ပလတ်စတစ်ကြောင့် သေကြေပျက်စီးနေကြတဲ့ သနားစရာတိရစ္ဆာန်လေးများ

ပလတ်စတစ်ကြောင့် သေကြေပျက်စီးနေကြတဲ့ သနားစရာတိရစ္ဆာန်လေးများ

သူတို့လေးတွေက ပါးစပ်က စကားသာ မပြောတတ်ကြလို့နော်။ ပြောများပြောတတ်ရင် ပလတ်စတစ်တွေကို သူတို့ရဲ့ ရေအောက်ကမ္ဘာလေးထဲကို မရောက်လာဖို့ တောင်းပန်နေကြမှာပါ။

နေ့စဉ်ဘဝမှာ အလွယ်ကူဆုံးနဲ့ အသက်သာဆုံးဝယ်ယူရရှိနိုင်တဲ့ အိတ်ကိုပြောပါဆိုရင် ကြွပ်ကြွပ်အိတ်နဲ့ ပလတ်စတစ်အိတ်တွေပါပဲ။ နှစ်စဉ်နှစ်တိုင်း ပလတ်စတစ်ပေါင်း မီလီယမ်တန် (၃၀၀) လောက်ကို ကမ္ဘာတစ်ဝန်း သုံးစွဲနေကြပါတယ်။ ဒီပစ္စည်းတွေက အလွယ်တကူဖျောက်ဖျက်ပစ်လို့မရတဲ့အခါကျတော့ နောက်ဆုံးသွားရာလမ်းက ပင်လယ်သမုဒ္ဒရာထဲကိုပါပဲ။ လူတွေဟာ ဖျက်စီးလို့မရတဲ့ အမှိုက်တွေကို နောက်ဆုံးအနေနဲ့ ပင်လယ်ထဲကို စွန့်ပစ်ကြတဲ့အခါ ကျန်တဲ့ပစ္စည်းတွေက နှစ်အပိုင်းအခြားတစ်ခုမှာ ချေပျက်သွားတာ၊ ပျော်ဝင်သွားတာ၊ နောက်ပြီး ဆွေးမြေ့သွားတာမျိုးတွေရှိကြပေမယ့် ပလတ်စတစ်တွေကတော့ အဲဒီလိုမဟုတ်ပါဘူး။ လူသားတွေဟာ ကိုယ်တိုင်ဖန်တီးပြီး ကိုယ်တိုင်ထိန်းမနိုင်တော့တဲ့ ဒီပလတ်စတစ်တွေဟာ အခုတော့ တိရစ္ဆာန်လေးတွေနဲ့ သဘာဝပတ်ဝန်းကျင်ကို လာရောက်ထိခိုက်နေပါပြီ။ အခုဆိုရင် ပလတ်စတစ်ကြောင့် အသက်အန္တရာယ်နဲ့ အကြီးအကျယ်ထိုးစစ်ဆင်နေရတဲ့ တိရစ္ဆာန်လေးတွေရှိပါတယ်။

ပင်လယ်လိပ်လေးများ
ပင်လယ်လိပ်လေးတွေဟာ ပလတ်စတစ်ဒဏ်ကို တော်တော်ခံရတဲ့အထဲမှာပါပါတယ်။ ရုတ်တရက်ကြည့်လိုက်ရင် ပလတ်စတစ်တွေဟာ သူတို့ နေ့စဉ်စားသုံးတဲ့ အစားအစာတွေနဲ့ တူညီနေတာကြောင့် မှားယွင်းပြီးစားမိရာကနေ အစာလမ်းကြောင်းမှာ ဆို့ပြီး အသက်သေဆုံးကြရပါတယ်။ ပင်လယ်လိပ်လေးတွေဟာ လူသားတွေ ဖမ်းယူမှုကြောင့် သေဆုံးမှုတွေရှိတယ်ဆိုပေမယ့် အဲဒီ့ထက် ပလတ်စတစ်ကြောင့် သေဆုံးမှုက ပိုများတယ်လို့ ကျွမ်းကျင်ပညာရှင်တွေက သတ်မှတ်ကြပါတယ်။

ပင်လယ်ဖျံလေးများ
ပင်လယ်ဖျံလေးတွေက တအားဒုက္ခများကြပါတယ်။ သူတို့ဟာ ပင်လယ်ထဲမှာ လူတွေရဲ့ ပိုက်ကွန်တွေ၊ ငါးဖမ်းပိုက်တွေကိုလည်း ရှောင်ရတိမ်းရ၊ ပလတ်စတစ်အိတ်တွေနဲ့ ရာဘာကွင်းတွေကိုလည်း ရှောင်ရတိမ်းရ လုပ်နေကြရပါတယ်။ ပင်လယ်ဖျံလေးတွေဟာ သူတို့ရဲ့ ကိုယ်လုံးလေးတွေနဲ့ ပလတ်စတစ်အိတ်ကြီးတွေထဲ ဝင်စွတ်မိပြီး ဒဏ်ရာတွေရ သေဆုံးကြရပါတယ်။ တန်ဖိုးထားထိန်းသိမ်းကြရမယ့် အပြစ်မဲ့ ပင်လယ်ဖျံလေးတွေဟာ တန်ဖိုးမရှိတဲ့ ပလတ်စတစ်တွေကြောင့် သေကြေပျက်စီးပေါင်းများနေပါပြီ။

ဇင်ယော်လေးများ
နှစ်စဉ်နှစ်တိုင်း ပင်လယ်တစ်ဝိုက်နေထိုင်တဲ့ ရေပျော်ငှက်ကလေးတွေကို မီလီယမ်နဲ့ချီပြီး သတ်ဖြတ်နေတဲ့ တရားခံဟာ ပလတ်စတစ်တွေပါပဲ။ တခြားငှက်တွေထက် ပိုဒဏ်ခံရတာက ပင်လယ်ပျော်ဇင်ယော်လေးတွေပါ။ ရေထဲမှာ အသားငါးလေးများရနိုင်မလား ထိုးဆိတ်ရှာဖွေကြတဲ့အခါ အသားငါးလေးတွေအစား ပလတ်စတစ်အမှိုက်တွေ ငြိတွယ်ပြီး ဒုက္ခရောက်ကြရတာပေါ့။

ငါးလေးများ
ငါးတွေလည်း ထို့နည်းတူပါပဲ။ အစာရှာရင်း ပလတ်စတစ်မိလိုမိကြ၊ ရေထဲ ပြေးလွှားဆော့ကစားရင်း ပလတ်စတစ် ငြိလိုငြိကြနဲ့ သေကြေပျက်စီးကြရပါတယ်။ လူတွေ ဖမ်းဆီးတဲ့ ပိုက်ကွန်ကမှ သူတို့အတွက် ရှောင်တိမ်းချိန်၊ ကာကွယ်ချိန် ရချင်ရနိုင်ပါတယ်။ ပလတ်စတစ်တွေကတော့ ရေအောက်ဟိုးအနက်အထိ သူတို့အတွက် Jelly Fish တွေလိုလို၊ အစားအစာတွေလိုလို၊ အသိုက်အမြုံလေးလိုလို အယောင်ဆောင်ရင်း ဖမ်းဆီးသတ်ဖြတ်နေပါတယ်။

ဝေလငါးလေးများနဲ့ လင်းပိုင်လေးများ
ပင်လယ်ပျော် ဝေလငါးလေးတွေနဲ့ လင်းပိုင်လေးတွေရဲ့(၃၃) ရာခိုင်နှုန်းဟာ ပလတ်စတစ်ရဲ့ အန္တရာယ်ကို မျက်ဝါးထင်ထင် ကြုံတွေ့ခံစားဖူးကြပြီး အဲဒီ့အထဲက (၂၀) ရာခိုင်နှုန်းကတော့ အသက်ပေးခဲ့ကြရပါတယ်။ သူတို့လည်း ငါးလေးများလိုပါပဲ။ ပလတ်စတစ်တွေကို အစာအဖြစ်၊ ကစားစရာအဖော်အဖြစ် ထင်ယောင်မှားရာကနေ ပါးစပ်နဲ့ သွားတွေမှာ ငြိကုန်ကြတယ်။ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေမှာ ငြိကုန်ကြတယ်။ ကံမကောင်းတဲ့အကောင်လေးတွေကတော့ မျိုချမိပြီး အစာလမ်းကြောင်း ပိတ်ဆို့ကုန်ကြပါတယ်။

ဒါတွေက ပုံပြင်တွေ ပြောပြနေတာမဟုတ်ပါဘူး။ လက်ရှိအချိန်မှာ ပင်လယ်ထဲ တကယ်ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ သူတို့လေးတွေက ပါးစပ်က စကားသာ မပြောတတ်ကြလို့နော်။ ပြောများပြောတတ်ရင် ပလတ်စတစ်တွေကို သူတို့ရဲ့ ရေအောက်ကမ္ဘာလေးထဲကို မရောက်လာဖို့ တောင်းပန်နေကြမှာပါ။ တိရစ္ဆာန်လေးတွေ ခံစားနေရတဲ့ ပလတ်စတစ်ဆိုးကျိုးတွေကို ပင်လယ်ထဲမှာ အများဆုံးတွေ့ရတယ်ဆိုပေမယ့် ကုန်းပေါ်မှာဆိုရင်လည်း ခွေးလေးတွေ၊ ကြောင်လေးတွေကို ကလေးလေးတွေက မသိနားမလည်ဘဲ ပလတ်စတစ်ကြိုးချည်ထားမိလို့ အချိန်ကြာလာတဲ့အခါ အသားတွေကို စားသွားပြီး ခြေလက်တွေ ဖျက်ပစ်ရတဲ့အထိ ဖြစ်ကုန်တာမျိုးတွေလည်း ရှိပါတယ်။
ဒီတော့ ပလတ်စတစ်တွေကို ဆက်သုံးနေဦးမှာလား။ ဒီ ပလတ်စတစ်တွေဟာ လူသားတွေကိုလည်း ဒုက္ခပေးတယ်။ တိရစ္ဆာန်လေးတွေကိုလည်း ဒုက္ခပေးတယ်။ သဘာဝပတ်ဝန်းကျင်ကိုလည်း ဒုက္ခပေးနေပါတယ်။ ဒီတော့ ကျွန်မတို့ တစ်ဦးတစ်ယောက်ချင်းဆီက ပလတ်စတစ်ပစ္စည်းတွေကို ငြင်းဆိုတတ်ပြီး ကျွန်မတို့ရဲ့ ကမ္ဘာလောကကြီးကို သာယာပျော်ရွှင်ဖွယ်ကောင်းအောင် ပြန်လည်တည်ဆောက်ကြရာမှာ ကူညီကြရအောင်နော်။

(Photo Credit)

Moethaesay (Akhayar)

www.akhayarmedia.com

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle