ဗုဒ္ဓဟူးနေ့တွေမှာပါ အလုပ်ပိတ်ပေးတဲ့ သြစတြေးလျကုမ္ပဏီ Versa

ဗုဒ္ဓဟူးနေ့တွေမှာပါ အလုပ်ပိတ်ပေးတဲ့ သြစတြေးလျကုမ္ပဏီ Versa

ဗုဒ္ဓဟူးနေ့တစ်ရက် သူ့ရဲ့ သူငယ်ချင်းတွေ အတော်များများ အလုပ်တက်ရချိန်မှာ Tiffany Schrauwen ကတော့ တင်းနစ်ကွင်းမှာ တင်းနစ်လေ့ကျင့်နေခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူအလုပ်လုပ်နေတဲ့ Versa Digital Marketing Agency ဟာ ဗုဒ္ဓဟူးနေ့မှာ အလုပ်ပိတ်ပေးပြီး တစ်ပတ်မှာ ၄ ရက်စာ အလုပ်လုပ်၊ ၅ ရက်စာ လုပ်ခလစာပေးနေတဲ့ ကုမ္ပဏီဖြစ်လို့ပါပဲ။

သူတို့ ရုံးက ဝန်ထမ်းတွေဟာ တနင်္လာနေ့၊ အဂါၤ၊ ကြာသပတေးနဲ့ သောကြာနေ့တွေမှာတော့ ပုံမှန်အတိုင်းပဲ အလုပ်လုပ်ရပါတယ်။ Meeting တွေကိုလည်း ဗုဒ္ဓဟူးနေ့မှာ ဘယ်တော့မှ မလုပ်ဘဲ Client တစ်ယောက်ယောက်က အရေးကြီးကိစ္စရှိလို့ ဖုန်းဆက်ရင်တော့ ဝန်ထမ်းတွေက ဖုန်းကိုင်ကြရမှာ ဖြစ်ပါတယ်။

ဒီလိုမျိုး ဗုဒ္ဓဟူးနေ့ပိတ်မယ့် အစီအစဉ်ကို Schrauwen စကြားတုန်းက ပိတ်မယ်ဆိုလို့ ပျော်ပေမယ့် အဲဒီရက်မှာ အလုပ်တွေပုံနေမှာ၊ ပိနေမှာကိုလည်း စိုးရိမ်နေခဲ့ပါတယ်။ သူက Project Manager တစ်ယောက်ဖြစ်တဲ့အတွက် ဝန်ထမ်းတွေနဲ့ Client တွေကြားက ကြားခံဆက်သွယ်ပေးရတဲ့သူ ဖြစ်ပြီး Deadline တွေ နောက်ကျမှာကို တကယ်ပဲ စိုးရိမ်ခဲ့တာပါ။ဒါပေမယ့် ဒီအစီအစဉ်တကယ်လုပ်ပြီး ကြာလာတဲ့အခါမှာတော့ ဒီလို လုပ်တာဟာ အလုပ်အပေါ်တကယ်ပဲ ထိရောက်တယ်ဆိုတာ တွေ့လာရပါတယ်။ သူဟာ လုပ်စရာရှိတာတွေကို ဗုဒ္ဓဟူးနေ့မတိုင်ခင် ပြီးနေအောင် စီစဉ်ရတာ ဖြစ်တဲ့အတွက် Meeting တွေမှာ ပိုပြီး အာရုံစူးစိုက်မှုရှိလာခဲ့ပါတယ်။

ဒါ့အပြင် ကုမ္ပဏီဟာ နှစ်ပတ်တစ်ခါ ဘယ်သူတွေက အလုပ်လုပ်တယ်၊ ဘယ်သူတွေက အလုပ်မလုပ်ဘူးဆိုတာကို ပြန်ကြည့်လေ့ ရှိပါတယ်။ ဒါပေမယ့် ဒီလို ကြားရက်ကို ပိတ်ရက်ပေးထားတဲ့အတွက် လူတွေကလည်း ခိုတာကပ်တာ သိပ်မရှိဘဲ တကယ့်ကို အလုပ်လုပ်ကြပါတယ်။

ကုမ္ပဏီဟာ ဒီအစီအစဉ်ကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လက စလုပ်ခဲ့တာ ဖြစ်ပြီး ဒီလို စလုပ်တည်းက ကုမ္ပဏီရဲ့ ဝင်ငွေဟာ ၄၆% လောက် မြင့်တက်ခဲ့သလို အမြတ်ငွေဟာလည်း ၃ ဆ လောက်ခုန်တက်သွားခဲ့တယ်လို့ ကုမ္ပဏီတည်ထောင်သူနဲ့ CEO ဖြစ်တဲ့ Kath Blackham ကပြောခဲ့ပါတယ်။

ဒီလို ဗုဒ္ဓဟူးကြားရက်ပိတ်ပေးလိုက်တဲ့အတွက် ဝန်ထမ်းတွေဟာ အဲဒီရက်တွေမှာ အိမ်အလုပ်လုပ်တာ၊ Gym သွားတာ၊ ကလေးထိန်းတာနဲ့ နားနားနေနေ ရုပ်ရှင်ကြည့်တာတွေ ထိ လုပ်နိုင်လာပါလိမ့်မယ်။ ဝန်ထမ်းတွေ ဖျားတာနားတာလည်း လျော့သွားပြီး အလုပ်အပေါ် စိတ်ကျေနပ်မှုလည်း မြင့်တက်လာပါတယ်။

ဘာလို့ ဗုဒ္ဓဟူးနေ့မှာ ပိတ်ရတာလဲ
ဒါကတော့ Kath Blackham ရဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး တစ်ပတ်ကိုပဲ Mini Week နှစ်ခုအဖြစ်ပိုင်းခြားချင်တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီလို ၄ ရက်လုပ်လိုက်တိုင်းလည်း ဝန်ထမ်းတွေရဲ့ အလုပ်ပြီးမြောက်နှုန်းမြင့်တက်တယ်တော့ မဟုတ်ပါဘူး၊ တချို့သူနာပြုစောင့်ရှောက်ရေးလုပ်ငန်းတွေမှာ တစ်ပတ် ၆ ရက်အလုပ်လုပ်ရပေမယ့် အလုပ်ပြီးမြောက်မှုနှုန်းက တက်နေဆဲပဲ ဖြစ်ပါတယ်။

တချို့ Startup လုပ်ငန်းလေးတွေဟာလည်း တစ်ပတ်မှာ ၄ ရက် စမ်းလုပ်ကြည့်ကြပေမယ့် အလုပ်ပြီးမြောက်မှုနှုန်းကျသွားတာကြောင့် တစ်ပတ် ၅ ရက်ဆိုပြီး ပြန်ပြင်လိုက်ရတာ ရှိပါတယ်။ Blackham ကပြောတာတော့ ပြောင်းလွယ်ပြင်လွယ်ရှိဖို့က အဓိက ဖြစ်ပြီး တစ်ပတ်မှာ ၄ ရက်ပဲ အလုပ်လုပ်ရပေမယ့် လိုအပ်လာရင် Easter ရက်ရှည်ပိတ်ရက်မှာလည်း အရေးကြီးတဲ့ ဖောက်သည်တွေရဲ့ Project အတွက် အလုပ်လုပ်ရင် လုပ်နေတတ်ပါတယ်တဲ့။

ကဲ ဒါကြောင့် အခရာပရိသတ်ကြီးရော ဒီတစ်ပတ်မှာ ၄ ရက်ပဲ အလုပ်တက်ရတဲ့ အစီအစဉ်ကို ဘယ်လို သဘောရပါသလဲ၊ ကျွန်တော့်အနေနဲ့ကတော့ စည်းမျဉ်းစည်းကမ်းတွေ ပြောင်းလွယ်ပြင်လွယ်ရှိတာကို သဘောကျပြီး ဒီအချက်က အလုပ်ပြီးမြောက်မှုနှုန်းကို တိုးတက်စေလိမ့်လို့လည်း ထင်ပါတယ်။

Yoe Lu(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle