှိလို့ ပါတီပွဲသွားဖို့ရှိရင် ဒီအရောင်လေးကို မျက်စိမှိတ်ပြီး ရွေးချယ်ဝတ်လို့ရပါတယ်။ ကာကီရောင်ပြေးတဲ့ အရောင်လေးတွေကိုလည်း နွေရာသီမှာ ဝတ်ဆင်သင့်တဲ့ အရောင်မျိုးပါ။ ဘယ်အချိန် ဘယ်ရာသီပဲဖြစ်ဖြစ် ဝတ်လိုက်တဲ့သူကို သန့်နေတဲ့အသွင်ကိုဖော်ဆောင်ပေးတဲ့ အဖြူရောင်လေးဟာလည်း နွေရာသီမှာ ရွေးဝတ်သင့်တဲ့ အရောင်တစ်ခုပါပဲ။

wearing white cotton shirt

အမည်းဘယ်လောက်ပဲ ကြိုက်ကြိုက် အပူစုပ်တဲ့ အမည်းရောင်ကိုတော့ နွေရာသီမှာ လက်ရှောင်လိုက်ပါနော်။ အရင်တုန်းက အမျိုးသားတွေဟာ အဖြူရောင်ဘောင်းဘီကို သိပ်မဝတ်ကြပေမယ့် အခုချိန်မှာတော့ ဖက်ရှင်အရရော ရာသီဥတုအရရော ဝတ်ဆင်လာကြတာကို တွေ့ရလို့ ဒီနွေကစပြီး အဖြူဘောင်းဘီတွေကို စမ်းဝတ်ကြည့်ပါနော်။

ဖက်ရှင်ကျပြီး မိမိုက်တယ်ဆိုတာ ကိုယ်နဲ့လိုက်ဖက်တဲ့ အဝတ်အစားကို သက်သောင့်သက်သာဖြစ်အောင် ဝတ်နိုင်တာမျိုးကို ဆိုလိုတာဖြစ်လို့ အခုဖော်ပြပေးတဲ့ အချက်တွေကို အသုံးချပြီး နွေရာသီမှာတောင် အထာကျတဲ့သူဖြစ်အောင် ဖန်တီးလိုက်ပါ။

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle