ဘယ်လိုပစ္စည်းတွေကို ရေခဲသေတ္တာထဲ ထည့်ထားသင့်တာလဲ

ဘယ်လိုပစ္စည်းတွေကို ရေခဲသေတ္တာထဲ ထည့်ထားသင့်တာလဲ

ရေခဲသေတ္တာဆိုတာ စားစရာသောက်စရာတွေပဲ ထည့်ရမယ်လို့ ဘယ်သူပြောလဲ။ ရေခဲသေတ္တာဆိုတာ အေးခဲထားသင့်တဲ့ပစ္စည်းမှန်သမျှကို ထည့်ထားဖို့ သင့်တော်ပါတယ်။ နောက်ပြီး အခု အရမ်းပူလာတော့ ကောင်မလေးတွေရဲ့ Beauty Product တွေကိုလည်း အအေးခံထားဖို့လိုအပ်ပါတယ်။ Skincare နဲ့ Cosmetics တော်တော်များများဟာ အပူချိန်ကို တွန်းလှန်နိုင်စွမ်းမရှိကြပါဘူး။ သူတို့ရဲ့ Remark တွေကို သေချာဖတ်ကြည့်မယ်ဆိုရင်လည်း ပစ္စည်းတိုင်းလိုလိုမှာ နေရောင်တိုက်ရိုက်ကျတဲ့နေရာနဲ့ အပူချိန်မြင့်မားတဲ့နေရာတွေမှာ မသိမ်းဆည်းဖို့ မှာလေ့ရှိပါတယ်။ ဒါကို သတိမထားမိဘဲ ဆက်ထားနေဦးမယ်ဆိုရင် အာနိသင်ပြောင်းလဲလာမှာဖြစ်သလို မထင်မှတ်ဘဲ ဒိတ်လွန်သလို အနံ့ပြောင်း၊ အရောင်ပြောင်းပြီး ပစ်ရပါဦးမယ်။ ဒီတော့ ကောင်မလေးတွေရဲ့ များပြားလှသော အလှအပပစ္စည်းတွေကြားထဲမှာမှ ဘယ်လိုပစ္စည်းတွေကို ရေခဲသေတ္တာထဲ ထည့်သိမ်းရမလဲဆိုတာ ပြောပြချင်ပါတယ်။

Eye Cream and Gel
Eye Cream နဲ့ Gel တွေကို အအေးခံထားဖို့ လိုအပ်ပါတယ်။ အပူချိန်ပြင်းတာတွေကို ပါဝင်ပစ္စည်းတွေက ဒဏ်မခံနိုင်ပါဘူး။ ဒါကြောင့် Eye Cream ၊ Aloe Vera Gel အပါအဝင် တခြား Cream တွေကိုပါ ရေခဲသေတ္တာထဲ ထည့်သိမ်းထားဖို့ မမေ့ပါနဲ့။ အထူးသဖြင့် အခုလို ပူပြင်းတဲ့အချိန်တွေမှာပေါ့။

Sunscreen
Sunscreen တွေဟာ နေအပူချိန်ပြင်းပြင်းနဲ့ ထိတွေ့မိမယ်ဆိုရင် SPF အကျိုးသက်ရောက်မှုနှုန်းတွေဟာလည်း ကျဆင်းလာတော့မှာပါ။ တစ်ခေါက်နဲ့ တစ်ခေါက် လိမ်းရတဲ့ အကျိုးအာနိသင်ချင်းမတူဘူး၊ မကောင်းတော့ဘူးဆိုတာဟာ အပူချိန်ကြောင့် ဖြစ်ဖို့များပါတယ်။

Nail Polish
လက်သည်းနီဆိုးဆေးတွေဟာ ပူလာတာနဲ့အမျှ ပျစ်လာပါတယ်။ ပျစ်နေတဲ့လက်သည်းနီတွေကို ဆိုးလိုက်ရင် ဘယ်လိုစိတ်ဆင်းရဲဖို့ကောင်းလဲဆိုတာ မိန်းကလေးတိုင်း သိကြပါတယ်။ ပြီးတော့ တစ်ခါတလေကျရင် အရောင်တွေပါ ပြောင်းလာတာမျိုး ဖြစ်တတ်ပါတယ်။ ရေခဲသေတ္တာထဲမှာ ထားဖို့ဆိုရင် လက်သည်းနီပုလင်းတွေလည်း ထည့်ရပါလိမ့်မယ်။

Perfume
နောက်တစ်မျိုးကတော့ ရေမွှေးပါပဲ။ ရေမွှေးတွေဟာ နေရောင်နဲ့ အပူထိလို့မရတဲ့ အရေးကြီးတဲ့ပစ္စည်းတွေပါ။ ဈေးကြီးပေးဝယ်ထားရပြီးမှ ပျက်စီးသွားရင် စိတ်ပျက်စရာပါ။ နေပူလာတာနဲ့အမျှ ရေမွှေးတွေဟာ ခမ်းသွားနိုင်သလို၊ အနံ့ပြယ်သွားတာမျိုးတွေနဲ့ ကြာရှည်မခံနိုင်တာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။

Liquid Makeup
ခြုံပြောရမယ်ဆိုရင် အရည်ပုံစံမိတ်ကပ်ပစ္စည်းတွေနဲ့ Skincare ပစ္စည်းတွေတိုင်းလိုလိုဟာ အအေးခံထားသင့်ပါတယ်။ နေပူနဲ့ မထိလေ ကောင်းလေမို့လို့ ရေခဲသေတ္တာထဲမှာပဲ သိမ်းပါ။ အပူမခံသင့်ပါဘူးနော်။ အထူးသဖြင့် ဖွင့်ထားပြီးသားမိတ်ကပ်ပစ္စည်းတွေအတွက်ဆို ပိုလို့ ဂရုစိုက်သင့်ပါတယ်နော်။

Face Mask
Face Mask တွေကတော့ အေးအေးလေးမှ မျက်နှာပေါ်တင်လို့ကောင်းတာပါ။ ရေဓာတ်ပြည့်နေတဲ့ Sheet Mask အေးအေးလေးတွေ ဖြစ်နေဖို့ဆိုတာ ရေခဲသေတ္တာထဲမှာ ထည့်ထားမှ ရနိုင်ပါလိမ့်မယ်နော်။

Natural Beauty Product
Organic ဖြစ်ပြီး သဘာဝပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ အလှအပပစ္စည်းတိုင်းဟာ Preservatives ၊ Parabens နဲ့ Sulfates ဆိုတဲ့ ဓာတုပစ္စည်းတွေမပါဝင်တာကြောင့် တခြားပစ္စည်းတွေလို ကြာရှည်မခံပါဘူး။ ဒါကြောင့် ပိုပြီး ဂရုတစိုက်ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ Natural Beauty Product တွေကို အချိန်ကြာရှည်ခံအောင် ထိန်းသိမ်းဖို့စဉ်းစားတဲ့အခါ အေးစိမ့်တဲ့နေရာမှာ ထားရှိဖို့က အရေးကြီးပါတယ်။

နေအရမ်းပူလာပြီနော်။ အခုပြောခဲ့တဲ့ပစ္စည်းတွေကို ရေခဲသေတ္တာထဲ ပြေးထည့်ဖို့ လိုအပ်နေပါပြီနော်။ ပေါ့ပေါ့ဆဆမနေသင့်ပါဘူး။ အခုပဲ ထည့်လိုက်ပါတော့။

Moethaesay (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle