Season 15 အပြီးမှာ Supernatural လည်း အဆုံးသတ်ပါတော့မယ်

လောကမှာ ဘယ်အရာမှ မတည်မြဲဘူးဆိုပေမယ့် Supernatural ကတော့ ၂၀၀၅ ခုနှစ်တည်းကနေ ခုထိ တည်မြဲနေခဲ့တာ ၁၄ နှစ်တောင် ရှိပြီ ဖြစ်ပါတယ်။ ကလေးဘဝတည်းက ကြည့်တဲ့ ပရိသတ်တွေတောင် ခုဆို လူပျိုကြီးဖားဖား၊ အပျိုကြီးဖားဖားဖြစ်တဲ့အထိကို Supernatural က ဇာတ်လမ်းရှည်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အခုအခါမှာတော့ Supernatural ဟာ ဇာတ်သိမ်းဖို့ အချိန်ရောက်လာခဲ့ပါပြီ။ ဝင်ချက်စတာညီအစ်ကိုတွေနေရာက သရုပ်ဆောင်တဲ့ Jared Padalecki နဲ့ Jensen Ackles တို့ဟာ Misha Collins နဲ့ အတူ လာမယ့် 15th Season ဟာ Supernatural ရဲ့ နောက်ဆုံးဖြစ်လိမ့်မယ်လို့ Twitter မှာ Video လေးတင်ပြီး ပရိသတ်တွေကို အသိပေးအကြောင်းကြားခဲ့ပါတယ်။
Hey #SPNFamily here’s a little message from @JensenAckles @mishacollins and me. I’m so grateful for the family that’s been built because of the show. Excuse me while i go cry. pic.twitter.com/QDXDsAyIfK
— Jared Padalecki (@jarpad) March 22, 2019
ဒီသတင်းဟာ CW Television Network ရဲ့ Series တစ်ခု ဖြစ်တဲ့ Arrow ဟာ နောက်ထပ် Season တစ်ခုအပြီးမှာ အဆုံးသတ်တော့မယ်လို့ မင်းသား Stephen Amell က အတည်ပြုအပြီးမှာ လိုက်ထွက်ပေါ်လာတဲ့ သတင်းလည်း ဖြစ်ပါတယ်။

Supernatural ဟာ US မှာ CW Television Network ကနေ ကြာသပတေးညတွေဆို ပြလေ့ရှိပြီး UK မှာတော့ E4 ကနေ ပြသနေတာ ဖြစ်ပါတယ်။ ကဲ! မုဆိုးမလေးမင်္ဂဂါပြီးရင် နောက်ထပ်ပေရှည်တဲ့ Supernatural စီးရီးစ်ဟာလည်း ပြီးဆုံးတော့မှာမို့ Supernatural ပရိသတ်တွေအတွက်တော့ စိတ်လှုပ်ရှားဖွယ်ဖြစ်သလို ကြေကွဲဖွယ်လည်း ဖြစ်ပါတယ်။
Yoe Lu (Akhayar)